fbpx

အသင်းအတွက်ပြန်ပေးဆပ်ဖို့လိုနေတဲ့ ကစားတစ်ဦးကို သတိပေးလိုက်တဲ့ ဂယ်ရီနဗီလ်း

(Picture: Getty)

Unicode

မန်ချက်စတာယူနိက်တဒ်ရဲ့ ဝါရင့်နောက်ခံလူ‌ဟောင်းလည်းဖြစ်ပြီး ယခုလက်ရှိ Sky Sports ရဲ့ နံမည်ကျော် ပွဲစဉ်သုံးသပ်သူလည်းဖြစ်တဲ့ ဂယ်ရီနဗီလ်း က
ယူနိက်တဒ် အနေနဲ့ မာစီရယ် ဆီက ရုန်းကန်အားတွေကို လိုအပ်နေပြီဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးအနေနဲ့ အသင်းအတွက်ပြန်ပေးဆပ်ဖို့အချိန်တန်နေပြီဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။
အကြောင်းကတော့ နည်းပြဟောင်း ဟိုဆေးမော်ရင်ဟို လက်ထက်မှာ မာစီရယ် ကို ရောင်းချဖို့စီစဉ်ခဲ့ပြီး အသင်းရဲ့ဘုတ်အဖွဲ့က တားစီးခဲ့တာကြောင့်သာ ပြင်သစ်သားရဲ့ ယူနိက်တဒ်
အိမ်မက် ဟာ ဆက်လက်ရှင်သန်နေရတာလည်းဖြစ်ပါတယ်။ ဒါကြောင့် မာစီရယ် ‌အနေနဲ့ ယခုအချိန်မှာ အသင်းအတွက်ပြန်လည်ပေးဆပ်ဖို့လိုအပ်နေပြီဖြစ်ကြောင်း ဂယ်ရီ က ပြောဆိုလိုက်တာပါ။

(Picture: Getty)

ဂယ်ရီက ” ဟိုဆေး က မာစီရယ် ကို ပြီးခဲ့တဲ့ရာသီကက ရောင်းချဖို့ ဒါမှမဟုတ် လဲလှယ်ဖို့ထိစီစဉ်ခဲ့တာပါ။ ကလပ်က ဒါကိုတားဆီးခဲ့တာဖြစ်ပြီး ဒီအရာကပဲ ဟိုဆေး နဲ့ ကလပ်
အကြား အကွဲအပြဲဇာတ်လမ်းတွေ စတင်ခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ကျနော့်အနေနဲ့ကတော့ ခုလက်ရှိချိန်အထိ သူက ကမ္ဘာ့အဆင့်တိုက်စစ်မှုးလား ဒါမှမဟုတ် တစ်ခုခုလုပ်ပြဖို့ကြိုးစားနေဆဲ
ကစားသမားလားဆိုတာ ဝေခွဲဖို့ခက်ခဲနေပါသေးတယ်။ဒါပေမယ့် သူကအရမ်းကောင်းတဲ့ကစားသမားပါ၊အာရုံစူးစိုက်မှု့အပြည့်ရှိသလို သွေးအေးပြီး ဘောလုံးကိုင်ကစားနိုင်တဲ့ တိုက်စစ်မှူးမျိုးပါ။
ဒါပေမယ့်အခြားသောရက်သတ္တပတ်တွေမှာတော့ အခွင့်အရေးတွေကိုအသုံးချဖို့ ဇွဲရှိရှိ ကြိုးစားဖို့လိုအပ်နေပြန်တယ်။

ဒါပေမယ့် သူ့ကိုရောင်းချလိုက်ဖို့ကတော့ အခြားတဖက်မှာ‌သူ့ခြေစွမ်းတွေ အကောင်းဆုံးပြန်ရလာတဲ့အခါ စိတ်ပျက်စရာတွေဖြစ်လာစေမှာဖြစ်သလို ဒီ့အတွက်လည်း စွန့်စားဖို့တော့မသင့်တော်ပါဘူး။ဒါကြောင့် အသင်းက သူ့ကိုဆက်လက်ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး အိုလေဂန်နာဆိုလ်းရှားက အခွင့်အရေး‌ပြန်ပေးခဲ့တာလည်းဖြစ်ပါတယ်။”

(Picture: Getty)

