fbpx

ကွင်းလယ်အင်အားကို ဖြည့်ရန်အတွက် ဆိုးလ်ရှားရဲ့ ပစ်မှတ်ကစားသမား ၂ ဦး

(Picture: Getty)

Unicode

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဘာရဲ့ နေရာတွင် အစားထိုးရန်အတွက် ဗန်ဒါဘစ်ခ်နှင့်ဆောလ် တို့ အား ခေါ်ယူရန်ကြံရွယ်ထားပြီး အဆိုပါ ကစားသမား၂ယောက်ထဲမှ တစ်ယောက် အားခေါ်ယူနိုင်ခဲ့ပါကလာမည့် နွေရာသီအပြောင်းအရွှေ့တွင် ပေါ့ဘာကလက်လွှတ်သွားတော့မယ်လို့သိရပါတယ်။ ပြင်သစ်သားကတော့ မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာလိုနေသူဖြစ်ပြီး ရီးရဲလ်၊ဘာစီလိုနာ နှင့် ဂျူဗင်တဗ်အသင်းတို့မှ
၄င်းအားခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေတာဖြစ်ပါတယ်။

(Picture: Getty)

မန်ချက်စတာယူနိုက်တဒ် အသင်း အနေနဲ့ အက်သလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ဆောလ် ကို ဇန်နဝါရီအပြောင်းအရွေ့မှာ ခေါ်ယူနိုင်လိမ့်မယ်လို့ စပိန်သတင်းဌာနတွေက ဆိုပါတယ်။
အဆိုပါ အသက် ၂၅ နှစ်အရွယ် စပိန် လက်ရွေးစင် ကွင်းလယ်လူကို ဆိုးလ်ရှား ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွေ့ကတည်းက ပြောင်းရွေ့ကြေး ပေါင် ၁၂၀ သန်းကျော်ဖြင့် ခေါ်ယူရန် စီစဉ်ခဲ့ပြီးဖြစ်သော်လည်း ရီးရဲလ်သို့ပြောင်းရွေ့မယ့် ပေါ့ဘာ ရဲ့ အပြောင်းအရွေ့ ပျက်ပြယ်ခဲ့ရလို့ အခုလို နှောင့်နှေးနေခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီ ရဲ့ အသင်းမှာတော့ ဆောလ် ဟာ ပြီးခဲ့တဲ့ နှစ် အပိုင်းတုန်းကတော့ အဓိက ကစားသမားအဖြစ်ရှိခဲ့သော်လည်း အခုချိန်မှာတော့ ဆိုးလ်ရှားသာ အမှန်တကယ်ခေါ်ယူချင်ခဲ့ပါက အပြောင်းအရွေ့ဟာ ဖြစ်ပေါ်လာဖွယ်ရှိနေပါတယ်။

(Picture: Getty)

ယူနိုက်တက်အသင်းအနေနဲ့ အသင်းမှထွက်ခွာလိုနေတဲ့ ပေါ့ဘာအား ထိန်းသိမ်းရန် ကြိုးစားခဲ့သော်လည်း ၄င်းမှအသင်းရဲ့အတက်အကျခြေစွမ်းများကြောင့် အသင်းပြောင်းဖို့ကြံရွယ်နေတာဖြစ်တာကြောင့်
အသင်းမှ စိတ်လက်ထိန်းသိမ်းသွားဖို့ ဆန္ဒမရှိတော့ဘဲ အစားထိုးရန် ကစားသမား ရရှိခဲ့ပါကလက်လွှတ်သွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ သို့သော် မန်ချက်စတာယူနိုက်တက် မှ ခေါ်ယူလိုနေသော ကစားသမား
၂ဦးအနက် အသက် ၂၂ နှစ်အရွယ် ဗန်ဒါဘစ်ခ် ကို ရီးရဲလ်မက်ဒရစ်အသင်းကတော့ ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေပြီး လာမည့်‌နွေရာသီအပြောင်းအရွှေ့တွင် ဘာတွေ ဆက်ဖြစ်မလည်း ဆက်လက်စောင့်ကြည့်သွားရမှာပါ။

Zawgyi

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဘာရဲ့ နေရာတွင် အစာထိုးရန်အတွက် ဗန်ဒါဘစ်ခ်နှင့်ဆောလ် တို့ အား ခေါ်ယူရန်ကြံရွယ်ထားပြီး အဆိုပါ ကစားသမား၂ယောက်ထဲမှ တစ်ယောက် အားခေါ်ယူနိုင်ခဲ့ပါကလာမည့် နွေရာသီအပြောင်းအရွှေ့တွင် ပေါ့ဘာကလက်လွှတ်သွားတော့မယ်လို့သိရပါတယ်။ ပြင်သစ်သားကတော့ မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာလိုနေသူဖြစ်ပြီး ရီးရဲလ်၊ဘာစီလိုနာ နှင့် ဂျူဗင်တဗ်အသင်းတို့မှ၎င်းအားခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေတာဖြစ်ပါတယ်။

(Picture: Getty)


(Picture: Getty)
