fbpx

မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တဒ်အသင်းအား ဖလက်ချာ နှင့် မီကာရစ်ချက်တို့က ဝေဖန်ပြောကြားခဲ့

(Picture: Getty)

Unicode

ကာရာဘောင်းဖလားပြိုင်ပွဲ ဆီးမီးဖိုင်နယ်အဆင့် ပထမအကျော့တွင် ၃-၁ဖြင့် မန်စီးတီးအားရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်အသင်းအား ဖလက်ချာနှင့်မီကာရစ်ချက်တို့မှ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

(Picture: Getty)

ဆိုးရှားလ်ရဲ့ကစားသမားတွေဟာ ဒုတိယပိုင်းမှာ ခြေစွမ်းအနည်းငယ်တိုးတက်လာခဲ့ပြီး မျှော်လင့်ချက် တစ်ခုဖြစ်စေမယ့် ရက်ဖို့ဒ်ရဲ့ခြေပဂိုးမတိုင်ခင် ပထမပိုင်းအတွင်း နေရာစုံတွင် စီးတီးအသင်းအား ခြိမ်းခြောက်နိုင်စွမ်းမရှိဘဲ ပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့ကြတာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဘာနာဒိုဆေးလ်ဗားနှင့် မာရက်ဇက်တို့ရဲ့ ခြေစွမ်းပြမှုဖြင့် ပထမပိုင်း ၄၅မိနစ်တွင်ပင် ယူနိုက်တက်အသင်းအား ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပြီး ဖိုင်နယ်သို့တက်လှမ်းရန် ခြေတစ်လှမ်းနီးစပ်သွား ခဲ့တာဘဲဖြစ်ပါတယ်။ ရစ်ချက်မှ Sky Sportsသို့ “ဒါဘီပွဲလို ပွဲမျိုးမှာ အရာရာဟာ ပုံမှန်အနေအထားမဟုတ်တော့ဘူးဆိုရင် ခပ် ကြမ်းကြမ်းပြီးဘောလုံးကိုလိုက်လုပြီး ကစားရမှာပါ။ဒီလိုကစားနေပြီဆိုတာနဲ့ ဒါဟာ အောက်အသင်း တစ်သင်းဆိုတဲ့ အချင်းအရာကိုပြသပါတယ်။ဒါပေမယ့် ဒီလိုကစားခြင်းဖြင့် ပြိုင်ဘက်ကို အခက်အခဲ တွေ့စေမှာပါ။

