fbpx
ကစားသမား ၃ ဦး ထပ်မံရောက်ရှိလာဖို့ရှိတဲ့ မန်ချက်စတာယူနိုက်တဒ်ရဲ့ ဇန်နဝါရီအပြောင်းအရွေ့
(Picture: Getty)
Unicode
မန်ချက်စတာယူနိုက်တဒ်အသင်း မန်နေဂျာ ဆိုးလ်ရှား အနေဖြင့် ဇန်နဝါရီအပြောင်းရွေ့ကာလ အတွင်းမှာ အဓိက ကစားသမားခေါ်ယူမှုအဖြစ် ကစားသမား ၃ ဦးကို ခေါ်ယူသွားဖို့ရှိတယ်လို့သိရပါတယ်။ ဆိုးလ်ရှားအနေနဲ့ကတော့ ဇန်နဝါရီလ အပြောင်းအရွေ့ကာလမှာ အလုပ်များဖွယ်ရှိနေပြီး အသင်းရဲ့ ကွင်းလယ်ကို အဓိက ထား အင်အားဖြည့်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ဆိုးလ်ရှားကတော့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွေ့ကာလအတွင်းမှာတော့ တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ် ၊ နောက်ခံလူ မက်ဂွိုင်းယား နှင့် ဝမ်ဘစ်စကာ တို့ကိုခေါ်ယူထားပြီးဖြစ်ပါတယ်။
(Picture: Getty)
The Athletic ရဲ့ အဆိုအရတော့ ယူနိုက်တဒ် ရဲ့ ကွင်းလယ်ကစားသမားအင်အားကို ဆိုးလ်ရှားအနေနဲ့ အဓိကထား ခေါ်ယူသွားမှာဖြစ်ပြီး အပြောင်းအရွေ့ စတင်ပြီဆိုတာနဲ့ အမြန်ဆုံးလှုပ်ရှားနိုင်ချေရှိပါတယ်။ အခုလက်ရှိအချိန်မှာတော့ ကွင်းလယ်လူ ဖရက်ဒ် နဲ့ တော်မီနေး တို့ဟာ အတွဲညီညီ ဖြင့် ယူနိုက်တဒ် ကွင်းလယ်မှာ ခြေစွမ်းပြနေခဲ့သော်လည်း ကွင်းလယ်လူပေါ့ဘာ ကတော့ စက်တင်ဘာလကတည်းက စတင်ကာ အခုချိန်ထိ ဒါဏ်ရာကြောင့် အနားယူနေခဲ့ရတာြဖစ်ပါတယ်။ ပီရဲရား ကတော့ အခုနှစ်ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ ပွဲလောက် ပါဝင်ကစားထားပြီးဖြစ်သော်လည်း ဟွမ်မာတာ နှင့် လင်ဂတ်တို့မှာတော့ ဒါဏ်ရာကြောင့် အနားယူနေခဲ့ရတာရှိသလို ရံဖန်ရံခါမှ ပွဲထွက်လာလေ့ရှိပါတယ်။
(Picture: Getty)
ယခုလက်ရှိ ယူနိုက်တဒ် အသင်း သို့ရောက်ရှိရန် ရေပန်းအစားဆုံးကစားသမားကတော့ လက်စတာစီးတီး ရဲ့ကွင်းလယ်တိုက်စစ် ကစားသမား မက်ဒီဆင် ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ပြင်သစ်ကလပ် Rennes အသင်း ကွင်းလယ်လူ Eduarado Camavinga ဖြစ်ပါတယ်။ အဆိုပါ ကစားသမား ၂ ယောက်လုံးကို တစ်ပြိုင်တည်း ဇန်နဝါရီအပြောင်းအရွေ့ ခေါ်ယူဖို့အတွက်တော့ ဆိုးလ်ရှားအတွက် ခက်ခဲလိမ့်မယ်လို့ ဆိုထားပါတယ်။
ကွင်းလယ်ကစားသမား ၂ ဦး ဖြည့်တင်းပြီးနောက်မှာတော့ လူကာကူ နှင့် ဆန်းချက်တို့ ထွက်ခွာထားတဲ့ အသင်းရဲ့ တိုက်စစ်အတွက်တော့ တတိယမြောက်ကစားသမားခေါ်ယူမှုအဖြစ် ဆိုးလ်ရှားဟာ ၎င်းရဲ့ တပည့်ဟောင်းလည်းဖြစ်ပြီး အတူတကွလက်တွဲဖူးခဲ့တဲ့ နော်ဝေလူငယ်တိုက်စစ်မှူး ဟာလန်း ကို ခေါ်ယူရန် အဓိက ပစ်မှတ်ထားနေပြီး အဆိုပါ အပြောင်းအရွေ့ကတော့ ဖြစ်ပေါ်ရန် နီးစပ်လျက်ရှိနေပါတယ်။
(Picture: Getty)
ယူနိုက်တဒ် ရဲ့ အပြောင်းအရွေ့ အစီအစဉ်များနှင့်ပတ်သတ်၍ ဆိုးလ်ရှားက ” မိမိတို့အသင်းက ရေရှည်စီမံကိန်း ကို အဓိက ပစ်မှတ်ထားနေတဲ့အသင်း ဖြစ်တာကြောင့် ခေါ်ယူလိုတဲ့ ကစားသမားတွေ အားလုံးကို တစ်ပြိုင်တည်း ဇန်နဝါရီအပြောင်းအရွေ့ကာလအတွင်း ခေါ်ယူနိုင်ဖို့ကတော့ အနည်းငယ် ခက်ခဲပါလိမ့်မယ်။ အဲအချိန်ဆို အခြားကလပ်အသင်းတွေကလည်း ၎င်းတို့ကစားသမားတွေကို ရာသီဝက်ရောက်နေချိန် ဇန်နဝါရီအပြောင်းအရွေ့ကာလ အတွင်းမှာတော့ အသင်းက ထွက်ခွာခွင့်မပေးလိုကြပါဘူး။ အဓိက လိုအပ်နေတဲ့ နေရာတွေအတွက် ကစားသမား တစ်ယောက်သို့မဟုတ် နှစ်ယောက် ကတော့ တန်ဖိုးမြင့်တဲ့ပြောင်းရွေ့ကြေးတွေနဲ့မဟုတ်ပဲ အငှား သဘောဖြင့် ရောက်ရှိလာပြီး အသင်းကို တစ်ဖက်တစ်လမ်းကနေ ကူညီသွားဖွယ်ရှိနေပါတယ်။
Zawgyi