fbpx
စပါး ကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူမယ်လို့ သတင်းထွက်ပေါ်လာတဲ့ ယူနိုက်တဒ်
(AFP via Getty Images)
Manchester United hold talks with Christian Eriksen over January transfer
Unicode
ဇန်နဝါရီအပြောင်းအရွေ့ကာလမှာ မန်ချက်စတာယူနိုက်တဒ် ဟာ စပါး ကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့ သတင်းများအရသိရပါတယ်။ အဆိုပါ ကွင်းလယ်လူကို ရီးရဲလ်အသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေပြီး အခုနှစ်နွေရာသီတွင် စပါး အသင်းမှ အလွတ်ပြောင်းရွေ့တော့မှာဖြစ်ပါတယ်။ ယူနိုက်တဒ် အနေနဲ့လည်း အဲရစ်ဆင်ကို ဇန်နဝါရီ အပြောင်းအရွေ့မှာခေါ်ယူနိုင်ဖို့တွက် ဆွေးနွေးမှုများပြုလုပ်ထားပြီးဖြစ်တယ််လို့ သိရပါတယ်။
(AFP via Getty Images)
စပါးအသင်းအနေနဲ့လည်း အဲရစ်ဆင် အတွက် လက်ရှိစာချုပ်သက်တမ်းဟာ အခုနှစ် ရာသီအကုန်မှာ ကုန်ဆုံးတော့မှာြဖစ်လို့ ဆောင်းရာသီအပြောင်းအရွေ့မှာ အသင်းကရောင်းမထုတ်မိပါက ပြောင်းရွေ့ကြေး ကို ရရှိမှာ မဟုတ်လို့ နောက်ဆုံးအခွင့်အရေးကို အသုံးချဖွယ်ရှိနေပါတယ်။ ယူနိုက်တဒ် အနေနဲ့လည်း အဲရစ်ဆင်ကို ပေါ့ဘာ အတွက် တွဲဖက်ကွင်းလယ်လူအဖြစ်သော်လည်းကောင်း ၊ ပေါ့ဘာ အကယ်၍ အသင်းကထွက်ခွာသွားပါက အစားထိုးခေါ်ယူမှုအဖြစ်သော်လည်းကောင်း အဲရစ်ဆင်အတွက်ပြောင်းရွေ့ကြေးကို ပေါင် သန်း၄၀ ကျော်ဖြင့်ကမ်းလှမ်းမယ်လို့သတင်းများထွက်ပေါ်နေပါတယ်။
(AFP via Getty Images)
အဲရစ်ဆင် ကိုယ်တိုင်ကလည်း ရီးရဲလ်သို့ပြောင်းရွေ့ချင်ကြောင်း ယခုနှစ်နွေရာသီက ပြောကြားထားပြီး စပါး အသင်းရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့သော်လည်း အခုချိန်မှာ စိတ်မရှည်တော့ပဲ အခြားရွေးချယ်စရာအသင်းများကို ရှာဖွေတော့မယ်လို့ ပြောထားပါတယ်။ အဆိုပါ အဲရစ်ဆင် ပြောင်းရွေ့သွားနိုင်တဲ့ အသင်းများထဲမှာတော့ မန်ချက်စတာယူနိုက်တဒ်လည်း ပါဝင်နေပြီး ပြီးခဲ့တဲ့ လ က ကစားသမားနှင့်တွေ့ဆုံပြီးဆွေးနွေးမှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
Zawgyi