fbpx

တပည့်ဟောင်း ဖယ်လိုင်နီ ကို ပရီးမီးယားလိဂ်သို့ပြန်လည်ခေါ်ယူမယ့် မော်ရင်ဟို

(Picture: Getty)

Unicode

အခုလက်ရှိစပါးအသင်း နည်းပြဖြစ်သူ မော်ရင်ဟိုဟာ စပါးအသင်းသို့ ၎င်းရဲ့ တပည့်ဟောင်းဖြစ်သူ ဖယ်လိုင်နီကို ပြန်လည်ခေါ်ယူရန် ပြင်ဆင်နေပြီဖြစ်တယ်လို့ ဘယ်ဂျီယံ သတင်းဌာန တစ်ခုက ထုတ်ပြန်သွားပါတယ်။ မော်ရင်ဟို ဟာ မန်ချက်စတာယူနိုက်တဒ် အသင်းနည်းပြဖြစ်စဉ်က ဖယ်လိုင်နီကို အသင်းအတွက် လိုအပ်တဲ့အချိန်တိုင်းမှာ အမြင့်ဘောများအတွက် အကောင်းဆုံးအသုံးပြုခဲ့သော်လည်း နည်းပြသစ် အိုးလ်ရှား ရောက်ရှိလာချိန်မှာတော့ အသင်းကနေ ထွက်ခွာသွားခဲ့ရတာဖြစ်ပါတယ်။ ဘယ်ဂျီယံ အသင်းဌာန La Derniere Heure ရဲ့အဆိုအရတော့ မော်ရင်ဟို ဟာ အခုလာမယ့် ဇန်နဝါရီ အပြောင်းအရွေ့ ကာလအတွင်း ပထမဆုံး ဦးစားပေးခေါ်ယူမှုအဖြစ် ဖယ်လိုင်နီကို စပါးအသင်းသို့ အံ့အားသင့်ဖွယ်ခေါ်ယူလိမ့်မယ်လို့ဆိုထားပါတယ်။

(Picture: Getty)

ဖယ်လိုင်နီဟာ အခုလက်ရှိအချိန်တွင် တရုတ်စူပါလိဂ် Shandong Luneng အသင်းတွင် ကစားနေခဲ့ပြီး ကလပ်အသင်းအတွက် ၂၂ ပွဲ ပွဲထွက်ကစားပေးထားကာ ၇ ဂိုးသွင်းယူပြီး ၄ဂိုးရရှိအောင်ဖန်တီးပေးထားနိုင်တဲ့ အသက် ၃၂ နှစ်အရွယ် ကွင်းလယ်လူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တဒ်အသင်းတွင် မော်ရင်ဟိုနှင့်အတူလက်တွဲခဲ့စဉ်ကလည်း ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီ ဘန်လေအသင်းနှင့်ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

” အားလုံးသိကြတဲ့အတိုင်းပဲ ဖယ်လိုင်နီဟာ ကမ္ဘာကျော်ဘောလုံးသမား မာရာဒိုနာမဟုတ်ပေမယ့်လည်း ဖယ်လိုင်နီ က သူ့မှာ ရှိတဲ့ အစွမ်းအစ တွေအကုန်လုံးကို အသင်းအတွက်ပေးဆပ်ကစားတတ်တဲ့ ကစားသမားဆိုတာတော့ အားလုံးသိကြပါလိမ့်မယ် “လို့ဆိုပါတယ်။ အဆိုပါ ဘောလုံးရာသီအတွင်းမှာတော့ ဖယ်လိုင်နီ ဟာ ယူနိုက်တဒ် အတွက်အကောင်းဆုံးပေးဆပ်ကစားတဲ့ပုံစံတွေကို ပြသပေးနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူးတွေ လိုအပ်နေတဲ့ အရေးကြီးသွင်းဂိုးတွေကို သူသွင်းယူပေးခဲ့တာမျိုးတွေလိုပေါ့။ အရေးပါတဲ့ ပွဲစဉ်တွေမှာ အရေးကြီးတဲ့ အနိုင်ဂိုးတွေကို ဖယ်လိုင်နီက သွင်းယူပေးခဲ့တာပါလို့ ဆိုပါတယ်။

(Picture: Getty)

” ကျနော်သူ့အကြောင်း ကောင်းကောင်းသိပြီး သူကို ဘယ်နေရာမှာထားရင် လွတ်လွတ်လပ်လပ် ကစားခွင့်ရနိုင်မယ် ဆိုတာကိုလည်း သိပါတယ် ” လို့ မော်ရင်ဟိုက သူ့တပည့်ဟောင်းနဲ့ပတ်သတ်ပြီး ပြောကြားသွားပါတယ်။

