fbpx
နေ့လည်ခင်းသတင်းတိုများ
(Picture: Getty)
Unicode
ကွင်းလယ်ခံစစ်သမား မပါဘဲ ကစားခဲ့တဲ့ဆိုးရှားလ်ရဲ့ ဗျူဟာကြောင့် ကြီးကြီးမားမား ပေးဆပ်လိုက်ရတဲ့ စံချိန်ဆိုးများစွာနဲ့ ယူနိုက်တက် အသင်းဟာ ကာရာဘောင်ဖလားပွဲစဉ်မှာ မန်စီးတီး အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။
(Picture: Getty)
၁။ယူနိုက်တက်အသင်းအတွက် ပွဲထွက်ကစားခွင့်ရတိုင်းရှုံးပွဲမရှိစံချိန် ကျိုးပျက်ခဲ့ရပြီဖြစ်တဲ့ ဝီလီယျံ ၂။ပထမဦးဆုံး အသင်းခေါင်ဆောင်အဖြစ် ကစားတဲ့ပွဲစဉ်မှာဘဲ ရှုံးပွဲကြုံ တွေ့ခဲ့တဲ့ ရက်ဖို့ဒ် ၃။ဆိုးရှားလ်လက်ထဲ အိုးထရက်ဖို့ဒ်တွင်ကစားသည့် မန်ချက်စတာဒါဘီ တိုင်း ၂ဂိုးပြတ်ဖြင့် ရှုံးနိမ့်ထားခဲ့ ၄။ယခုနှစ်ရာသီ၌ ပထမပိုင်းတွင်ပင် ပေးဂိုးသုံးဂိုးခွင့်ပြုခဲ့ရသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ် ၅။ယူနိုက်တက်ခံစစ်မှ ယခုနှစ်ရာသီတွင် ၃ဂိုးထိဂိုးခွင့်ပြုခဲ့ရသည်မှာ ဒုတိယအကြိမ်ဖြစ် ၆။အိုလေလက်ထက် မန်ချက်စတာဒါဘီ၌ ပထမဦးဆုံး ကိုယ့်ဂိုးကိုယ် သွင်းယူတဲ့ ကစားသမားဖြစ်လာတဲ့ ပါရဲယား ၇။အိုးထရက်ဖို့ဒ်၌ ၃ပွဲဆက်တိုက် မန်စီးတီးအား ရှုံးနိမ့်ခဲ့ခြင်းဖြစ်
ဟာလန်းဟာ ဆိုရှားလ်နဲ့ယူနိုက်တက်တို့ရဲ့စိတ်ဝင်စားနေမှုအား ငြင်းပယ်ကာ ဂျာမန်ကလပ်သို့ ဘာကြောင့် ပြောင်းရွှေ့ခဲ့လည်းဆိုတာကို ဖွင့်ဟလိုက်ပါတယ်။
(Picture: Getty)
နော်ဝေသားတစ်ယောက်ဖြစ်တဲ့ ဟာလန်းဟာ ယူနိုက်တက်ရဲ့အထူးစိတ်ဝင်စားခြင်းခံခဲ့ရပေမယ့် ဒေါ့မွန် အသင်းသို့ ၄နှစ်ခွဲ စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သူတစ်ဦးဖြစ်ပါတယ်။ဟာလန်းဟာ ယခုနှစ်ရာသီတွင် ဆဲလ်ဘက် အသင်းအတွက် ပြိုင်ပွဲစုံ ၂၂ပွဲကစားထားပြီး ၂၈ဂိုးထိသွင်းယူကာအထူးခြေစွမ်းပြသနေတဲ့ ကစား သမားတစ်ဦးဖြစ်ပြီး ၄င်းအား ယူနိုက်တက်၊လက်ဇစ်၊ဂျူဗင်တဗ်နှင့် ဒေါ့မွန် အသင်းတို့က အပြိုင်လိုက်ခဲ့ ကြကာ ဒေ့ါမွန်အသင်းက အားလုံးကိုကျော်ဖြတ်ကာ ဟာလန်းအား အရခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၁၉နှစ်အရွယ် ဟာလန်းဟာ ဒေါ့မွန်အသင်းကို ဘာကြောင့်ရွေးချယ်ခဲ့ကြောင်းကို “သူတို့ဟာ ကျွန်တ်ော့ဆီလာပြီး “ငါတို့တော့ ရှေ့တန်းကစားသမားတစ်ယောက်လိုနေတယ်၊ငါတို့ မင်းရဲ့ ကစားပုံကိုကြိုက်တယ်ကွာ ငါတို့အသင်းမှာ မင်းကိုရှိစေချင်တယ်”လို့ တိုက်ရိုက်ပြောခဲ့တာဗျ။
