fbpx

အသင်းရဲ့ ခံစစ်ပိုင်းဆိုင်ရာ ပြသနာများနှင့်ပတ်သတ်ပြီး ပြောကြားခဲ့တဲ့လင်ဂတ်

(Picture: Getty)

Unicode

ယူနိုက်တက်အသင်းရဲ့ ကစားသမားဟာ အသင်းငယ်များနှင့်ရင်ဆိုင်တွေ့ရချိန်တွင်ရှိနေတဲ့ အသင်းမှကစား သမားများဟာ ဒီပွဲစဉ်ဟာ အနိုင်ရရှိပြီးဟုတွေးထင်လိုက်ခြင်းက အသင်းအားကျဆုံးစေတာဖြစ်
တယ်လို့ ပြောကြားလိုက်ပါတယ်။လင်ဂတ်ဟာ အလယ်အလတ်အသင်းများနှင့်တွေ့ဆုံတိုင်း အမှတ်များဆုံးရှုံးနေခဲ့ရအပြီးတွင် ယူနိုက်တက်အသင်းအား စိတ်ဓတ်မြှင့်တင်ကာကစားသွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီဇင်ဘာလအတွင်း မန်စီးတီးနှင့်စပါးစ်အသင်းတို့အား အနိုင်ရရှိခဲ့သော်လည်း အဲ‌ဗာတန်အသင်းအား သရေကျခဲ့သလို ဝက်ဖို့ဒ်အသင်းအားလည်း ရှုံးနိမ့်ထားခဲ့ပါတယ်။ထိုအနေအထား
တို့ကြောင့် ဆိုရှားလ်ရဲ့ ယူနိုက်တက်ဟာ ပရီမီးယားလိဂ်တွင် အဆင့် ၈နေရာမှာရပ်တည်နေပြီး အဆင့်၄နေရာနှင့် ၇မှတ်ကွာဟတဲ့အနေအထားကိုရောက်ရှိနေခဲ့ရတာဖြစ်ပါတယ်။

(Picture: Getty)

လင်ဂတ်”တကယ်ကိုဘဲ ထူးဆန်းလွန်းပါတယ်။ဒါဟာ စိတ်ခံစားမှုကြောင့်ဖြစ်နိုင်ပါတယ်။ကျွန်တော်တို့ရဲ့ အတွေးထဲမှာ ဒီပွဲကိုအနိုင်ရခဲ့ပြီးသားလို့ တွေးထင်ခဲ့မှုတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ကျွန်‌တော်တို့
သာမန်စီးတီးနဲ့စပါးစ်ပွဲစဉ်များကလို ပုံမှန်ခြေစွမ်းနဲ့စိတ်ဓတ်ပိုင်းကို ထိန်းသိမ်းထားနိုင်မယ်ဆိုရင် ပွဲတိုင်းကိုအနိုင် မကစားနိုင်စရာမရှိဘူးလို့ထင်ပါတယ်။ဒါပေမယ့် အခုအနေအထားကိုကြည့်မယ်ဆိုရင် ကျွန်တော်
တို့ရဲ့ စိတ်ဓတ်ပိုင်းဟာ ပြောင်းလည်းသွားတယ်လို့ ထင်ရပါတယ်။ကျွန်တော်တို့ရဲ့ ပုံမှန်အနေအထားကိုတစ်ရာသီလုံး ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ဆိုရင် ကျွန်တော်တို့ဟာ အလယ်အလတ်အသင်းများနှင့်
ရင်ဆိုင်တွေ့ရမည်ဆိုရင်တောင် ကျွန်တော်တို့ရဲ့စိတ်ဓတ်တွေကို မန်စီးတီး၊စပါးစ်တို့နဲ့ ရင်ဆိုင်ရမယ်ဆိုတဲ့ စိတ်ဓတ်တွေနဲ့ ရင်ဆိုင်သွားကြဖို့လိုပါတယ်။ကျွန်တော်တို့သာ ခွန်အားပြည့်ကစားပြီး တိုက်စစ်ဆင်ကစား
နေမယ်ဆိုရင် အသင်းတိုင်းကို တစ်နေကုန်တောင် ဒုက္ခပေးနိုင်စွမ်းရှိပါတယ်”လို့ပြောကြားခဲ့ပါတယ်။

