fbpx

လက်စတာရဲ့ မက်ဒီဆင်ကို တကယ်ကမ်းလှမ်းရင် တကယ်ရောက်နိုင်တယ်

(Picture: Getty)

Unicode

ယူနိုက်တဒ် ရဲ့ကမ်းလှမ်းမှုသာ လက်စတာစီးတီး ဆီ ရောက်ရှိခဲ့မယ်ဆိုရင်တော့ မက်ဒီဆင် ရဲ့ အပြောင်းအရွေ့ဟာ အမှန်တကယ်ဖြစ်ပေါ်လာနိုင်ပါတယ်လို့ ဒန်နီမာဖီ ပြောကြားခဲ့ပါတယ်။

(Picture: Getty)

မက်ဒီဆင်ဟာ ယူနိုက်တဒ်အသင်းကို ငယ်စဉ်ကတည်းက အားပေးလာခဲ့တဲ့ပရိတ်သတ်တစ်ဦးဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် ကွင်းလယ်တိုက်စစ် ကစားသမားဟာ ကျောနံပါတ် ၁၀ နေရာအတွက် လိုအပ်နေတဲ့ ယူနိုက်တဒ်သို့ပြောင်းရွေ့ရန် ရေပန်းစားလာခဲ့တဲ့အချိန်မှာတော့ ဒန်နီမာဖီက အခုလိုပြောကြားခဲ့တာပါ။ အသင်းနည်းပြ ဆိုးလ်ရှား ရဲ့ ကစားကွက်မှာ လိုအပ်နေတဲ့ ကွင်းလယ်လူတစ်ယောက်ဖြစ်တာနဲ့အညီ ယူနိုက်တဒ် အနေနဲ့လည်း အခုဆောင်းရာသီအပြောင်းအရွေ့မှာ ခေါ်ယူရန် မဖြစ်နိုင်ခဲ့ပါက လာမယ့်နွေရာသီအပြောင်းအရွေ့မှာတော့ မက်ဒီဆင်ကို ယူနိုက်တဒ်သို့ ရအောင်ခေါ်ယူသွားမယ်လို့ သိရပါတယ်။ မက်ဒီဆင်အနေနဲ့ကလည်း လက်စတာစီးတီး အသင်းမှာ စာချုပ်သက်တမ်းတိုးမြင့်ရန် ပြင်ဆင်နေတယ်လို့သတင်းများထွက်ပေါ်လာခဲ့သလို လက်စတာအသင်းနည်းပြ ရော်ဂျာအနေနဲ့လည်း အခုနှစ် ပရီးမီးယားလိဂ်တွင် ရလဒ်ကောင်းများ ရရှိနေပြီးနောက် ဘောလုံးရာသီပြီးဆုံးချိန်တွင် အမှတ်ပေးဇယား အဆင့် ၄ အတွင်း ဝင်ရောက်ပြီး ချန်ပီယံလိဂ်ကို တိုက်ရိုက်ဝင်ခွင့်ရအောင် ကြိုးစားနေတာဖြစ်ပါတယ်။

အခုချိန်မှာတော့ မက်ဒီဆင် ရဲ့ လက်စတာစီးတီးဟာ အမှတ်ပေးဇယား အဆင့် ၃ နေရာတွင်ရပ်တည်နေပြီး ယူနိုက်တဒ် ကို ၁၄ မှတ်ဖြတ်ထားနိုင်ခဲ့ပြီဖြစ်သော်လည်း ယူနိုက်တဒ်သာ အမှန်တကယ်ခေါ်ယူခဲ့မယ်ဆိုပါက မက်ဒီဆင်ဟာ အသင်းပြောင်းရွေ့သွားဖွယ်ရှိနေတယ်လို့ ပြောကြားခဲ့တာပါ။ အင်္ဂလန်လက်ရွေးစင် ကစားသမားလည်း ဖြစ်တဲ့မက်ဒီဆင်အတွက် မန်ချက်စတာယူနိုက်တဒ်ဟာ လုံလောက်တဲ့ ကမ်းလှမ်းမှုမျိူးနဲ့အတူ လက်စတာစီးတီးကို ကမ်းလှမ်းခဲ့မယ်ဆိုရင်တော့ ယူနိုက်တဒ် ရဲ့ လိုအပ်နေတဲ့ ကွင်းလယ်ကစားသမားနေရာကို မရရအောင် ဖြည့်ဆည်းသွားနိုင်လိမ့်မှာဖြစ်တယ်လို့ဆိုပါတယ်။ လက်စတာနည်းပြ ရော်ဂျာကတော့ သူ့ရဲ့ ကစားသမားကို အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားရန် ဆန္ဒရှိနေသော်လည်း မက်ဒီဆင်အနေနဲ့ကတော့ စာချုပ်သစ်ထပ်မံချုပ်ဆိုပါ့မလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေခဲ့ပါတယ်။

