fbpx

ရာသီကုန်တွင်ကစားသမား ၅ ဦး လက်လွှတ် ဆုံးရှုံးရဖွယ်ရှိနေတဲ့ မန်ချက်စတာယူနိုက်တဒ်

(Picture: Getty)

Unicode

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားအနေနဲ့ ယခုဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်းပြည့်တော့မည့် ကစားသမားငါးဦးကို လက်လွှတ်ရဖွယ်ရှိနေပါတယ်။ကစားသမားသစ်များဝယ်ယူရန်ပင် လက်တွန့်နေသည့်အသင်းမှာ လက်ရှိကစားသမားတစ်ချို့ကိုပါ အလွတ်ကြေးဖြင့် ဆုံးရှုံးရမည့်အနေအထားမှာရှိနေပါတယ်။ ထိုကစားသမားငါးဦးလုံးအတွက် ကမ်းလှမ်းမှုတစ်စုံတစ်ရာလည်း ယခုအချိန်အထိ မရရှိသေးပါဘူး။

ဖိုဆူမန်ဆက်
ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းသို့ အငှားသွားရောက်ကစားနေသည့် ဖိုဆူမန်ဆက်အနေဖြင့် ယခုရာသီအကုန်မှာ အသင်းနှင့် စာချုပ်သက်တမ်းပြည့်တော့မှာဖြစ်ပါတယ်။ အဆိုပါ နယ်သာလန်နောက်ခံလူဟာ 2014-16 ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး အသင်းကို တစ်စုံတစ်ရာ အကျိုးပြုထားခြင်းမရှိသေးတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

(Picture: Getty)

လီးဂရန့်
မော်ရင်ဟိုရဲ့ ခေါ်ယူမှုတွေထဲက တစ်ခုဖြစ်တဲ့ ဂိုးသမားလီးဂရန့်ကို နည်းပြဆိုးလ်ရှားက တစ်နှစ်သက်တမ်းထပ်တိုးခဲ့ပေမယ့် ဒီဂီယာ နဲ့ ရိုမဲရိုး တို့ရှိနေတဲ့ အသင်းလူစာရင်းမှာ နေရာမရခဲ့သူလည်းဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့် ၃၆ နှစ်ရှိပြီဖြစ်ပြီး အသင်းအတွက် နှစ်ပွဲသာကစားထားပေးနိုင်သည့် လီးဂရန့်ကို ရာသီကုန်မှာ လက်လွှတ်လိုက်ဖို့များပါတယ်။

အက်ရှ်လေယန်း
ဆယ်စုနှစ်တစ်ခုနီးပါး အသင်းနှင့်အတူ တိုက်ပွဲဝင်ခဲ့တဲ့ အင်္ဂလန်ကစားသမားကြီး အက်ရှ်လေယန်းကို မနှစ်က အသင်းတစ်ချို့က ကမ်းလှမ်းခဲ့ပေမယ့် နည်းပြဆိုးလ်ရှားကတော့ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ ငယ်ရွယ်တဲ့အသင်းတစ်သင်းကို တည်ဆောက်မှုမှာ ဆိုးလ်ရှားရှင်းထုတ်မယ့်ကစားသမားစာရင်းမှာ တစ်ချိန်က တောက်ပခဲ့တဲ့ တောင်ပံကစားသမားကြီးလည်း ပါဝင်လာပါတယ်။

(Picture: Getty)

မာတစ်
ပေါလ်ပေါ့ဘာရောက်လာပြီးနောက်ပိုင်း ၎င်းကိုအကူအညီပေးနိုင်ရန်အတွက် ဆရာဟောင်းဖြစ်သူ မော်ရင်ဟိုခေါ်ယူခဲ့တဲ့ကစားသမားပါ။ ပထမဆုံးရာသီမှာ အသင်းနှင့်အတူ ခြေစွမ်းပြခဲ့ပြီး ပေါ့ဘာနှင့်လည်း အတွဲညီညီ ကစားနိုင်ခဲ့ပေမယ့် ယခုရာသီမှာတော့ ဒဏ်ရာပြဿနာအနည်ငယ်ရှိနေခဲ့ပြီး အသင်းနှင့် ၁ဝ ပွဲသာ ကစားထားရပါသေးတယ်။ အသက်အရွယ်အားဖြင့်လည်း ၃၁ နှစ်ရှိပြီဖြစ်တဲ့ မာတစ်ကို ဆရာဟောင်း မော်ရင်ဟိုက စပါးအသင်းကိုခေါ်ယူချင်နေတယ်လို့ သတင်းထွက်ပါတယ်။