လင်ဂတ်ဟာ ယခုဆိုရင် အသက် ၂၇နှစ်ရှိနေပြီဖြစ်ပြီး အက်စတာနာနှင့်ယူရိုပါလိဂ်ပွဲစဉ်တွင် အသင်းခေါင်းဆောင်အဖြစ် ကစားခွင့်ရခဲ့သူဖြစ်ပြီး လူငယ်များအတွက် စံပြကစားသမားအဖြစ် ဆက်လက်ရှိနေလို့တဲ့
ဆန္ဒရှိကြောင်းကိုလည်း”ကျွန်တော်ရာသီအစမှာပြောခဲ့ဖူးပါတယ် ကျွန်တော့်အနေနဲ့ ကွင်းတွင်းကွင်းပြင်မှာ ခေါင်းဆောင်ကောင်း
တစ်ယောက်ဖြစ်လိုကြောင်းကိုပေါ့။ကျွန်တော်ဟာ ဒီလိုအနေအထားမျိုးမှာရှိနေတဲ့သူတစ်ယောက်မဟုတ်ပေမယ့် အခုအချိန်မှာ ကျွန်တော်ဟာ ဒီလိုဦးဆောင်မှုမျိုးကိုပြုလုပ်သွားလိုနေပြီး အဝတ်လဲခန်း
အတွင်းမှာလည်း ပိုပြီးတာဝန်ယူသွားဖို့ ဆန္ဒရှိနေပါတယ်။ကျွန်တော် ဒါကိုစတင်လုပ်ဆောင်နေပါပြီ။ကျွန်တော်တို့မှာ အရည်အသွေးထက်မြတ်တဲ့ အကယ်ဒမီကစားသမားလေးတွေ အမြောက်အမြားရှိပါတယ်
။သူတို့ဟာ တောက်ပလာဖို့အတွက် ကောင်းမွန်တဲ့ခြေစွမ်းတွေကို ပြသထားနိုင်ကြပါတယ်။ဒီလိုဘဲ ကျွန်တော်တို့မှာ ဆုဖလားရရှိတဲ့အတွေ့အကြုံကောင်းတွေပိုင်ဆိုင်တဲ့ ကစားသမားတွေလည်းရှိပြီး ဒီအနေ
အထားဟာ ကျွန်တော်တို့အတွက် အလွန်ကိုပြီးပြည့်စုံစေတဲ့ အနေအထားတစ်ခုပါဘဲ။ကျွန်တော်ဟာယူရို၂၀၂၀မှာ အင်္ဂလန်အသင်းအတွက် ပြန်လည်ရွေးချယ်ခြင်းခံရအောင်လည်း ကြိုးစားသွားဖို့
ရည်မှန်းထားပါတယ်”လို့ပြောကြားခဲ့ပါတယ်။

Zawgyi

ယူနိုက္တက္အသင္းရဲ့ ကစားသမားဟာ အသင္းငယ္မ်ားႏွင့္ရင္ဆိုင္ေတြ႕ရခ်ိန္တြင္ရွိေနတဲ့ အသင္းမွကစား သမားမ်ားဟာ ဒီပြဲစဥ္ဟာ အနိုင္ရရွိၿပီးဟုေတြးထင္လိုက္ျခင္းက အသင္းအားက်ဆုံးေစတာျဖစ္
တယ္လို႔ ေျပာၾကားလိုက္ပါတယ္။လင္ဂတ္ဟာ အလယ္အလတ္အသင္းမ်ားႏွင့္ေတြ႕ဆုံတိုင္း အမွတ္မ်ားဆုံးရႈံးေနခဲ့ရအၿပီးတြင္ ယူနိုက္တက္အသင္းအား စိတ္ဓတ္ျမႇင့္တင္ကာကစားသြားၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

ယူနိုက္တက္အသင္းဟာ ဒီဇင္ဘာလအတြင္း မန္စီးတီးႏွင့္စပါးစ္အသင္းတို႔အား အနိုင္ရရွိခဲ့ေသာ္လည္း အဲ‌ဗာတန္အသင္းအား သေရက်ခဲ့သလို ဝက္ဖို႔ဒ္အသင္းအားလည္း ရႈံးနိမ့္ထားခဲ့ပါတယ္။ထိုအေနအထား
တို႔ေၾကာင့္ ဆိုရွားလ္ရဲ့ ယူနိုက္တက္ဟာ ပရီမီးယားလိဂ္တြင္ အဆင့္ ၈ေနရာမွာရပ္တည္ေနၿပီး အဆင့္၄ေနရာႏွင့္ ၇မွတ္ကြာဟတဲ့အေနအထားကိုေရာက္ရွိေနခဲ့ရတာျဖစ္ပါတယ္။

(Picture: Getty)

