fbpx

ယူနိုက်တဒ်ရဲ့ အနာဂါတ်အစီအစဉ်ထဲမှာ ခေါ်ယူရန် ရေပန်းစားနေတဲ့ ကွင်းလယ်ကစားသမားများ

(Picture: Getty)

Unicode

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စောင့်ကြည်ရေးအစီအစဉ်တွေထဲမှာ စပို့တင်းလစ်ဘွန်းကစားသမား ဘရူနိုဖာနန်ဒက် ပါဝင်နေတုန်းပဲလို့ အသင်းတာဝန်ရှိသူတွေဖက်က ပြောကြားလိုက်ပါတယ်။

(Picture: Getty)

အဆိုပါ ပေါ်တူဂီကွင်းလယ်ကစားသမားကို ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့လောက်ကတည်းက အသင်းဖက်က လိုချင်နေတယ်လို့ အသံတွေထွက်ပေါ်ခဲ့ပေမယ့် လက်တွေ့မှာတော့ အပြောင်းအရွှေ့က ဖြစ်မလာခဲ့ပါဘူး။ နည်းပြဆိုးလ်ရှားအနေနဲ့ အဓိကကွင်းလယ်လူ ပေါ့ဘာနှင့်အတူ ကွင်းလယ်မှာ စိတ်ချယုံကြည်ရမယ့် ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ စပါးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် အဲရစ်ဆင်အပြင် လက်စတာစီးတီးအသင်းမှ ဂျိမ်းစ်မက်ဒီဆင် နှင့်အတူ အဆိုပါ ပေါ်တူဂီသားကိုပါ အလိုရှိနေတာလည်း ဖြစ်ပါတယ်။

(Picture: Getty)

စပို့တင်းလစ်ဘွန်းအသင်း တာဝန်ရှိသူတွေအနေနဲ့ ဘရူနိုဖာနန်ဒက်စ် ရဲ့ ပြောင်းရွှေ့ကြေးကို အနိမ့်ဆုံး ယူရို ၆၅ သန်းလောက်လိုချင်နေပြီး မန်ချက်စတာယူနိုက်တက်ဖက်က သန်း ၅၀ ခန့်သာ ပေးချေလိုသည့်အတွက် နှစ်ဖက်ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။နည်းပြဆိုးလ်ရှားကတော့ အဆိုပါ သုံးဦးထဲမှ အနည်းဆုံးတစ်ဦးကို အလိုရှိနေပြီး တိုက်စစ်မှူးတစ်ဦးကိုပါ ထပ်မံခေါ်ယူချင်နေပါတယ်။ အသင်းဘုတ်အဖွဲ့နဲ့ အက်ဒ်ဝုဒ်တို့အနေနဲ့ အသင်းကို အောင်မြင်မှုပြန်လည်ရယူဖို့အတွက် လုံလောက်တဲ့အင်အားဖြည့်တည်းမှုတွေ ပြုလုပ်ဖုုိ့လိုအပ်နေတာတော့ မလွဲမသေပါပဲ။ လက်ရှိ သတင်းတွေအရတော့ ဂျိမ်းစ်မက်ဒီဆင် က ရောက်ရှိနိုင်ဖို့ ပိုမိုရေပန်းစားနေပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ေစာင့္ၾကည္ေရးအစီအစဥ္ေတြထဲမွာ စပို႔တင္းလစ္ဘြန္းကစားသမား ဘ႐ူနိုဖာနန္ဒက္ ပါဝင္ေနတုန္းပဲလို႔ အသင္းတာဝန္ရွိသူေတြဖက္က ေျပာၾကားလိုက္ပါတယ္။

အဆိုပါ ေပၚတူဂီကြင္းလယ္ကစားသမားကို ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ႕ေလာက္ကတည္းက အသင္းဖက္က လိုခ်င္ေနတယ္လို႔ အသံေတြထြက္ေပၚခဲ့ေပမယ့္ လက္ေတြ႕မွာေတာ့ အေျပာင္းအေရႊ႕က ျဖစ္မလာခဲ့ပါဘူး။နည္းျပဆိုးလ္ရွားအေနနဲ႔ အဓိကကြင္းလယ္လူ ေပါ့ဘာႏွင့္အတူ ကြင္းလယ္မွာ စိတ္ခ်ယုံၾကည္ရမယ့္ ကစားသမားတစ္ေယာက္ကို ေခၚယူဖို႔ စိတ္အားထက္သန္ေနပါတယ္။ စပါးအသင္းရဲ့ ကြင္းလယ္ဖန္တီးရွင္ အဲရစ္ဆင္အျပင္ လက္စတာစီးတီးအသင္းမွ ဂ်ိမ္းစ္မက္ဒီဆင္ ႏွင့္အတူ အဆိုပါ ေပၚတူဂီသားကိုပါ အလိုရွိေနတာလည္း ျဖစ္ပါတယ္။

(Picture: Getty)

စပို႔တင္းလစ္ဘြန္းအသင္း တာဝန္ရွိသူေတြအေနနဲ႔ ဘ႐ူနိုဖာနန္ဒက္စ္ ရဲ့ ေျပာင္းေရႊ႕ေၾကးကို အနိမ့္ဆုံး ယူရို ၆၅ သန္းေလာက္လိုခ်င္ေနၿပီး မန္ခ်က္စတာယူနိုက္တက္ဖက္က သန္း ၅၀ ခန႔္သာ ေပးေခ်လိုသည့္အတြက္ ႏွစ္ဖက္ညႇိႏွိုင္းမႈေတြ ျပဳလုပ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။နည္းျပဆိုးလ္ရွားကေတာ့ အဆိုပါ သုံးဦးထဲမွ အနည္းဆုံးတစ္ဦးကို အလိုရွိေနၿပီး တိုက္စစ္မႉးတစ္ဦးကိုပါ ထပ္မံေခၚယူခ်င္ေနပါတယ္။ အသင္းဘုတ္အဖြဲ႕နဲ႔ အက္ဒ္ဝုဒ္တို႔အေနနဲ႔ အသင္းကို ေအာင္ျမင္မႈျပန္လည္ရယူဖို႔အတြက္ လုံေလာက္တဲ့အင္အားျဖည့္တည္းမႈေတြ ျပဳလုပ္ဖုုိ့လိုအပ္ေနတာေတာ့ မလြဲမေသပါပဲ။ လက္ရွိ သတင္းေတြအရေတာ့ ဂ်ိမ္းစ္မက္ဒီဆင္ က ေရာက္ရွိနိုင္ဖို႔ ပိုမိုေရပန္းစားေနပါတယ္။