fbpx

ယူနိုက်တဒ် ကစားသမားတွေကို အပြင်းအထန် မေးခွန်းထုတ် ဝေဖန်လိုက်တဲ့ ဆိုးလ်ရှား

(Picture: Getty)

Unicode

ဆိုးရှားလ်ဟာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနှင့်ပွဲစဉ်တွင် ၄င်းရဲ့ ယူနိုက်တက်ကစားသမားများရဲ့ ပထမပိုင်းအတွင်းကစားခဲ့တဲ့ စိတ်ဓါတ်ပိုင်းနဲ့ခြေစွမ်းပိုင်းကိုမေးခွန်းထုတ်လိုက်ပါတယ်။

(Picture: Getty)

နော်ဝေသားဟာ ကာရာဘောင်းဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ကွင်းအိုးထရက်ဖို့ဒ်တွင် မြို့ခံပြိုင်ဘက် မန်စီးတီးအား ၃-၁ဖြင့်အရေးနိမ့်ခဲ့ပြီးနောက် ဖိုင်နယ်သို့တက်ရောက်နိုင်ရန်အတွက် “mountain to climb” ဆိုတဲ့ ၄င်းလက်သုံးစကား အားဆက်လက်သုံးသွားခဲ့ပါတယ်။ထို့ပြင် ဆိုးရှားလ်ဟာ သူ့ရဲ့ ကစားသမားများအား ၄င်းတို့ရဲ့ဂျာစီအင်္ကျီမှ အမှတ်တံဆိပ်ပေါ်တွင် လေးစားတန်ဖိုးထားကြပြီး ကစား ကြဖို့ ပထမပိုင်း ၃-၀ဖြင့်ရှုံးနိမ့်ပြီးနောက် အဝတ်လဲခန်းအတွင်း ပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။

(Picture: Getty)

ပွဲအပြီးတွင် ဆိုရှားလ်မှ “သူတို့ရဲ့ ပထမဉီးဆုံးသွင်းဂိုးကနေ ပထမပိုင်းပြီးဆုံးသွားတဲ့အချိန်ထိ ကျွန်တော် တို့ ကစားခဲ့သမျှမှာ အဆိုးဝါးဆုံးကစားပုံ တစ်ခုပါဘဲ။ပထမပိုင်းအပြီးမှာ သူတို့ကို အသင်းရဲ့အမှတ်တံဆိပ် ပေါ်မှာ တန်ဖိုးထားကစားဖို့ ပြောကြားခဲ့ပါတယ်။လူတစ်ယောက် စိတ်ဓတ်ပိုင်း ကျဆင်းသွားတယ်ဆိုတာ ဟာ ပုံမှန်ဖြစ်ရပ်တစ်ခုပါဘဲ။ဒါပေမယ့် သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာကို အလျင်အမြန်ကုစားပြီး ပြန်လာ တဲ့ သူတွေဖြစ်ဖို့တော့လိုပါတယ်။ပထမပိုင်းမှာတော့ ကျွန်တော်တို့တွေဟာ ဒီလိုမဖြစ်ခဲ့ကြပါဘူး။ပထမ ပိုင်းပွဲစဉ်အပြီးမှာ မင်းတို့မှာအခွင့်အရေးရှိနေဆဲဘဲ ဒါကြောင့်မင်းတို့အနေနဲ့ဒုတိယပိုင်းကိုသွားကစားပြီး အနိုင်ရယူခဲ့ကြဖို့ ကျွန်တော့်အသင်းသားတွေကိုပြောခဲ့ပါတယ်။ကျွန်တော်တို့အတွက် တကယ်ကို ခက်ခဲ ခဲ့တဲ့ ပုစ္ဆာတစ်ပုဒ်ပါဘဲ။ကျွန်တော်တို့အနေနဲ့ ရှေ့လျောက်အနာဂတ်မှာ ဖြတ်ကျော်စရာ အခက်အခဲတွေ အများကြီး ကြုံတွေ့သည့်တိုင်အောင် ကျွန်တော်တို့ဟာ အကောင်းဆုံးဖြတ်ကျော်သွားဖို့ ကြိုးစားသွားကြ မှာပါ။ကျွန်တော်တို့ အသင်းဟာ ငယ်ရွယ်တဲ့အသင်းတစ်သင်းအဖြစ် သင်ယူစရာတွေအများကြီးရှိနေ ပါသေးတယ်။ဒီအတွေ့အကြုံတွေဟာ သူတို့ကိုယ်ထဲမှာ ကိန်းအောင်နေမှာပါ။ဒုတိယပိုင်း ကစားပုံဟာ ကျွန်တော့်ကို ဒီယုံကြည်မှုကို ပေးစွမ်းစေခဲ့ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