အဲရစ်ဘိုင်လီ
အဆိုပါ အိုင်ဗရီကိုစ်ဗဟိုနောက်ခံလူဟာ ၂၀၁၆ ခုနှစ်က ဗီလာရီးရဲယ်အသင်းကနေ လေးနှစ်စာချုပ်နဲ့ ပြောင်းလာခဲ့ပြီး ယခုအချိန်အထိ ပွဲ ၅၀ သာ ပွဲထွက်ကစားပေးထားပါတယ်။ ရောက်ရောက်ချင်း လက်စတာစီးတီးအသင်းနှင့် ကွန်မြူနတီဒိုင်းမှာ ခြေစွမ်းပြခဲ့ပြီး MOTM ဆုရရှိခဲ့သူဖြစ်ပြီး ဗဟိုနောက်ခံလူနေရာမှာ မာမာကျောကျော ကစားဟန်နှင့်အတူ အသင်းမှာ ရေရှည်အသုံးပြုနိုင်ရန် မျှော်လင့်ထားခဲ့ကြပေမယ့် မကြာခဏ ဒဏ်ရာပြဿနာရှိနေခဲ့ပြီး ယခုရာသီအကုန်မှာ စာချုပ်ပြည့်တော့မှာမို့ အသင်းနှင့် လမ်းခွဲရဖွယ်ရှိနေပါတယ်။

(Picture: Getty)

အကယ်၍ ကစားသမားငါးဦးလုံးကို လက်လွှတ်ရပါက နည်းပြဆိုးလ်ရှားလက်ထက်မှာ အသင်းကထွက်ခွာရတဲ့ ပထမအသင်းကြီးမှ ကစားသမား ၁၂ ဦးအထိရှိလာပြီဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္အသင္းနည္းၿပ ဆိုးလ္ရွားအေနနဲ႔ ယခုေဘာလုံးရာသီအကုန္မွာ စာခ်ဳပ္သက္တမ္းျပည့္ေတာ့မည့္ ကစားသမားငါးဦးကို လက္လႊတ္ရဖြယ္ရွိေနပါတယ္။ကစားသမားသစ္မ်ားဝယ္ယူရန္ပင္ လက္တြန႔္ေနသည့္အသင္းမွာ လက္ရွိကစားသမားတစ္ခ်ိဳ႕ကိုပါ အလြတ္ေၾကးျဖင့္ ဆုံးရႈံးရမည့္အေနအထားမွာရွိေနပါတယ္။ ထိုကစားသမားငါးဦးလုံးအတြက္ ကမ္းလွမ္းမႈတစ္စုံတစ္ရာလည္း ယခုအခ်ိန္အထိ မရရွိေသးပါဘူး။

ဖိုဆူမန္ဆက္
ၿပီးခဲ့တဲ့ ရာသီမွာ ပရီးမီးယားလိဂ္ကလပ္ ဖူလ္ဟမ္အသင္းသို႔ အငွားသြားေရာက္ကစားေနသည့္ ဖိုဆူမန္ဆက္အေနျဖင့္ ယခုရာသီအကုန္မွာ အသင္းႏွင့္ စာခ်ဳပ္သက္တမ္းျပည့္ေတာ့မွာျဖစ္ပါတယ္။ အဆိုပါ နယ္သာလန္ေနာက္ခံလူဟာ 2014-16 ယူနိုက္တက္အကယ္ဒမီထြက္ကစားသမားတစ္ေယာက္ျဖစ္ခဲ့ၿပီး အသင္းကို တစ္စုံတစ္ရာ အက်ိဳးျပဳထားျခင္းမရွိေသးတဲ့ ကစားသမားတစ္ေယာက္လည္းျဖစ္ပါတယ္။

(Picture: Getty)

လီးဂရန႔္
ေမာ္ရင္ဟိုရဲ့ ေခၚယူမႈေတြထဲက တစ္ခုျဖစ္တဲ့ ဂိုးသမားလီးဂရန႔္ကို နည္းျပဆိုးလ္ရွားက တစ္ႏွစ္သက္တမ္းထပ္တိုးခဲ့ေပမယ့္ ဒီဂီယာ နဲ႔ ရိုမဲရိုး တို႔ရွိေနတဲ့ အသင္းလူစာရင္းမွာ ေနရာမရခဲ့သူလည္းျဖစ္ပါတယ္။ အသက္အရြယ္အားျဖင့္ ၃၆ ႏွစ္ရွိၿပီျဖစ္ၿပီး အသင္းအတြက္ ႏွစ္ပြဲသာကစားထားေပးနိုင္သည့္ လီးဂရန႔္ကို ရာသီကုန္မွာ လက္လႊတ္လိုက္ဖို႔မ်ားပါတယ္။

