fbpx

စမောလင်းကို ခေါ်ယူမယ့်အသင်းတွေထဲ အာဆင်နယ် လည်းပါဝင်

(Picture: Getty)

Unicode

ယူနိုက်တဒ်နောက်ခံလူ စမောလင်းကို ခေါ်ယူရန် အာဆင်နယ်အသင်း လည်း ပြင်ဆင်နေခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

(Picture: Getty)

ယူနိုက်တဒ်အသင်းကနေ ရိုးမားအသင်းသို့အငှားသွားရောက်ကစားနေပြီး ခြေစွမ်းပြ နေတဲ့ နောက်ခံလူ စမောလင်း ကို ခေါ်ယူရန်ပစ်မှတ်ထားနေတဲ့အသင်းများအထဲမှာ အင်တာမီလန် ၊ ဂျူဗင်တပ် တို့အပြင် အာဆင်နယ်အသင်းလည်းပါဝင်နေခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ အခုနှစ်ဘောလုံးရာသီ စတင်ချိန်က ဆိုးလ်ရှားဟာ စမောလင်းကို ရိုးမားအသင်းသို့အငှားဖြင့်သွားရောက်ကစားရန် စေလွှတ်ခဲ့ပြီး အဆိုပါ အသက် ၃၀ နှစ်အရွယ် နောက်ခံလူကို ရိုးမားအသင်းကလည်း အပြီးသတ်ခေါ်ယူရန် အပြင်းအထန်ကြိုးစားနေခဲ့ပြီဖြစ်ပါတယ်။ အခုနှစ်ဘောလုံးရာသီပြီးဆုံးချိန်မှာတော့ ရိုးမားအသင်းက စမောလင်းကို အပြီးသတ်စာချုပ်ဖြင့်ခေါ်ယူထားနိုင်ရန်ပြင်ဆင်နေပြီဖြစ်သော်လည်း စမောလင်းကို ခေါ်ယူမည့်အသင်းများထဲတွင် အာဆင်နယ်အသင်းအနေနဲ့လည်း ၎င်းတို့အသင်းရဲ့ နောက်တန်းခံစစ်ပြသနာကိုဖြေရှင်းရန်အတွက် ပြင်ဆင်လာခဲ့ပြီဖြစ်ပါတယ်။

(Picture: Getty)

စပိန်သတင်းဟာ GDS ရဲ့အဆိုအရတော့ စီးရီးအေ ကလပ်အသင်းများဖြစ်ကြတဲ့ ဂျူဗင် ၊ အင်တာမီလန် အသင်းတို့ဟာလည်း စမောလင်းကို ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေကြပြီး ယူနိုက်တဒ်အသင်းအနေနဲ့ကလည်း စမောလင်းရဲ့ပြောင်းရွေ့ကြေးအတွက် ပေါင် ၁၈ သန်းခန့် တောင်းဆိုသွားဖွယ်ရှိနေပါတယ်။ အခြား သိရှိရတဲ့သတင်းများအရတော့ ဆိုးလ်ရှား ကလည်း စမောလင်းကို ဘောလုံးရာသီကုန်ဆုံးချိန်တွင် ယူနိုက်တဒ် သို့ပြန်လည်ခေါ်ယူသွားမှာဖြစ်ပြီး အသင်းရဲ့ လိုအပ်နေတဲ့နောက်တန်းကို အားဖြည့်မယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က စမောလင်းနှင့်ပတ်သတ်၍ “ခရစ် က စိတ်ချရတဲ့ နောက်ခံလူတစ်ဦးပါ။ တစ်ခါတစ်လေမှာတော့ မတူညီတဲ့ ကစားတဲ့ပုံစံတွေကို သိရှိနိုင်ဖို့အတွက် ချဉ်းကပ်မှုတွေပြုလုပ်ရပါတယ်။ ခရစ်က အဲဒါ စိန်ခေါ်မှုတွေကို လက်ခံခဲ့ပြီး သူ့အတွက်အတွေ့အကြုံကောင်းတွေ ရရှိဖို့အတွက် အသင်းက စီစဉ်တဲ့ ရိုးမား ကို အငှားသွားရောက်ကစားစေခဲ့တာကို လက်ခံခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူ ရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ခြေစွမ်းတဲ့ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်နေတာကိုတွေ့ရလို့ ကျနော်တို့လည်း အရမ်းကို ပျော်ရွှင်မိပါတယ် လို့ ပြောသွားပါတယ်။

Zawgyi

ယူနိုက္တဒ္ေနာက္ခံလူ စေမာလင္းကို ေခၚယူရန္ အာဆင္နယ္အသင္း လည်း ျပင္ဆင္ေနခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။

(Picture: Getty)

