fbpx

မန်ချက်စတာယူနိုက်တဒ်ကို မရွေးချယ်ရန် ဟာလန်းရဲ့အေးဂျင့်ဖြစ်သူ ပြောကြား

(Picture: Getty)

Unicode

ဟာလန်း ရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာ ဟာ ၎င်းရဲ့ကစားသမားကို မန်ချက်စတာယူနိုက်တဒ်ကို ရွေးချယ်ခြင်းထက် အခြားဥရောပ အင်အားကြီး ကလပ်အသင်းကြီးများသို့သာ ရွေးချယ်ရန် အကြံပြုပြောကြားထားတယ်လို့ Metro က ဆိုပါတယ်။

(Picture: Getty)

အသက် ၁၉ နှစ်အရွယ် ဟာလန်း ရဲ့အပြောင်းအရွေ့ဟာ အခုလာမယ့် ဆောင်းရာသီအပြောင်းအရွေ့အပြင် လာမယ့်နွေရာသီအပြောင်းအရွေ့မှာပါ ရိုက်ခတ်လာအုန်းမယ့် မုန်တိုင်းတစ်ခုလို ဖြစ်နေပါတယ်။ ဥရောပ ကလပ်အသင်းကြီး တစ်ချို့ရဲ့ ခေါ်ယူရန်စိတ်ဝင်စားခြင်းခံနေရတဲ့ လူငယ်ကစားသမားဟာ အသင်းကြီးတော်တော်များများရဲ့ အာရုံစိုက်စောင့်ကြည့်ခြင်းကိုခံနေရပါတယ်။ ဆဲလ်ဘတ် အသင်းအတွက် အခုနှစ်ဘောလုံးရာသီမှာ ၂၁ ပွဲ ကစားပေးထားပြီး ၂၈ ဂိုးသွင်းယူထားနိုင်တဲ့ ဂိုးသွင်းစက် လူငယ်တိုက်စစ်မှူးကို ဥရောပ ကလပ်အသင်းကြီးတော်တော်များများဖြစ်တဲ့ ရီးရဲလ် ၊ ဘိုင်ယန် ၊ ဂျူဗင်တပ်တို့ကလည်း ခေါ်ယူရန် စောင့်ကြည့်နေလျက်ရှိပါတယ်။

(Picture: Getty)

ဟာလန်း ကတော့ ယူနိုက်တဒ် ရဲ့ အဓိက စောင့်ကြည့်နေတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့အပြင် ဆိုးလ်ရှားနဲ့အတူ မိုလ်ဒီ အသင်းမှာ လက်တွဲဖူးတဲ့ ဆက်ဆံရေးကောင်းများလည်း ရှိထားတာကြောင့် အခုနှစ် ဆောင်းရာသီ အပြောင်းအရွေ့မှာ တစ်ခုခု ထွက်ပေါ်လာမလားလို့ မျှော်လင့်လျက်ရှိနေကြပါတယ်။ ပြီးခဲ့တဲ့အပတ်က ထွက်ပေါ်လာတဲ့ သတင်းများအရတော့ ဇန်နဝါရီအပြောင်းအရွေ့ကာလအတွင်း ဟာလန်းကို ခေါ်ယူရန် အတွက် စာချုပ် ဖျက်သိမ်းကြေး အဖြစ် ဆဲလ်ဘတ် အသင်းအား ယူနိုက်တဒ်အနေဖြင့် ပေါင် ၁၇ သန်း ခန့်သာ ပေးချေရဖွယ်ရှိနေတယ်လို့သိရပါတယ်။

