fbpx

ဒီဇင်ဘာလ အကောင်းဆုံး နည်းပြ ဇကာတင် စာရင်းတွင် ဆိုးလ်ရှား ပါဝင်

(Picture: Getty)

Unicode

ပရိတ်သတ်တွေနဲ့ ကစားသမားဟောင်းတွေရဲ့ ဝေဖန်မှုတွေ ခံနေရပေမယ့်လည်း ဒီဇင်ဘာလအတွက် Manager of the month ဆုအတွက် ဇကာတင်စာရင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားပါဝင်လာပါတယ်။

(Picture: Getty)

ပရီးမီးယားလိဂ်ပွဲကျပ်ကာလလို့ ဆိုရမယ့် ဒီဇင်ဘာလအတွက် Manager of the month ဆုအတွက် ရေပန်းစားနေတဲ့စာရင်းမှာ လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ် နှင့် ဝက်ဖိုဒ်နည်းပြ ပီယာဆန်တို့နဲ့အတူ နည်းပြဆိုးလ်ရှားလည်း ရေပန်းစားနေပါတယ်။နည်းပြဆိုးလ်ရှားအနေနဲ့ ဒီဇင်ဘာလအတွင်းမှာ စုစုပေါင်း ၇ ပွဲကစားခဲ့ရပြီး ၄ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးရလာဒ်သာ ရခဲ့သော်လည်း ယခုလို ဇကာတင်သုံးယောက်စာရင်း ပါဝင်လာခဲ့တဲ့အတွက် ဆိုးလ်ရှားကို ထောက်ခံခြင်းမရှိတဲ့ ပရိတ်သတ်တစ်ချို့က အံ့အားသင့်နေခဲ့ပါတယ်။
“သူတို့ ဆုပေးတဲ့စနစ်ကိုတော့ ကျွန်တောာ်မသိဘူး။ ဒါပေမယ့် သူ (ဆိုးလ်ရှား) ဘယ်လိုဇကာတင်ပါဝင်လာသလဲဆိုတာ ကျွန်တော် စဉ်းစားမရခဲ့ဘူး။ ဒီရလာဒ်တွေဟာ တကယ်ပဲ ဇကာတင်စာရင်း ပါဝင်ရလောက်အောင် ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေလား။ ကျွန်တော်တော့ အဲဒီလိုမထင်ပါဘူး” လို့ မန်ချက်စတာယူနိုက်တက်အမာခံပရိတ်သတ်တစ်ဦးက ပြေကြားခဲ့ပါတယ်။

(Picture: Getty)

လက်ရှိမှာတော့ နည်းပြဆိုးလ်ရှားအပေါ် အသင်းပရိတ်သတ်များက အားမလို အားမရဖြစ်နေခဲ့ပြီး ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကို လူအင်အားထပ်ဖြည့်ပေးဖို့ မျှော်လင့်နေခဲ့ကြပေမယ့် အသင်းနှင့် ဆိုးလ်ရှားတို့ဖက်မှ မည်သည့်ကစားသမားကိုမှ တစ်စုံတစ်ရာ ကမ်းလှမ်းတာမျိုး တရားဝင်မထုတ်ပြန်ထားသေးပါဘူး။

Zawgyi



(Picture: Getty)