ယူနိုက္တဒ္အသင္းကေန ရိုးမားအသင္းသို႔အငွားသြားေရာက္ကစားေနၿပီး ေျခစြမ္းၿပ ေနတဲ့ ေနာက္ခံလူ စေမာလင္း ကို ေခၚယူရန္ပစ္မွတ္ထားေနတဲ့အသင္းမ်ားအထဲမွာ အင္တာမီလန္ ၊ ဂ်ဴဗင္တပ္ တို႔အျပင္ အာဆင္နယ္အသင္းလည္းပါဝင္ေနခဲ့ၿပီျဖစ္တယ္လို႔သိရပါတယ္။ အခုႏွစ္ေဘာလုံးရာသီ စတင္ခ်ိန္က ဆိုးလ္ရွားဟာ စေမာလင္းကို ရိုးမားအသင္းသို႔အငွားျဖင့္သြားေရာက္ကစားရန္ ေစလႊတ္ခဲ့ၿပီး အဆိုပါ အသက္ ၃၀ ႏွစ္အရြယ္ ေနာက္ခံလူကို ရိုးမားအသင္းကလည္း အၿပီးသတ္ေခၚယူရန္ အျပင္းအထန္ႀကိဳးစားေနခဲ့ၿပီျဖစ္ပါတယ္။ အခုႏွစ္ေဘာလုံးရာသီၿပီးဆုံးခ်ိန္မွာေတာ့ ရိုးမားအသင္းက စေမာလင္းကို အၿပီးသတ္စာခ်ဳပ္ျဖင့္ေခၚယူထားနိုင္ရန္ျပင္ဆင္ေနၿပီျဖစ္ေသာ္လည္း စေမာလင္းကို ေခၚယူမည့္အသင္းမ်ားထဲတြင္ အာဆင္နယ္အသင္းအေနနဲ႔လည္း ၎တို႔အသင္းရဲ့ ေနာက္တန္းခံစစ္ျပသနာကိုေျဖရွင္းရန္အတြက္ ျပင္ဆင္လာခဲ့ၿပီျဖစ္ပါတယ္။

စပိန္သတင္းဟာ GDS ရဲ့အဆိုအရေတာ့ စီးရီးေအ ကလပ္အသင္းမ်ားျဖစ္ၾကတဲ့ ဂ်ဴဗင္ ၊ အင္တာမီလန္ အသင္းတို႔ဟာလည္း စေမာလင္းကို ေခၚယူရန္ စိတ္ဝင္စားလ်က္ရွိေနၾကၿပီး ယူနိုက္တဒ္အသင္းအေနနဲ႔ကလည္း စေမာလင္းရဲ့ေျပာင္းေရြ႕ေၾကးအတြက္ ေပါင္ ၁၈ သန္းခန႔္ ေတာင္းဆိုသြားဖြယ္ရွိေနပါတယ္။ အျခား သိရွိရတဲ့သတင္းမ်ားအရေတာ့ ဆိုးလ္ရွား ကလည္း စေမာလင္းကို ေဘာလုံးရာသီကုန္ဆုံးခ်ိန္တြင္ ယူနိုက္တဒ္ သို႔ျပန္လည္ေခၚယူသြားမွာျဖစ္ၿပီး အသင္းရဲ့ လိုအပ္ေနတဲ့ေနာက္တန္းကို အားျဖည့္မယ္လို႔သိရပါတယ္။

(Picture: Getty)

ၿပီးခဲ့တဲ့အပတ္က စေမာလင္းႏွင့္ပတ္သတ္၍ “ခရစ္ က စိတ္ခ်ရတဲ့ ေနာက္ခံလူတစ္ဦးပါ။ တစ္ခါတစ္ေလမွာေတာ့ မတူညီတဲ့ ကစားတဲ့ပုံစံေတြကို သိရွိနိုင္ဖို႔အတြက္ ခ်ဥ္းကပ္မႈေတြျပဳလုပ္ရပါတယ္။ ခရစ္က အဲဒါ စိန္ေခၚမႈေတြကို လက္ခံခဲ့ၿပီး သူ႔အတြက္အေတြ႕အၾကဳံေကာင္းေတြ ရရွိဖို႔အတြက္ အသင္းက စီစဥ္တဲ့ ရိုးမား ကို အငွားသြားေရာက္ကစားေစခဲ့တာကို လက္ခံခဲ့တာျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ သူ ရဲ့ ရင့္က်က္တည္ၿငိမ္တဲ့ေျခစြမ္းတဲ့ ထိပ္တန္းကစားသမားတစ္ေယာက္ျဖစ္ေနတာကိုေတြ႕ရလို႔ က်ေနာ္တို႔လည္း အရမ္းကို ေပ်ာ္ရႊင္မိပါတယ္ လို႔ ေျပာသြားပါတယ္။