(Picture: Getty)

လက်စတာအသင်း ရဲ့ အခြေအနေတွေကို မေးမြန်းခဲ့ရာမှာတော့ ရော်ဂျာက ” အခုချိန်မှာတော့ လက်စတာတစ်သင်းလုံးဟာစည်းလုံးမှု အားကောင်းကောင်းနဲ့ အသင်းရဲ့ အနိုင်ရလဒ်တွေရရှိအောင် ကြိုးစားပြီး အမှတ်ပေးဇယားထိပ်ကနေ မဆင်းရအောင် ကြိုးစားနေကြပါတယ်။ ကလပ်အသင်းရဲ့ ရည်မှန်းချက်ကလည်း နောက်နှစ်ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာအတွက်ဖြစ်ပြီး ဒီ ရည်မှန်းချက်ကိုလည်း အသင်းသားတွေအားလုံးက ရောက်ရှိအောင် အတူတကွကြိုးစားနေကြပါတယ် ” လို့ဆိုပါတယ်။

Zawgyi

ယူနိုက္တဒ္ ရဲ့ကမ္းလွမ္းမႈသာ လက္စတာစီးတီး ဆီ ေရာက္ရွိခဲ့မယ္ဆိုရင္ေတာ့ မက္ဒီဆင္ ရဲ့ အေျပာင္းအေရြ႕ဟာ အမွန္တကယ္ျဖစ္ေပၚလာနိုင္ပါတယ္လို႔ ဒန္နီမာဖီ ေျပာၾကားခဲ့ပါတယ္။

မက္ဒီဆင္ဟာ ယူနိုက္တဒ္အသင္းကို ငယ္စဥ္ကတည္းက အားေပးလာခဲ့တဲ့ပရိတ္သတ္တစ္ဦးျဖစ္ၿပီး အသက္ ၂၃ ႏွစ္အရြယ္ ကြင္းလယ္တိုက္စစ္ ကစားသမားဟာ ေက်ာနံပါတ္ ၁၀ ေနရာအတြက္ လိုအပ္ေနတဲ့ ယူနိုက္တဒ္သို႔ေျပာင္းေရြ႕ရန္ ေရပန္းစားလာခဲ့တဲ့အခ်ိန္မွာေတာ့ ဒန္နီမာဖီက အခုလိုေျပာၾကားခဲ့တာပါ။ အသင္းနည္းၿပ ဆိုးလ္ရွား ရဲ့ ကစားကြက္မွာ လိုအပ္ေနတဲ့ ကြင္းလယ္လူတစ္ေယာက္ျဖစ္တာနဲ႔အညီ ယူနိုက္တဒ္ အေနနဲ႔လည္း အခုေဆာင္းရာသီအေျပာင္းအေရြ႕မွာ ေခၚယူရန္ မျဖစ္နိုင္ခဲ့ပါက လာမယ့္ေႏြရာသီအေျပာင္းအေရြ႕မွာေတာ့ မက္ဒီဆင္ကို ယူနိုက္တဒ္သို႔ ရေအာင္ေခၚယူသြားမယ္လို႔ သိရပါတယ္။ မက္ဒီဆင္အေနနဲ႔ကလည္း လက္စတာစီးတီး အသင္းမွာ စာခ်ဳပ္သက္တမ္းတိုးျမင့္ရန္ ျပင္ဆင္ေနတယ္လို႔သတင္းမ်ားထြက္ေပၚလာခဲ့သလို လက္စတာအသင္းနည္းၿပ ေရာ္ဂ်ာအေနနဲ႔လည္း အခုႏွစ္ ပရီးမီးယားလိဂ္တြင္ ရလဒ္ေကာင္းမ်ား ရရွိေနၿပီးေနာက္ ေဘာလုံးရာသီၿပီးဆုံးခ်ိန္တြင္ အမွတ္ေပးဇယား အဆင့္ ၄ အတြင္း ဝင္ေရာက္ၿပီး ခ်န္ပီယံလိဂ္ကို တိုက္ရိုက္ဝင္ခြင့္ရေအာင္ ႀကိဳးစားေနတာျဖစ္ပါတယ္။