(Picture: Getty)

ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ဖလက်ချာမှလည်း “သူတို့ဟာ ဘယ်ကစားသမားကိုမှ လူကပ်ကစားခြင်းမရှိခဲ့ဘဲ ဒီအချက်ဟာ အသင်းကိုသက်ပစ်လိုက်တဲ့ အချက်တစ်ခုပါဘဲ”လို့ အသင်းရဲ့ ကစားသမားများကို ဝေဖန်ခဲ့ပါတယ်။ ပွဲအပြီးတွင် ဂွါဒီယိုလာမှလည်း “ကျွန်တော်တို့ဟာ ပထမပိုင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့ကြပါတယ်။ ဒုတိယပိုင်းမှာတော့ အခြေအနေတွေပြောင်းလဲသွားခဲ့ပြီး အနည်းငယ်ရုန်းကန်ခဲ့ကြရပါတယ် ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ဟာ ဒီရာသီရဲ့ အကောင်းဆုံးစွမ်းဆောင်ရည် တစ်ခုတော့မဟုတ်ပါဘူး။လက်စတာစီးတီးနဲ့ ပွဲစဉ်က အကောင်းဆုံးစွမ်းဆောင်ရည်ပါ။စပါးစ်အသင်းနှင့် ပွဲစဉ်ကတော့ ဒုတိယအကောင်းဆုံး စွမ်းဆောင် ရည်တစ်ခုပါ။ကျွန်တော်တို့ဟာ ပွဲကောင်းတစ်ချို့ကို ဖန်တီးထားနိုင်ခဲ့ကြပါတယ်။ကျွန်တော်တို့ဟာ ဆီးမီး ဖိုင်နယ်ကို ရောက်ရှိလာချိန်မှာ ကျွန်တော်တို့ရဲ့ ကစားဟန်ဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးလက် နက်တစ်ခုဖြစ်မယ်လို့ ယုံကြည်ပါတယ်။ကျွန်တော်တို့ဟာ ဖိုင်နယ်ပွဲစဉ်အတွက် အနီးစပ်ဆုံးအနေအထားကို ရောက်ရှိခဲ့ကြပါပြီ။ဒါပေမယ့် ဘာမဆိုဖြစ်သွားနိုင်ပါသေးတယ်။ကျွန်တော့်ကစားသမားတွေကို ဒီနေ့မှာတော့ မင်းတို့ အောင်ပွဲခံကြပါ ဒါပေမယ့် မင်းတို့စိတ်ထဲမှာ ပြီးဆုံးသွားပြီလို့တော့ မတွေးကြနဲ့လို့ မှားကြားထားပါ တယ်။အိုလီဟာ သူ့နည်းလမ်းအတိုင်း ကစားလာမည့်အရာအတွက် ကျွန်တော်တို့ဟာ ပြင်ဆင်ထားဖို့လို အပ်ပါတယ်။ဒီလိုသာဆိုရင် ကျွန်တော်တို့ အခက်အခဲတွေ့မှာပါ။ဒီနေ့ပွဲစဉ် ပထမပိုင်းအပြီးမှာ သူဟာသူ့ ကောင်လေးတွေကို “ငါဒီအရာကို လုံးဝလက်မခံနိုင်ဘူး”လို့ပြောကြားမှာ အသေအချာပါဘဲ။သူတို့ဟာ မနှစ်က ပီအက်ဂျီအသင်းကိုရှုံးနိမ့်ခဲ့ပေမယ့် ပြင်သစ်ကိုသွားပြီး အနိုင်ရယူကာ နောက်တစ်ဆင့်တက်ခဲ့ ကြသူတွေပါ။သူတို့ဟာ အလွန်အန္တရယ်ရှိတဲ့ အသင်းတစ်သင်းပါ။ကျွန်တော့်အနေနဲ့ ကျွန်တော့်တို့ရဲ့ ဖန် တွေကို သူတို့ဖန်တွေ သူတို့အသင်းကို အားပေးသလို အားပေးမှုမျိုး ရချင်မိပါတယ်။ဒီပြိုင်ပွဲဟာ မပြီး ဆုံးသေးပါဘူး။ကျွန်တော့်ကစားသမားတွေလည်း ဒါကို သိထားပါတယ်။ကျွန်တော်တို့ ဖန်တွေလည်း သိ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ကျွန်တော်တို့ ဖန်တွေ ကွင်းထဲမှာ ရှိနေကြမယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Zawgyi