The Athletic ရဲ့သတင်းအရတော့ ဟာလန်း ရဲ့ အေးဂျင့် ရွိုင်းအိုလာ ဟာ ၎င်းရဲ့ကစားသမားရဲ့ အနာဂါတ်အတွက် ယူနိုက်တဒ် အသင်းကို ရွေးချယ်မယ့်အစား အခြားဥရောပ အသင်းများကို သာ ရွေးချယ်ရန် အကြံပြုပြောကြားထားတယ်လို့ဆိုပါတယ်။ ဟာလန်း အနေနဲ့လည်း သူရဲ့ အနာဂတ် နဲ့ပတ်သတ်ပြီး ” အခုချိန်မှာတော့ ကျနော့်ရဲ့ လက်ရှိ ဆဲလ်ဘတ် ကစားသမားဘဝကိုပဲ ကျနော် အာရုံစိုက်ထားပြီး ချန်ပီယံလိဂ် အတွက် အကောင်းဆုံးပြင်ဆင်နေတယ်လို့ဆိုပါတယ်။ ကျနော် ဘောလုံးကစားရတာကိုပဲ သဘောကျတယ် ” လို့ ပြောသွားပါတယ်။

(Picture: Getty)

မနေ့ညက ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးအဆင့်ပွဲစဉ်တွေမှာတော့ ဆဲလ်ဘတ် အသင်း နဲ့ လီဗာပူးလ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ လီဗာပူးလ် အသင်းက (၂-၀) ဖြင့်အနိုင်ရရှိသွားပါတယ်။အဆိုပါ ပွဲစဉ်ကိုတော့ ယူနိုက်တဒ်အသင်းရဲ့ ဘောလုံးကင်းထောက်ချုပ် ဖြစ်သူ Marcel Bout သွားရောက် ကြည့်ရှုခဲ့ပြီး ဟာလန်း ရဲ့ ခြေစွမ်းကို သွားရောက်လေ့လာစောင့်ကြည့်ခဲ့တယ်လို့သိရပါတယ်။

Zawgyi

ဟာလန္း ရဲ့ ေအးဂ်င့္ျဖစ္သူ ရြိဳင္းအိုလာ ဟာ ၎ရဲ့ကစားသမားကို မန္ခ်က္စတာယူနိုက္တဒ္ကို ေရြးခ်ယ္ျခင္းထက္ အျခားဥေရာပ အင္အားႀကီး ကလပ္အသင္းႀကီးမ်ားသို႔သာ ေရြးခ်ယ္ရန္ အႀကံျပဳေျပာၾကားထားတယ္လို႔ Metro က ဆိုပါတယ္။

(Picture: Getty)

အသက္ ၁၉ ႏွစ္အရြယ္ ဟာလန္း ရဲ့အေျပာင္းအေရြ႕ဟာ အခုလာမယ့္ ေဆာင္းရာသီအေျပာင္းအေရြ႕အျပင္ လာမယ့္ေႏြရာသီအေျပာင္းအေရြ႕မွာပါ ရိုက္ခတ္လာအုန္းမယ့္ မုန္တိုင္းတစ္ခုလို ျဖစ္ေနပါတယ္။ ဥေရာပ ကလပ္အသင္းႀကီး တစ္ခ်ိဳ႕ရဲ့ ေခၚယူရန္စိတ္ဝင္စားျခင္းခံေနရတဲ့ လူငယ္ကစားသမားဟာ အသင္းႀကီးေတာ္ေတာ္မ်ားမ်ားရဲ့ အာ႐ုံစိုက္ေစာင့္ၾကည့္ျခင္းကိုခံေနရပါတယ္။ ဆဲလ္ဘတ္ အသင္းအတြက္ အခုႏွစ္ေဘာလုံးရာသီမွာ ၂၁ ပြဲ ကစားေပးထားၿပီး ၂၈ ဂိုးသြင္းယူထားနိုင္တဲ့ ဂိုးသြင္းစက္ လူငယ္တိုက္စစ္မႉးကို ဥေရာပ ကလပ္အသင္းႀကီးေတာ္ေတာ္မ်ားမ်ားျဖစ္တဲ့ ရီးရဲလ္ ၊ ဘိုင္ယန္ ၊ ဂ်ဴဗင္တပ္တို႔ကလည္း ေခၚယူရန္ ေစာင့္ၾကည့္ေနလ်က္ရွိပါတယ္။

