fbpx

ယူနိုက်တဒ်ကို ကာရာဘောင် ဖလားပွဲစဉ်မှာ အနိုင်ယူသွားမယ်လို့ ဂွာဒီယိုလာ ပြောကြား

(Picture: Getty)

Unicode

မန်စီးတီးအသင်းရဲ့ နည်းပြဟာ ပြီးခဲ့သည့်ဒီဇင်ဘာလတွင် ယူနိုက်တက်အသင်းအားရှုံးနိမ့်ခဲ့သော်လည်း မိမိ သို့အသင်းမှာ ယူနိုက်တက်ကိုလွှမ်းမိုးထားနိုင်တဲ့အသင်းတစ်သင်းဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

(Picture: Getty)

ဂွါဒီယိုလာဟာ ကာရာဘောင်းဖလားပြိုင်ပွဲတွင် မန်ချက်စတာဒါဘီအဖြစ် မန်ချက်စတာယူနိုက်တက်နှင့် ဆုံတွေ့မယ့် အင်္ဂါနေ့မှာ ပြီးခဲ့သည့်နှစ်များက ပြိုင်ဘက်အသင်းအပေါ်အသာစီးရယူခဲ့တဲ့မှတ်တမ်းတွင် ထပ်မံမှတ်တမ်းရေးထိုးဖို့ ကြံရွယ်နေခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ၄င်းတို့ရဲ့ ဆုဖလားအား ကာကွယ်ရန်အတွက် ဆီးမီးဖိုင်နယ်အဆင့်တွင် ပထမအကျော့ အား အိုးထရက်ဖို့ဒ်၌ရင်ဆိုင်ရမှာဖြစ်ပြီး ဒုတိယအကျော့တွင်တော့အိမ်ကွင်းမှာ ပြန်လည်ဧည့်ခံကစားသွား ရမှာဖြစ်ပါတယ်။လက်ရှိ ချန်ပီယံဟာ ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် ချဲလ်ဆီးအသင်းအား အနိုင်ယူကာ ချန်ပီ ယံ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာမှ “ယူနိုက်တက်လို ထိပ်သီးအသင်းနဲ့ ရင်ဆိုင်တွေ့ရချိန်မှာ မင်းအနေနဲ့ အနိုင်ရယူနိုင်သလို ရှုံးနိမ့်တာမျိူးလည်း ကြုံတွေ့သွားရနိုင်ပါတယ်။ကျွန်တော်ဟာ တစ်ချိန်လုံး ယူနိုက်တက်ကို အနိုင်ယူဖို့ လာခဲ့တာမဟုတ်ပါဘူး။ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပုံမှန်ဘောလုံးရာသီမှာ ကျွန်တော်တို့ သူတို့ကိုအနိုင် ရယူနိုင်တာဟာ ရှုံးနိမ့်တဲ့အရေအတွက်ထက် နည်းဖို့တော့ မျှော်မှန်းပါတယ်။လာမည့်ပွဲစဉ်မှာ သူတို့ဟာ သူတို့ကစားခြင်တဲ့ ပုံစံအတိုင်းကစားကြဖို့ ကြိုးစားမယ်ဆိုတဲ့ ခံစားချက်မျိုး ကျွန်တော်ခံစားနေမိပါတယ်။ သူတို့ဟာ အာဆင်နယ်နဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့သည့်တိုင် သူတို့ဘာကိုလိုချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိခဲ့ရပါတယ်။ပြိုင်ပွဲတစ်ပွဲမှာ အသင်းကြီးတွေနဲ့ဆက်တိုက် ဆုံတွေ့နေရတာဟာ တကယ်ကို လွယ်ကူတဲ့ အရာတစ်ခုတော့မဟုတ်ပါဘူး။သူတို့ဟာ ဘယ်လောက်လျင်မြန်ကြတယ်၊ဘယ်လောက် တောင့်တင်းပြီး ဘယ်လောက် စိတ်ဆန္ဒပြင်းပြနေတယ် ဆိုတဲ့အရာတွေအားလုံးကို ကျွန်တော်သိထားပါတယ်။ကျွန်တ်ော တို့သာ သူတို့ကို တန်ပြန်တိုက်စစ် ဆင်ခွင့်ခွင့်ပြုခဲ့မယ်ဆိုရင် သူတို့ဟာ စက္ကန့်ပိုင်းအတွင်း ကျွန်တော်တို့ ရဲ့ ဂိုးဧရိယာထဲ ရောက်လာကြမယ့်သူတွေပါ။ဒါပေမယ့် ကျွန်တော်တို့ဟာ သူတို့ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တွေ ထက် အနိုင်ရလဒ်တွေကို ပိုမိုပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းပါ။”လို့ပြောကြားခဲ့ပါတယ်။

Zawgyi

မန္စီးတီးအသင္းရဲ့ နည္းျပဟာ ၿပီးခဲ့သည့္ဒီဇင္ဘာလတြင္ ယူနိုက္တက္အသင္းအားရႈံးနိမ့္ခဲ့ေသာ္လည္း မိမိ သို႔အသင္းမွာ ယူနိုက္တက္ကိုလႊမ္းမိုးထားနိုင္တဲ့အသင္းတစ္သင္းျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