(Picture: Getty)

အခုခ်ိန္မွာေတာ့ မက္ဒီဆင္ ရဲ့ လက္စတာစီးတီးဟာ အမွတ္ေပးဇယား အဆင့္ ၃ ေနရာတြင္ရပ္တည္ေနၿပီး ယူနိုက္တဒ္ ကို ၁၄ မွတ္ျဖတ္ထားနိုင္ခဲ့ၿပီျဖစ္ေသာ္လည္း ယူနိုက္တဒ္သာ အမွန္တကယ္ေခၚယူခဲ့မယ္ဆိုပါက မက္ဒီဆင္ဟာ အသင္းေျပာင္းေရြ႕သြားဖြယ္ရွိေနတယ္လို႔ ေျပာၾကားခဲ့တာပါ။ အဂၤလန္လက္ေရြးစင္ ကစားသမားလည္း ျဖစ္တဲ့မက္ဒီဆင္အတြက္ မန္ခ်က္စတာယူနိုက္တဒ္ဟာ လုံေလာက္တဲ့ ကမ္းလွမ္းမႈမ်ိဴးနဲ႔အတူ လက္စတာစီးတီးကို ကမ္းလွမ္းခဲ့မယ္ဆိုရင္ေတာ့ ယူနိုက္တဒ္ ရဲ့ လိုအပ္ေနတဲ့ ကြင္းလယ္ကစားသမားေနရာကို မရရေအာင္ ျဖည့္ဆည္းသြားနိုင္လိမ့္မွာျဖစ္တယ္လို႔ဆိုပါတယ္။ လက္စတာနည္းၿပ ေရာ္ဂ်ာကေတာ့ သူ႔ရဲ့ ကစားသမားကို အသင္းမွာ ဆက္လက္ထိန္းသိမ္းသြားရန္ ဆႏၵရွိေနေသာ္လည္း မက္ဒီဆင္အေနနဲ႔ကေတာ့ စာခ်ဳပ္သစ္ထပ္မံခ်ဳပ္ဆိုပါ့မလားဆိုတာကလည္း စိတ္ဝင္စားဖို႔ေကာင္းေနခဲ့ပါတယ္။

လက္စတာအသင္း ရဲ့ အေျခအေနေတြကို ေမးျမန္းခဲ့ရာမွာေတာ့ ေရာ္ဂ်ာက ” အခုခ်ိန္မွာေတာ့ လက္စတာတစ္သင္းလုံးဟာစည္းလုံးမႈ အားေကာင္းေကာင္းနဲ႔ အသင္းရဲ့ အနိုင္ရလဒ္ေတြရရွိေအာင္ ႀကိဳးစားၿပီး အမွတ္ေပးဇယားထိပ္ကေန မဆင္းရေအာင္ ႀကိဳးစားေနၾကပါတယ္။ ကလပ္အသင္းရဲ့ ရည္မွန္းခ်က္ကလည္း ေနာက္ႏွစ္ခ်န္ပီယံလိဂ္ ဝင္ခြင့္ တစ္ေနရာအတြက္ျဖစ္ၿပီး ဒီ ရည္မွန္းခ်က္ကိုလည္း အသင္းသားေတြအားလုံးက ေရာက္ရွိေအာင္ အတူတကြႀကိဳးစားေနၾကပါတယ္ ” လို႔ဆိုပါတယ္။