fbpx

ညနေခင်းသတင်းတိုများ

(Picture: Getty)

Unicode

ဂျိုဗစ်ကို ခေါ်ယူရန် ပြင်ဆင်လာပြီဆိုတဲ့ ယူနိုက်တဒ်

(Picture: Getty)

မန်ချက်စတာယူနိုက်တဒ် အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးနေတဲ့ လူကာဂျိုဗစ် ရဲ့ အခြေအနေကို အကဲခတ်နေပြီး အဆိုပါ တိုက်စစ်မှူးကို ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်းသိရပါတယ်။
အဆိုပါ အသက် ၂၁ နှစ်အရွယ် ဆားဘီးယား လက်ရွေးစင် ကစားသမားဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၁ဂိုးသာ သွင်းယူထားနိုင်ပြီး အသင်းနည်းပြ ဇီဒန်း လက်အောက်မှာ ပွဲထွက်ခွင့်ဆုံးရှုံးနေခဲ့တာဖြစ်ပါတယ်။ ယူနိုက်တဒ် အနေနဲ့ကလည်း ဟာလန်းကို ခေါ်ယူရန် ပစ်မှတ်ထားနေသော်လည်း ရီးရဲလ်မက်ဒရစ်အသင်းက အခုနှစ်နွေရာသီအပြောင်းအရွေ့တွင် ဖရန့်ဘတ် အသင်းက ပြောင်းရွေ့ကြေးပေါင် ၆၂ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဂျိုဗစ် ကို အခြေအနေ စောင့်ကြည့်လျက်ရှိနေတာဖြစ်ပါတယ်။

အင်တာ သို့ပြောင်းရွေ့ဖွယ် ရှိနေတဲ့ မာတစ်

(Picture: Getty)

မန်ချက်စတာယူနိုက်တဒ် ကွင်းလယ်လူ မာတစ် တစ်ယောက် အခုလာမယ့် ဇန်နဝါရီ အပြောင်းအရွေ့စတင်ချိန်မှာ အသင်းကနေ ထွက်ခွာသွားဖွယ်ရှိနေပြီး အင်တာမီလန်အသင်းက ခေါ်ယူရန် စောင့်ကြည့်လျက်ရှိနေတယ်လို့ဆိုပါတယ်။ Telegraph ရဲ့သတင်းတစ်ပုဒ်အရတော့ မာတစ် နဲ့ ယူနိုက်တဒ် ရဲ့ စာချုပ်ဟာ အခုနွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပြီး
အသင်းဘက်ကလည်း စာချုပ်ထပ်မံသက်တမ်းတိုးရန် ပြင်ဆင်ထားခြင်းမရှိသောကြောင့် အီတလီကလပ် အင်တာမီလန် အသင်း နည်းပြ ကွန်တီ ဟာ မာတစ်ကို ခေါ်ယူရန် ပြင်ဆင်လာခဲ့ခြင်းဖြစ်ပါတယ်။ မာတစ်ကတော့ အခုဘောလုံးရာသီမှာ ဒါဏ်ရာပြသနာများနဲ့ကြုံတွေ့နေရပြီး ဒါဏ်ရာကနေပြန်လည်သက်သာလာခဲ့အခါမှာလည်း အသင်းရဲ့ကွင်းလယ်တွင်
ဖရက်ဒ် နှင့် တော်မီနေး တို့က ယူနိုက်တဒ်အတွက် အကောင်းဆုံးပုံစံတချို့ကို ပြသနေခဲ့ခြင်းကြောင့် ပုံမှန်ပွဲထွက်ခွင့် မရပဲ အခုလို အသင်းကနေပြောင်းရွေ့သွားဖွယ်ရှိနေတာဖြစ်ပါတယ်။

ယူနိုက်တဒ်ကနေ ထွက်ခွာသွားတော့မယ့် အသင်းခေါင်းဆောင် အက်ရှလေယန်း

(Picture: Getty)