ဒါပေမယ့် စီးတီးက ၂ဂိုး ၃ဂိုး ဆက်တိုက်သွင်းလိုက်ပြီးချိန်မှာ သူတို့ဟာ(ယူနိုက်တက်) အရှုံးပေးနေလိုက်သလိုပါဘဲပထမပိုင်း အပြီးမှာတော့ အနည်းငယ်တော့ကွာဟသွားပါတယ်။ဘောလုံးသမား တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဒါဘီပွဲလို ပွဲစဉ်မျိုးမှာ ခပ်ကြမ်းကြမ်းကစားပြီး ဘောလုံးကို လိုက်လုပြီး ကစားနေရမှာပါ။ဒါပေမယ့် ကျွန်တော့်အထင်တော့ သူတို့ဟာ ခြေပဂိုးတစ်ဂိုးကိုသွင်းယူ လိုက်နိုင်တယ်ဆိုသည့်တိုင် ယူနိုက်တက်ဟာ အရှုံးကိုလက်ခံခဲ့တယ်လို့ထင်ပါတယ်။လိဂ်ပြိုင်ပွဲမှာ သူတို့ ဟာ စီးတီးအသင်းကို တန်ပြန်တိုက်စစ်တွေနဲ့ ဖိအားပေးခြိမ်းခြောက်ကစားနိုင်ခဲ့ကြပါတယ်။ကျွန်တော့် အထင်တော့ ဒီအချက်ကဘဲ သူတို့ကို သူတို့စိတ်ကြီးဝင်စေခဲ့ပြီး စီးတီးဟာဘယ်လိုအသင်းကောင်းတစ် သင်းဖြစ်တယ်ဆိုတာကို မေ့လျော့ကာ လျော့တွက်ခဲ့ကြတယ်လို့ ထင်ပါတယ်။စီးတီးဟာ လိဂ်ဖလားကို ၂နှစ်ဆက် ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းပါ။ဒါကြောင့် ခင်ဗျားတို့အနေနဲ့ လေးစားသမှုရှိသင့်ပါတယ်။ ဘယ်လို တိုက်ခိုက်မှုမျိုးမှ မတွေ့ခဲ့ရဘူး။ဘယ်လိုဖြေရှင်းမှုကိုမှလည်း မတွေ့ခဲ့ရဘူး။ယူနိုက်တက်ရဲ့ ဘယ်ကစားသမားမှ စီးတီးအသင်းကို လေးစားသမှုရှိပြီး ဘောလုံးလိုက်လုတာ ခပ်ကြမ်းကြိမ်းဖြတ်ထုတ် တာ ကိုမမြင်ခဲ့ရပါဘူး။ယူနိုက်တက်ဟာ အီတီဟက်မှာ စီးတီးကို အနိုင်ယူနိုင်ခဲ့တယ်ဆိုပေမယ့် ထိုပွဲစဉ် မှာလည်း စီးတီးကသာ ဘောလုံးပိုင်ဆိုင်မှု ပိုမိုရရှိခဲ့ကြတာပါ။ဒါကို ယူနိုက်တက်ကစားသမားတွေက မေ့လျော့နေခဲ့ကြပြီး ငါတို့အရင်က စီးတီးကို နိုင်ဖူးပြီးသားပါ ဒီပွဲမှာလည်း ငါတို့ဒါကို ဆက်လုပ်နိုင်မှာပါ ဆိုတဲ့ အချိုးမျိုးတွေနဲ့ သာမန် ကစားဟန်နဲ့ ကစားခဲ့ကြပါတယ်။အတော့်ကို နုံအကြစွာ ကစားခဲ့ကြပါတယ်။ “လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

(Picture: Getty)

ဖလက်ချာမှလည်း “အိုလီဟာ ပွဲမတိုင်ခင်မှာ သူ့ရဲ့ကစားသမားတွေရဲ့ ငယ်ရွယ်နုပျိုမှုနဲ့ ခွန်အားတွေအ ကြောင်းကို ပြောကြားခဲ့ပေမယ့် ဒီကစားသမားတွေဟာ ပေါ့ပေါ့တန်တန်နဲ့ အနည်းငယ်နုံအစွာ ကစား ခဲ့ကြပါတယ်။ဗဟိုခံစစ်ကစားသမားတွေဟာ ဘယ်ကစားသမားကိုမှ လူကပ်ကစားခြင်းမရှိခဲ့ကြတဲ့ အတွက် ပြိုင်ဘက်ဟာ တိုက်စစ်ကိုအလွန်အကျွန်ဖိအားပေး ကစားသွားနိုင်ခဲ့ကြပါတယ်။တစ်ယောက် ယောက်ဟာ ဒီလိုတိုက်စစ်ပိုင်းကို တက်ရောက်လာပြီဆိုရင် တစ်စုံတစ်ယောက်ဟာ ဒီကစားသမားကို ဆီကိုသွားပြီး ဖိအားပေးလူကပ်ကစားသွားရမှာပါ။တစ်ခါတစ်ရံမှာ တာဝန်ယူမှုတွေရှိသင့်ပါတယ်။ကျွန် တော့် အနေနဲ့ ဆိုရှားလ်ဟာ ဒီတာဝန်တွေကို သူ့ကစားသမားတွေကို ပေးအပ်ထားတယ်လို့ထင်ပါတယ်။ ဆိုးရှားလ်ဟာ ဘယ်ကစားသမားကိုမှ လူကပ်ကစားခြင်းမရှိခဲ့မိဘူးဆိုတာကို သတိရဖို့လိုနေတဲ့ အတွေ့ အကြုံရှိ ခံစစ်ကစားသမား၂ဉီးကို ကွင်းထဲမှာပိုင်ဆိုင်ခဲ့တာပါ။သူတို့ဟာ ငယ်ရွယ်ပြီး အတွေ့အကြုံ နုနယ်နေသေးတဲ့ အသင်းတစ်သင်းကိုပိုင်ဆိုင်ထားပြီး သူတို့အတွက် အတွေ့အကြုံရင့်ကြက်ပြီး ဉီးဆောင် နိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကိုလိုအပ်နေပါတယ်။မန်နေဂျာကတော့ သူလုပ်နိုင်တာမှန်သမျှ လုပ်ဆောင်ထားပြီးပါပြီ။ကောင်လေးတွေအနေနဲ့ သူတို့ကိုဉီးဆောင်မယ့် ခေါင်းဆောင်တစ်ချို့နဲ့အတူ တိုးတက်လာဖို့ လိုအပ်နေတာပါ။အိုလီဟာ ပြီးခဲ့သည့်ရာသီကနှင့်နှိုင်းယှဉ်ပြီး သူ့ကစားသမားတွေရဲ့ တိုးတက်လာမှုကို ပြောနေရုံနဲ့ မလုံလောက်ပါဘူး။