အက္ရွ္ေလယန္း
ဆယ္စုႏွစ္တစ္ခုနီးပါး အသင္းႏွင့္အတူ တိုက္ပြဲဝင္ခဲ့တဲ့ အဂၤလန္ကစားသမားႀကီး အက္ရွ္ေလယန္းကို မႏွစ္က အသင္းတစ္ခ်ိဳ႕က ကမ္းလွမ္းခဲ့ေပမယ့္ နည္းျပဆိုးလ္ရွားကေတာ့ စာခ်ဳပ္သက္တမ္းတိုးခဲ့ပါတယ္။ ငယ္ရြယ္တဲ့အသင္းတစ္သင္းကို တည္ေဆာက္မႈမွာ ဆိုးလ္ရွားရွင္းထုတ္မယ့္ကစားသမားစာရင္းမွာ တစ္ခ်ိန္က ေတာက္ပခဲ့တဲ့ ေတာင္ပံကစားသမားႀကီးလည္း ပါဝင္လာပါတယ္။

(Picture: Getty)

မာတစ္
ေပါလ္ေပါ့ဘာေရာက္လာၿပီးေနာက္ပိုင္း ၎ကိုအကူအညီေပးနိုင္ရန္အတြက္ ဆရာေဟာင္းျဖစ္သူ ေမာ္ရင္ဟိုေခၚယူခဲ့တဲ့ကစားသမားပါ။ ပထမဆုံးရာသီမွာ အသင္းႏွင့္အတူ ေျခစြမ္းျပခဲ့ၿပီး ေပါ့ဘာႏွင့္လည္း အတြဲညီညီ ကစားနိုင္ခဲ့ေပမယ့္ ယခုရာသီမွာေတာ့ ဒဏ္ရာျပႆနာအနည္ငယ္ရွိေနခဲ့ၿပီး အသင္းႏွင့္ ၁ဝ ပြဲသာ ကစားထားရပါေသးတယ္။ အသက္အရြယ္အားျဖင့္လည္း ၃၁ ႏွစ္ရွိၿပီျဖစ္တဲ့ မာတစ္ကို ဆရာေဟာင္း ေမာ္ရင္ဟိုက စပါးအသင္းကိုေခၚယူခ်င္ေနတယ္လို႔ သတင္းထြက္ပါတယ္။

အဲရစ္ဘိုင္လီ
အဆိုပါ အိုင္ဗရီကိုစ္ဗဟိုေနာက္ခံလူဟာ ၂၀၁၆ ခုႏွစ္က ဗီလာရီးရဲယ္အသင္းကေန ေလးႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းလာခဲ့ၿပီး ယခုအခ်ိန္အထိ ပြဲ ၅၀ သာ ပြဲထြက္ကစားေပးထားပါတယ္။ ေရာက္ေရာက္ခ်င္း လက္စတာစီးတီးအသင္းႏွင့္ ကြန္ျမဴနတီဒိုင္းမွာ ေျခစြမ္းျပခဲ့ၿပီး MOTM ဆုရရွိခဲ့သူျဖစ္ၿပီး ဗဟိုေနာက္ခံလူေနရာမွာ မာမာေက်ာေက်ာ ကစားဟန္ႏွင့္အတူ အသင္းမွာ ေရရွည္အသုံးျပဳနိုင္ရန္ ေမၽွာ္လင့္ထားခဲ့ၾကေပမယ့္ မၾကာခဏ ဒဏ္ရာျပႆနာရွိေနခဲ့ၿပီး ယခုရာသီအကုန္မွာ စာခ်ဳပ္ျပည့္ေတာ့မွာမို႔ အသင္းႏွင့္ လမ္းခြဲရဖြယ္ရွိေနပါတယ္။

အကယ္၍ ကစားသမားငါးဦးလုံးကို လက္လႊတ္ရပါက နည္းျပဆိုးလ္ရွားလက္ထက္မွာ အသင္းကထြက္ခြာရတဲ့ ပထမအသင္းႀကီးမွ ကစားသမား ၁၂ ဦးအထိရွိလာၿပီျဖစ္ပါတယ္။