သူတို့ ပြောခဲ့ပုံ သူတို့လုပ်ဆောင်ပုံတွေကို ကျွန်တော်သဘောကျတယ် ဒါကဘဲ ကျွန်‌တော်လက်မှတ်ထိုးဖို့ အချက်တစ်ခုဖြတ်ခဲ့တာပါဘဲ။ကျွန်တော်နဲ့ဒေါ့မွန်ဟာ လိုက်ဖက်တဲ့အရာတစ်ခုလို့ ကျွန်တော့်စိတ်ထဲမှာ ခံစားမိခဲ့တာပါ။ဒီကလူတွေအကြောင်းကို ပိုပြီးသိဖို့ လုပ်ဆောင်ရပါမယ်။နောက်တော့ လေ့ကျင့်ရေးကို အကောင်းဆုံး လုပ်ဆောင်ပြီး ကျွန်တော်ပွဲထွက်ကစားဖို့လုပ်လောက်လားဆိုတာကို စောင့်ကြည့်ရမှာပေါ့ ကျွန်တော်အနေနဲ့ တစ်ဆင့်ချင်းစီ လုပ်ဆောင်သွားရမှဦပါ။ကျွန်တော် ဒီမှာပွဲထွက်ကစားချင်ပါတယ်။ကျွန် တော် ဒီအသင်းအတွက် ဘာတွေပေးဖို့ရှိတယ်ဆိုတာကို သိထားပါတယ်။ကျွန်တော့်ရဲ့ အဓိက ရည်မှန်းချက် ဟာ အသင်းအတွက် သွင်းဂိုးအနည်းငယ်သွင်းယူပေးဖို့ပါ။”လို့ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တဒ် ကစားသမား အက်ရှလေယန်းကို အခုနှစ်ဘောလုံးရာသီ ပြီးဆုံးချိန်မှာ အင်တာမီလန် အသင်းက ခေါ်ယူမယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တဒ် နဲ့ အင်တာမီလန် အသင်းတို့ဟာ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တဲ့ အက်ရှလေယန်း ရြ့ အပြောင်းအရွေ့ အတွက် ဆွေးနွေးမှုများ ရှိနေကြတယ်လို့ဆိုပါတယ်။ ၆ လသာ ကျန်ရှိတော့တဲ့ ယန်း နဲ့ ယူနိုက်တဒ် ရဲ့စာချုပ်သက်တမ်း အရ အသက် ၃၄ နှစ်အရွယ် ကစားသမားဟာ အခုနှစ် ဇန်နဝါရီမှာ အီတလီသို့ပြောင်းရွေ့သွားဖွယ်ရှိနေတယ်လို့ဆိုပါတယ်။ အက်ရှလေယန်း ဟာ ယူနိုက်တဒ်အသင်းသို့ အက်စတွန်ဗီလာ အသင်းကနေ လွန်ခဲ့တဲ့ ၈ နှစ်ကျော်က ပြောင်းရွေ့လာခဲ့ပြီး ဆာအဲလက်စ်ဖာဂူဆန် လက်အောက်မှာ ပရီးမီးယားလိဂ် ၊ မော်ရင်ဟို လက်အောက်မှာ ယူရိုပါလိဂ်တို့ကို ရယူထားသည့် ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးအချိန်မှာတော့ အက်ရှလေယန်းကို အီတလီကလပ် အင်တာမီလန် အသင်းက ခေါ်ယူရန် ပြင်ဆင်လာခဲ့ခြင်းဖြစ်ပါတယ်။
Zawgyi