(Picture: Getty)

ဂြါဒီယိုလာဟာ ကာရာေဘာင္းဖလားၿပိဳင္ပြဲတြင္ မန္ခ်က္စတာဒါဘီအျဖစ္ မန္ခ်က္စတာယူနိုက္တက္ႏွင့္ ဆုံေတြ႕မယ့္ အဂၤါေန႔မွာ ၿပီးခဲ့သည့္ႏွစ္မ်ားက ၿပိဳင္ဘက္အသင္းအေပၚအသာစီးရယူခဲ့တဲ့မွတ္တမ္းတြင္ ထပ္မံမွတ္တမ္းေရးထိုးဖို႔ ႀကံရြယ္ေနခဲ့တာျဖစ္ပါတယ္။ မန္စီးတီးအသင္းဟာ ၄င္းတို႔ရဲ့ ဆုဖလားအား ကာကြယ္ရန္အတြက္ ဆီးမီးဖိုင္နယ္အဆင့္တြင္ ပထမအေက်ာ့ အား အိုးထရက္ဖို႔ဒ္၌ရင္ဆိုင္ရမွာျဖစ္ၿပီး ဒုတိယအေက်ာ့တြင္ေတာ့အိမ္ကြင္းမွာ ျပန္လည္ဧည့္ခံကစားသြား ရမွာျဖစ္ပါတယ္။လက္ရွိ ခ်န္ပီယံဟာ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီတြင္ ခ်ဲလ္ဆီးအသင္းအား အနိုင္ယူကာ ခ်န္ပီ ယံ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာမွ “ယူနိုက္တက္လို ထိပ္သီးအသင္းနဲ႔ ရင္ဆိုင္ေတြ႕ရခ်ိန္မွာ မင္းအေနနဲ႔ အနိုင္ရယူနိုင္သလို ရႈံးနိမ့္တာမ်ိဴးလည္း ၾကဳံေတြ႕သြားရနိုင္ပါတယ္။ကၽြန္ေတာ္ဟာ တစ္ခ်ိန္လုံး ယူနိုက္တက္ကို အနိုင္ယူဖို႔ လာခဲ့တာမဟုတ္ပါဘူး။ဒါေပမယ့္ ကၽြန္ေတာ္တို႔ရဲ့ ပုံမွန္ေဘာလုံးရာသီမွာ ကၽြန္ေတာ္တို႔ သူတို႔ကိုအနိုင္ ရယူနိုင္တာဟာ ရႈံးနိမ့္တဲ့အေရအတြက္ထက္ နည္းဖို႔ေတာ့ ေမၽွာ္မွန္းပါတယ္။လာမည့္ပြဲစဥ္မွာ သူတို႔ဟာ သူတို႔ကစားျခင္တဲ့ ပုံစံအတိုင္းကစားၾကဖို႔ ႀကိဳးစားမယ္ဆိုတဲ့ ခံစားခ်က္မ်ိဳး ကၽြန္ေတာ္ခံစားေနမိပါတယ္။ သူတို႔ဟာ အာဆင္နယ္နဲ႔ပြဲစဥ္မွာ ရႈံးနိမ့္ခဲ့သည့္တိုင္ သူတို႔ဘာကိုလိုခ်င္တယ္ဆိုတာကို ရွင္းရွင္းလင္းလင္း သိခဲ့ရပါတယ္။ၿပိဳင္ပြဲတစ္ပြဲမွာ အသင္းႀကီးေတြနဲ႔ဆက္တိုက္ ဆုံေတြ႕ေနရတာဟာ တကယ္ကို လြယ္ကူတဲ့ အရာတစ္ခုေတာ့မဟုတ္ပါဘူး။သူတို႔ဟာ ဘယ္ေလာက္လ်င္ျမန္ၾကတယ္၊ဘယ္ေလာက္ ေတာင့္တင္းၿပီး ဘယ္ေလာက္ စိတ္ဆႏၵျပင္းျပေနတယ္ ဆိုတဲ့အရာေတြအားလုံးကို ကၽြန္ေတာ္သိထားပါတယ္။ကၽြန္တ္ော တို႔သာ သူတို႔ကို တန္ျပန္တိုက္စစ္ ဆင္ခြင့္ခြင့္ျပဳခဲ့မယ္ဆိုရင္ သူတို႔ဟာ စကၠန႔္ပိုင္းအတြင္း ကၽြန္ေတာ္တို႔ ရဲ့ ဂိုးဧရိယာထဲ ေရာက္လာၾကမယ့္သူေတြပါ။ဒါေပမယ့္ ကၽြန္ေတာ္တို႔ဟာ သူတို႔ကိုရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ေတြ ထက္ အနိုင္ရလဒ္ေတြကို ပိုမိုပိုင္ဆိုင္ထားတဲ့ အသင္းတစ္သင္းပါ။”လို႔ေျပာၾကားခဲ့ပါတယ္။