ဆက်လက်ပြီးတော့ ” မာစီရယ်မှာသာ သင့်တော်တဲ့ ကြိုးစားအားထုတ်မှု့ရှိနေမယ်ဆိုရင် သူ့ရဲ့ယုံကြည်မှု့ကလည်းပိုကောင်းလာမှာဖြစ်ပြီးတော့ဘတစ်ရာသီကို ဂိုး ၂၀ကနေ၂၅ဂိုးလောက်ထိသွင်းယူနိင်ပါတဲ့တိုက်စစ်မှူး” ဖြစ်ပါတယ်လို့ပြောဆိုသွားပါတယ်။ မာစီရယ်ဟာ ဒဏ်ရာက‌နေပြန်လာပြီးနောက် မန်ချက်စတာစီးတီးနဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုးရယူထားနိင်သလို သူ့စိတ်ကြိုက်ကျောနံပတ်နဲ့နေရာ တို့ကို နည်းပြကပေးအပ်ထားတာကြောင့် ဒီရာသီမှာ
ဘယ်အတိုင်းတာထိလုပ်ပြနိုင်မလည်းဆိုတာက သူ့ရဲ့အရည်ချင်းကိုမှတ်ကျောက်တင်မှာလည်းဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိက္တဒ္ရဲ့ ဝါရင့္ေနာက္ခံလူ‌ေဟာင္းလည္းျဖစ္ၿပီး ယခုလက္ရွိ Sky Sports ရဲ့ နံမည္ေက်ာ္ ပြဲစဥ္သုံးသပ္သူလည္းျဖစ္တဲ့ ဂယ္ရီနဗီလ္း က
ယူနိက္တဒ္ အေနနဲ႔ မာစီရယ္ ဆီက ႐ုန္းကန္အားေတြကို လိုအပ္ေနၿပီျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးအေနနဲ႔ အသင္းအတြက္ျပန္ေပးဆပ္ဖို႔အခ်ိန္တန္ေနၿပီျဖစ္ေၾကာင္း သတိေပးလိုက္ပါတယ္။
အေၾကာင္းကေတာ့ နည္းျပေဟာင္း ဟိုေဆးေမာ္ရင္ဟို လက္ထက္မွာ မာစီရယ္ ကို ေရာင္းခ်ဖို႔စီစဥ္ခဲ့ၿပီး အသင္းရဲ့ဘုတ္အဖြဲ႕က တားစီးခဲ့တာေၾကာင့္သာ ျပင္သစ္သားရဲ့ ယူနိက္တဒ္
အိမ္မက္ ဟာ ဆက္လက္ရွင္သန္ေနရတာလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ မာစီရယ္ ‌အေနနဲ႔ ယခုအခ်ိန္မွာ အသင္းအတြက္ျပန္လည္ေပးဆပ္ဖို႔လိုအပ္ေနၿပီျဖစ္ေၾကာင္း ဂယ္ရီ က ေျပာဆိုလိုက္တာပါ။

(Picture: Getty)

ဂယ္ရီက ” ဟိုေဆး က မာစီရယ္ ကို ၿပီးခဲ့တဲ့ရာသီကက ေရာင္းခ်ဖို႔ ဒါမွမဟုတ္ လဲလွယ္ဖို႔ထိစီစဥ္ခဲ့တာပါ။ ကလပ္က ဒါကိုတားဆီးခဲ့တာျဖစ္ၿပီး ဒီအရာကပဲ ဟိုေဆး နဲ႔ ကလပ္
အၾကား အကြဲအျပဲဇာတ္လမ္းေတြ စတင္ခဲ့တယ္လို႔ က်ေနာ္ထင္ပါတယ္။ က်ေနာ့္အေနနဲ႔ကေတာ့ ခုလက္ရွိခ်ိန္အထိ သူက ကမၻာ့အဆင့္တိုက္စစ္မႈးလား ဒါမွမဟုတ္ တစ္ခုခုလုပ္ျပဖို႔ႀကိဳးစားေနဆဲ
ကစားသမားလားဆိုတာ ေဝခြဲဖို႔ခက္ခဲေနပါေသးတယ္။ဒါေပမယ့္ သူကအရမ္းေကာင္းတဲ့ကစားသမားပါ၊အာ႐ုံစူးစိုက္မႈ႔အျပည့္ရွိသလို ေသြးေအးၿပီး ေဘာလုံးကိုင္ကစားနိုင္တဲ့ တိုက္စစ္မႉးမ်ိဳးပါ။
ဒါေပမယ့္အျခားေသာရက္သတၱပတ္ေတြမွာေတာ့ အခြင့္အေရးေတြကိုအသုံးခ်ဖို႔ ဇြဲရွိရွိ ႀကိဳးစားဖို႔လိုအပ္ေနျပန္တယ္။ ဒါေပမယ့္ သူ႔ကိုေရာင္းခ်လိုက္ဖို႔ကေတာ့ အျခားတဖက္မွာ‌သူ‌့ေျခစြမ္းေတြ
အေကာင္းဆုံးျပန္ရလာတဲ့အခါ စိတ္ပ်က္စရာေတြျဖစ္လာေစမွာျဖစ္သလို ဒီ့အတြက္လည္း စြန႔္စားဖို႔ေတာ့မသင့္ေတာ္ပါဘူး။ဒါေၾကာင့္ အသင္းက သူ႔ကိုဆက္လက္ထိန္းသိမ္းဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ၿပီးအိုေလဂန္နာဆိုလ္းရွားက အခြင့္အေရး‌ျပန္ေပးခဲ့တာလည္းျဖစ္ပါတယ္။”

(Picture: Getty)

ဆက္လက္ၿပီးေတာ့ ” မာစီရယ္မွာသာ သင့္ေတာ္တဲ့ ႀကိဳးစားအားထုတ္မႈ႔ရွိေနမယ္ဆိုရင္ သူ႔ရဲ့ယုံၾကည္မႈ႔ကလည္းပိုေကာင္းလာမွာျဖစ္ၿပီးေတာ့ဘတစ္ရာသီကို ဂိုး ၂၀ကေန၂၅ဂိုးေလာက္ထိသြင္းယူနိင္ပါတဲ့တိုက္စစ္မႉး” ျဖစ္ပါတယ္လို႔ေျပာဆိုသြားပါတယ္။ မာစီရယ္ဟာ ဒဏ္ရာက‌ေနျပန္လာၿပီးေနာက္ မန္ခ်က္စတာစီးတီးနဲ႔ပြဲမွာ သြင္းဂိုးတစ္ဂိုးရယူထားနိင္သလို သူ႔စိတ္ႀကိဳက္ေက်ာနံပတ္နဲ႔ေနရာ တို႔ကို နည္းျပကေပးအပ္ထားတာေၾကာင့္ ဒီရာသီမွာဘယ္အတိုင္းတာထိလုပ္ျပနိုင္မလည္းဆိုတာက သူ႔ရဲ့အရည္ခ်င္းကိုမွတ္ေက်ာက္တင္မွာလည္းျဖစ္ပါတယ္။