(Picture: Getty)

သူ့အနေနဲ့ သူ့ကစားသမားတွေရဲ့ ဒုတိယပိုင်းကစားပုံ နဲ့ ပက်သက်ပြီး ပျော်ရွှင်ကောင်းပျော်ရွှင်နိုင်ပါတယ်။ဒါပေမယ့် ပထမပိုင်းကကစားခဲ့ပုံကို ကျွန်တော်တို့ ဘယ်လောက်စိတ်ပျက်နေကြတယ်ဆိုတာကိုလည်း ပျော်သင့်ပါတယ်။တစ်ခါတစ်ရံမှာ ကစားသမားတွေ အနေနဲ့ ကွင်းထဲမှာ တာဝန်ယူမှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်။သူ(ဆိုရှားလ်)ဟာလည်း သူ့ကစားသမားတွေ ဒီလို လုပ်ဖို့ကို မျှော်လင့်နေတယ်လို့ထင်ပါတယ်။အချို့ ပြဿနာတွေကို သင့်ဘာသင် ကွင်းထဲမှာ ဖြေရှင်း တတ်ဖို့လိုပါတယ်။ဗဟိုခံစစ်ကစားသမား ၂ယောက်ဟာ ပထမပိုင်း တစ်ပိုင်းလုံးမှာ တည်ငြိမ်မှုကင်းမဲ့စွာ နဲ့ ကစားခဲ့ကြသလို လူကပ်ကစားနိုင်ခဲ့ကြခြင်းမရှိချိန်မှာ ဒီတာဝန်တွေကို တစ်စုံတစ်ဉီးကဝင်ရောက်ထမ်း ပေးဖို့ လို‌အပ်ပါတယ်။သူတို့အနေနဲ့ သူတို့ကိုယ်တိုင်ပြုပြင်ရမှာပါ။ရဲရင့်စွာနဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ် တတ်ဖို့ လိုပါတယ်။ဒီအချက်တွေကို ကျွန်တော်တို့ ယူနိုက်တက်ကစားသမားတွေဟာ ဖာဂူဆန်လက်ထက် မှာ လုပ်ခဲ့ကြတာပါ။ကျွန်တော် သေချာပေါက်ပြောနိုင်တာက အိုလီဟာ ဒီလိုတာဝန်ယူမှုတွေကို သူ့အသင်း သားတွေကို ပြုလုပ်ဖို့ ပေးအပ်ထားပြီးသားဆိုတာပါဘဲ။မန်နေဂျာက ပြဿနာတွေကိုဖြေရှင်းဖို့ကဘဲ အရေးကြီးတာမဟုတ်ပါဘူး ကွင်းထဲက ကစားသမားတွေကလည်း သူတို့ကိုယ်တိုင် ပြဿနာကိုဖြေရှင်း တတ်ဖို့ အရေးကြီးလှပါတယ်။”လို့ပြောကြားခဲ့ပါတယ်။

Zawgyi