Zawgyi

အခုလက္ရွိစပါးအသင္း နည္းျပျဖစ္သူ ေမာ္ရင္ဟိုဟာ စပါးအသင္းသို႔ ၎ရဲ့ တပည့္ေဟာင္းျဖစ္သူ ဖယ္လိုင္နီကို ျပန္လည္ေခၚယူရန္ ျပင္ဆင္ေနၿပီျဖစ္တယ္လို႔ ဘယ္ဂ်ီယံ သတင္းဌာန တစ္ခုက ထုတ္ျပန္သြားပါတယ္။ ေမာ္ရင္ဟို ဟာ မန္ခ်က္စတာယူနိုက္တဒ္ အသင္းနည္းျပျဖစ္စဥ္က ဖယ္လိုင္နီကို အသင္းအတြက္ လိုအပ္တဲ့အခ်ိန္တိုင္းမွာ အျမင့္ေဘာမ်ားအတြက္ အေကာင္းဆုံးအသုံးျပဳခဲ့ေသာ္လည္း နည္းျပသစ္ အိုးလ္ရွား ေရာက္ရွိလာခ်ိန္မွာေတာ့ အသင္းကေန ထြက္ခြာသြားခဲ့ရတာျဖစ္ပါတယ္။ ဘယ္ဂ်ီယံ အသင္းဌာန La Derniere Heure ရဲ့အဆိုအရေတာ့ ေမာ္ရင္ဟို ဟာ အခုလာမယ့္ ဇန္နဝါရီ အေျပာင္းအေရြ႕ ကာလအတြင္း ပထမဆုံး ဦးစားေပးေခၚယူမႈအျဖစ္ ဖယ္လိုင္နီကို စပါးအသင္းသို႔ အံ့အားသင့္ဖြယ္ေခၚယူလိမ့္မယ္လို႔ဆိုထားပါတယ္။

(Picture: Getty)

ဖယ္လိုင္နီဟာ အခုလက္ရွိအခ်ိန္တြင္ တ႐ုတ္စူပါလိဂ္ Shandong Luneng အသင္းတြင္ ကစားေနခဲ့ၿပီး ကလပ္အသင္းအတြက္ ၂၂ ပြဲ ပြဲထြက္ကစားေပးထားကာ ၇ ဂိုးသြင္းယူၿပီး ၄ဂိုးရရွိေအာင္ဖန္တီးေပးထားနိုင္တဲ့ အသက္ ၃၂ ႏွစ္အရြယ္ ကြင္းလယ္လူျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တဒ္အသင္းတြင္ ေမာ္ရင္ဟိုႏွင့္အတူလက္တြဲခဲ့စဥ္ကလည္း ၿပီးခဲ့တဲ့ႏွစ္ေဘာလုံးရာသီ ဘန္ေလအသင္းႏွင့္ပြဲစဥ္မွာ အေကာင္းဆုံးေျခစြမ္းျပသနိုင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

” အားလုံးသိၾကတဲ့အတိုင္းပဲ ဖယ္လိုင္နီဟာ ကမၻာေက်ာ္ေဘာလုံးသမား မာရာဒိုနာမဟုတ္ေပမယ့္လည္း ဖယ္လိုင္နီ က သူ႔မွာ ရွိတဲ့ အစြမ္းအစ ေတြအကုန္လုံးကို အသင္းအတြက္ေပးဆပ္ကစားတတ္တဲ့ ကစားသမားဆိုတာေတာ့ အားလုံးသိၾကပါလိမ့္မယ္ “လို႔ဆိုပါတယ္။ အဆိုပါ ေဘာလုံးရာသီအတြင္းမွာေတာ့ ဖယ္လိုင္နီ ဟာ ယူနိုက္တဒ္ အတြက္အေကာင္းဆုံးေပးဆပ္ကစားတဲ့ပုံစံေတြကို ျပသေပးနိုင္ခဲ့ပါတယ္။ တိုက္စစ္မႉးေတြ လိုအပ္ေနတဲ့ အေရးႀကီးသြင္းဂိုးေတြကို သူသြင္းယူေပးခဲ့တာမ်ိဳးေတြလိုေပါ့။ အေရးပါတဲ့ ပြဲစဥ္ေတြမွာ အေရးႀကီးတဲ့ အနိုင္ဂိုးေတြကို ဖယ္လိုင္နီက သြင္းယူေပးခဲ့တာပါလို႔ ဆိုပါတယ္။

” က်ေနာ္သူ႔အေၾကာင္း ေကာင္းေကာင္းသိၿပီး သူကို ဘယ္ေနရာမွာထားရင္ လြတ္လြတ္လပ္လပ္ ကစားခြင့္ရနိုင္မယ္ ဆိုတာကိုလည္း သိပါတယ္ ” လို႔ ေမာ္ရင္ဟိုက သူ႔တပည့္ေဟာင္းနဲ႔ပတ္သတ္ၿပီး ေျပာၾကားသြားပါတယ္။