ဟာလန္း ကေတာ့ ယူနိုက္တဒ္ ရဲ့ အဓိက ေစာင့္ၾကည့္ေနတဲ့ တိုက္စစ္မႉးတစ္ဦးျဖစ္တဲ့အျပင္ ဆိုးလ္ရွားနဲ႔အတူ မိုလ္ဒီ အသင္းမွာ လက္တြဲဖူးတဲ့ ဆက္ဆံေရးေကာင္းမ်ားလည္း ရွိထားတာေၾကာင့္ အခုႏွစ္ ေဆာင္းရာသီ အေျပာင္းအေရြ႕မွာ တစ္ခုခု ထြက္ေပၚလာမလားလို႔ ေမၽွာ္လင့္လ်က္ရွိေနၾကပါတယ္။ ၿပီးခဲ့တဲ့အပတ္က ထြက္ေပၚလာတဲ့ သတင္းမ်ားအရေတာ့ ဇန္နဝါရီအေျပာင္းအေရြ႕ကာလအတြင္း ဟာလန္းကို ေခၚယူရန္ အတြက္ စာခ်ဳပ္ ဖ်က္သိမ္းေၾကး အျဖစ္ ဆဲလ္ဘတ္ အသင္းအား ယူနိုက္တဒ္အေနျဖင့္ ေပါင္ ၁၇ သန္း ခန႔္သာ ေပးေခ်ရဖြယ္ရွိေနတယ္လို႔သိရပါတယ္။

(Picture: Getty)

The Athletic ရဲ့သတင္းအရေတာ့ ဟာလန္း ရဲ့ ေအးဂ်င့္ ရြိဳင္းအိုလာ ဟာ ၎ရဲ့ကစားသမားရဲ့ အနာဂါတ္အတြက္ ယူနိုက္တဒ္ အသင္းကို ေရြးခ်ယ္မယ့္အစား အျခားဥေရာပ အသင္းမ်ားကို သာ ေရြးခ်ယ္ရန္ အႀကံျပဳေျပာၾကားထားတယ္လို႔ဆိုပါတယ္။ ဟာလန္း အေနနဲ႔လည္း သူရဲ့ အနာဂတ္ နဲ႔ပတ္သတ္ၿပီး ” အခုခ်ိန္မွာေတာ့ က်ေနာ့္ရဲ့ လက္ရွိ ဆဲလ္ဘတ္ ကစားသမားဘဝကိုပဲ က်ေနာ္ အာ႐ုံစိုက္ထားၿပီး ခ်န္ပီယံလိဂ္ အတြက္ အေကာင္းဆုံးျပင္ဆင္ေနတယ္လို႔ဆိုပါတယ္။ က်ေနာ္ ေဘာလုံးကစားရတာကိုပဲ သေဘာက်တယ္ ” လို႔ ေျပာသြားပါတယ္။

မေန႔ညက ကစားခဲ့ၾကတဲ့ ခ်န္ပီယံလိဂ္ အုပ္စုေနာက္ဆုံးအဆင့္ပြဲစဥ္ေတြမွာေတာ့ ဆဲလ္ဘတ္ အသင္း နဲ႔ လီဗာပူးလ္ အသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့ၾကရာ လီဗာပူးလ္ အသင္းက (၂-၀) ျဖင့္အနိုင္ရရွိသြားပါတယ္။အဆိုပါ ပြဲစဥ္ကိုေတာ့ ယူနိုက္တဒ္အသင္းရဲ့ ေဘာလုံးကင္းေထာက္ခ်ဳပ္ ျဖစ္သူ Marcel Bout သြားေရာက္ ၾကည့္ရႈခဲ့ၿပီး ဟာလန္း ရဲ့ ေျခစြမ္းကို သြားေရာက္ေလ့လာေစာင့္ၾကည့္ခဲ့တယ္လို႔သိရပါတယ္။