မန်ချက်စတာယူနိုက်တဒ် အသင်းခေါင်းဆောင် အက်ရှလေယန်းဟာ အသင်းမှာ ၉ နှစ်ကြာ ကစားခဲ့ပြီးနောက်မှာတော့ အခုလာမယ့်ဘောလုံးရာသီ အကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်းထပ်မံ ချုပ်ဆိုမှာ မဟုတ်တော့ပဲ အသင်းက ထွက်ခွာခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ ယန်း ဟာ ဆာအဲလက်စ်ဖာဂူဆန် ၊ မိုယက်စ် ၊ ဂစ် ၊ ဗန်ဟားလ် ၊ မော်ရင်ဟို ၊ ဆိုးလ်ရှား အစရှိသတဲ့ ယူနိုက်တဒ် နည်းပြ ၆ ယောက် လက်အောက်မှာ အလျဉ်းသင့်သလို နေရာပေါင်းစုံကနေ အသုံးတော်ခံရင်း အခုချိန်မှာတော့ အသင်းကနေ ထွက်ခွာဖို့အချိန်ကျရောက်လာခဲ့တာဖြစ်ပါတယ်။
ESPN ရဲ့တင်ပြချက်အရတော့ ယန်း အနေနဲ့ အခြားအသင်း တစ်သင်းသို့ပြောင်းရွေ့ရန်အတွက် စကားပြောဆိုမှုများရှိနေပြီး သူ နဲ့ ယူနိုက်တဒ် ရဲ့ စာချုပ်ကလည်း အခုနှစ်ဘောလုံးရာသီမှာကုန်ဆုံးမှာဖြစ်ပါတယ်။အသက် 34 နှစ်အရွယ် ကစားသမားဟာ ယူနိုက်တဒ် အသင်းအတွက် ၁၉၁ ပွဲ ကစားပြီး ၁၅ ဂိုးသွင်းယူပေးထားတဲ့သူ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ်အသင်း တချို့နဲ့ ချန်ပီယံရှစ် ကလပ်အသင်းတချို့က ခေါ်ယူရန်စိတ်ဝင်စားမှုများ ရှိနေတယ်လို့ သတင်းများထွက်ပေါ်နေခဲ့ပေမယ့်လည်း ယန်း ကတော့ အင်္ဂလန်ပြင်ပ ကလပ်အသင်းတစ်သင်းသင်းသို့သာ ထွက်ခွာ ကစားဖွယ်ရှိနေပါတယ်။

Zawgyi

ဂ်ိဳဗစ္ကို ေခၚယူရန္ ျပင္ဆင္လာၿပီဆိုတဲ့ ယူနိုက္တဒ္

(Picture: Getty)

မန္ခ်က္စတာယူနိုက္တဒ္ အသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ဆုံးရႈံးေနတဲ့ လူကာဂ်ိဳဗစ္ ရဲ့ အေျခအေနကို အကဲခတ္ေနၿပီး အဆိုပါ တိုက္စစ္မႉးကို ေခၚယူရန္ စိတ္ဝင္စားလ်က္ရွိေၾကာင္းသိရပါတယ္။အဆိုပါ အသက္ ၂၁ ႏွစ္အရြယ္ ဆားဘီးယား လက္ေရြးစင္ ကစားသမားဟာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ၁ဂိုးသာ သြင္းယူထားနိုင္ၿပီး အသင္းနည္းၿပ ဇီဒန္း လက္ေအာက္မွာ ပြဲထြက္ခြင့္ဆုံးရႈံးေနခဲ့တာျဖစ္ပါတယ္။ ယူနိုက္တဒ္ အေနနဲ႔ကလည္း ဟာလန္းကို ေခၚယူရန္ ပစ္မွတ္ထားေနေသာ္လည္း ရီးရဲလ္မက္ဒရစ္အသင္းက အခုႏွစ္ေႏြရာသီအေျပာင္းအေရြ႕တြင္ ဖရန႔္ဘတ္ အသင္းက ေျပာင္းေရြ႕ေၾကးေပါင္ ၆၂ သန္းနဲ႔ ေခၚယူခဲ့တဲ့ ဂ်ိဳဗစ္ ကို အေျခအေန ေစာင့္ၾကည့္လ်က္ရွိေနတာျဖစ္ပါတယ္။

အင္တာ သို႔ေျပာင္းေရြ႕ဖြယ္ ရွိေနတဲ့ မာတစ္

(Picture: Getty)