လင္ဂတ္”တကယ္ကိုဘဲ ထူးဆန္းလြန္းပါတယ္။ဒါဟာ စိတ္ခံစားမႈေၾကာင့္ျဖစ္နိုင္ပါတယ္။ကၽြန္ေတာ္တိုရဲ့ အေတြးထဲမွာ ဒီပြဲကိုအနိုင္ရခဲ့ၿပီးသားလို႔ ေတြးထင္ခဲ့မႈေတြေၾကာင့္လည္းျဖစ္နိုင္ပါတယ္။ကၽြန္‌ေတာ္တို႔သာမန္စီးတီးနဲ႔စပါးစ္ပြဲစဥ္မ်ားကလို ပုံမွန္ေျခစြမ္းနဲ႔စိတ္ဓတ္ပိုင္းကို ထိန္းသိမ္းထားနိုင္မယ္ဆိုရင္ ပြဲတိုင္းကိုအနိုင္ မကစားနိုင္စရာမရွိဘူးလို႔ထင္ပါတယ္။ဒါေပမယ့္ အခုအေနအထားကိုၾကည့္မယ္ဆိုရင္ ကၽြန္ေတာ္တို႔ရဲ့ စိတ္ဓတ္ပိုင္းဟာ ေျပာင္းလည္းသြားတယ္လို႔ ထင္ရပါတယ္။ကၽြန္ေတာ္တို႔ရဲ့ ပုံမွန္အေနအထားကို
တစ္ရာသီလုံး ဆက္လက္ထိန္းသိမ္းထားနိုင္ဖို႔ဆိုရင္ ကၽြန္ေတာ္တို႔ဟာ အလယ္အလတ္အသင္းမ်ားႏွင့္ရင္ဆိုင္ေတြ႕ရမည္ဆိုရင္ေတာင္ ကၽြန္ေတာ္တို႔ရဲ့စိတ္ဓတ္ေတြကို မန္စီးတီး၊စပါးစ္တို႔နဲ႔ ရင္ဆိုင္ရမယ္ဆိုတဲ့စိတ္ဓတ္ေတြနဲ႔ ရင္ဆိုင္သြားၾကဖို႔လိုပါတယ္။ကၽြန္ေတာ္တို႔သာ ခြန္အားျပည့္ကစားၿပီး တိုက္စစ္ဆင္ကစားေနမယ္ဆိုရင္ အသင္းတိုင္းကို တစ္ေနကုန္ေတာင္ ဒုကၡေပးနိုင္စြမ္းရွိပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

လင္ဂတ္ဟာ ယခုဆိုရင္ အသက္ ၂၇ႏွစ္ရွိေနၿပီျဖစ္ၿပီး အက္စတာနာႏွင့္ယူရိုပါလိဂ္ပြဲစဥ္တြင္ အသင္းေခါင္းေဆာင္အျဖစ္ ကစားခြင့္ရခဲ့သူျဖစ္ၿပီး လူငယ္မ်ားအတြက္ စံျပကစားသမားအျဖစ္ ဆက္လက္ရွိေနလို႔တဲ့ဆႏၵရွိေၾကာင္းကိုလည္း”ကၽြန္ေတာ္ရာသီအစမွာေျပာခဲ့ဖူးပါတယ္ ကၽြန္ေတာ့္အေနနဲ႔ ကြင္းတြင္းကြင္းျပင္မွာ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္လိုေၾကာင္းကိုေပါ့။ကၽြန္ေတာ္ဟာ ဒီလိုအေနအထားမ်ိဳးမွာရွိေနတဲ့သူတစ္ေယာက္မဟုတ္ေပမယ့္ အခုအခ်ိန္မွာ ကၽြန္ေတာ္ဟာ ဒီလိုဦးေဆာင္မႈမ်ိဳးကိုျပဳလုပ္သြားလိုေနၿပီး အဝတ္လဲခန္း
အတြင္းမွာလည္း ပိုၿပီးတာဝန္ယူသြားဖို႔ ဆႏၵရွိေနပါတယ္။ကၽြန္ေတာ္ ဒါကိုစတင္လုပ္ေဆာင္ေနပါၿပီ။ကၽြန္ေတာ္တို႔မွာ အရည္အေသြးထက္ျမတ္တဲ့ အကယ္ဒမီကစားသမားေလးေတြ အေျမာက္အျမားရွိပါတယ္။သူတို႔ဟာ ေတာက္ပလာဖို႔အတြက္ ေကာင္းမြန္တဲ့ေျခစြမ္းေတြကို ျပသထားနိုင္ၾကပါတယ္။ဒီလိုဘဲ ကၽြန္ေတာ္တို႔မွာ ဆုဖလားရရွိတဲ့အေတြ႕အၾကဳံေကာင္းေတြပိုင္ဆိုင္တဲ့ ကစားသမားေတြလည္းရွိၿပီး ဒီအေနအထားဟာ ကၽြန္ေတာ္တို႔အတြက္ အလြန္ကိုၿပီးျပည့္စုံေစတဲ့ အေနအထားတစ္ခုပါဘဲ။ကၽြန္ေတာ္ဟာယူရို၂၀၂၀မွာ အဂၤလန္အသင္းအတြက္ ျပန္လည္ေရြးခ်ယ္ျခင္းခံရေအာင္လည္း ႀကိဳးစားသြားဖို႔ရည္မွန္းထားပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။