မန္ခ်က္စတာယူနိုက္တဒ္ ကြင္းလယ္လူ မာတစ္ တစ္ေယာက္ အခုလာမယ့္ ဇန္နဝါရီ အေျပာင္းအေရြ႕စတင္ခ်ိန္မွာ အသင္းကေန ထြက္ခြာသြားဖြယ္ရွိေနၿပီး အင္တာမီလန္အသင္းက ေခၚယူရန္ ေစာင့္ၾကည့္လ်က္ရွိေနတယ္လို႔ဆိုပါတယ္။ Telegraph ရဲ့သတင္းတစ္ပုဒ္အရေတာ့ မာတစ္ နဲ႔ ယူနိုက္တဒ္ ရဲ့ စာခ်ဳပ္ဟာ အခုေႏြရာသီမွာ ကုန္ဆုံးမွာ ျဖစ္ၿပီး
အသင္းဘက္ကလည္း စာခ်ဳပ္ထပ္မံသက္တမ္းတိုးရန္ ျပင္ဆင္ထားျခင္းမရွိေသာေၾကာင့္ အီတလီကလပ္ အင္တာမီလန္ အသင္း နည္းၿပ ကြန္တီ ဟာ မာတစ္ကို ေခၚယူရန္ ျပင္ဆင္လာခဲ့ျခင္းျဖစ္ပါတယ္။ မာတစ္ကေတာ့ အခုေဘာလုံးရာသီမွာ ဒါဏ္ရာျပသနာမ်ားနဲ႔ၾကဳံေတြ႕ေနရၿပီး ဒါဏ္ရာကေနျပန္လည္သက္သာလာခဲ့အခါမွာလည္း အသင္းရဲ့ကြင္းလယ္တြင္
ဖရက္ဒ္ ႏွင့္ ေတာ္မီေနး တို႔က ယူနိုက္တဒ္အတြက္ အေကာင္းဆုံးပုံစံတခ်ိဳ႕ကို ျပသေနခဲ့ျခင္းေၾကာင့္ ပုံမွန္ပြဲထြက္ခြင့္ မရပဲ အခုလို အသင္းကေနေျပာင္းေရြ႕သြားဖြယ္ရွိေနတာျဖစ္ပါတယ္။

ယူနိုက္တဒ္ကေန ထြက္ခြာသြားေတာ့မယ့္ အသင္းေခါင္းေဆာင္ အက္ရွေလယန္း

(Picture: Getty)

မန္ခ်က္စတာယူနိုက္တဒ္ အသင္းေခါင္းေဆာင္ အက္ရွေလယန္းဟာ အသင္းမွာ ၉ ႏွစ္ၾကာ ကစားခဲ့ၿပီးေနာက္မွာေတာ့ အခုလာမယ့္ေဘာလုံးရာသီ အကုန္တြင္ အသင္းႏွင့္စာခ်ဳပ္သက္တမ္းထပ္မံ ခ်ဳပ္ဆိုမွာ မဟုတ္ေတာ့ပဲ အသင္းက ထြက္ခြာခြင့္ေပးလိုက္ၿပီျဖစ္ပါတယ္။ ယန္း ဟာ ဆာအဲလက္စ္ဖာဂူဆန္ ၊ မိုယက္စ္ ၊ ဂစ္ ၊ ဗန္ဟားလ္ ၊ ေမာ္ရင္ဟို ၊ ဆိုးလ္ရွား အစရွိသတဲ့ ယူနိုက္တဒ္ နည္းၿပ ၆ ေယာက္ လက္ေအာက္မွာ အလ်ဥ္းသင့္သလို ေနရာေပါင္းစုံကေန အသုံးေတာ္ခံရင္း အခုခ်ိန္မွာေတာ့ အသင္းကေန ထြက္ခြာဖို႔အခ်ိန္က်ေရာက္လာခဲ့တာျဖစ္ပါတယ္။
ESPN ရဲ့တင္ျပခ်က္အရေတာ့ ယန္း အေနနဲ႔ အျခားအသင္း တစ္သင္းသို႔ေျပာင္းေရြ႕ရန္အတြက္ စကားေျပာဆိုမႈမ်ားရွိေနၿပီး သူ နဲ႔ ယူနိုက္တဒ္ ရဲ့ စာခ်ဳပ္ကလည္း အခုႏွစ္ေဘာလုံးရာသီမွာကုန္ဆုံးမွာျဖစ္ပါတယ္။အသက္ 34 ႏွစ္အရြယ္ ကစားသမားဟာ ယူနိုက္တဒ္ အသင္းအတြက္ ၁၉၁ ပြဲ ကစားၿပီး ၁၅ ဂိုးသြင္းယူေပးထားတဲ့သူ ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ ကလပ္အသင္း တခ်ိဳ႕နဲ႔ ခ်န္ပီယံရွစ္ ကလပ္အသင္းတခ်ိဳ႕က ေခၚယူရန္စိတ္ဝင္စားမႈမ်ား ရွိေနတယ္လို႔ သတင္းမ်ားထြက္ေပၚေနခဲ့ေပမယ့္လည္း ယန္း ကေတာ့ အဂၤလန္ျပင္ပ ကလပ္အသင္းတစ္သင္းသင္းသို႔သာ ထြက္ခြာ ကစားဖြယ္ရွိေနပါတယ္။