fbpx

ဆန်ချိုနဲ့ဟာလန်း အတွက် ပေါင်သန်း၂၀၀ အထိ အသုံးပြုမယ့်ယူနိုက်တဒ်

(Picture: Getty)

Unicode

မန်ချက်စတာယူနိုက်တဒ် အသင်းဟာ လာမယ့် ဇန်နဝါရီလအပြောင်းအရွေ့ကာလအတွင်း ဂျော်ဒန် ဆန်ချို နဲ့ ဟာလန်းတို့ ၂ ယောက်ကိုအဓိက ပစ်မှတ်ထားခေါ်ယူသွားမယ်လို့ သိရပါတယ်။ တိုက်စစ်လိုအပ်ချက်များ ရှိနေတဲ့ မန်ယူနိုက်တဒ်အတွက်တော့ လူငယ်တိုက်စစ်ကစားသမား ၂ယောက်ကို ပစ်မှတ်ထားခေါ်ယူသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွေ့ကတည်းက ခေါ်ယူရန် ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။ ဆန်ချို ကို ခေါ်ယူရန်အတွက် လီဗာပူးလ် ကလည်း ပြင်ဆင်နေခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တဒ်နှင့်အပြိုင် ကမ်းလှမ်းသွားဖွယ်ရှိနေပါတယ်။ ယူနိုက်တဒ် အနေနဲ့ကတော့ အဆိုပါ တိုက်စစ် အတွဲ အတွက် ပြောင်းရွေ့ကြေးပေါင် သန်း ၂၀၀ နီးပါး အသုံးပြုသွားဖွယ်ရှိတယ်လို့ Metro သတင်းဌာနက ပြောသွားပြီး ဒေါ့မွန် အသင်း တောင်ပံကစားသမားအတွက် ပေါင် သန်း ၁၀၀ ကျော် ၊ ဆဲလ်ဘတ် အသင်းတိုက်စစ်မှူး ဟာလန်း အတွက် ပြောင်းရွေ့ကြေး ပေါင် ၈၅ သန်း ကျော် အထိ အသုံးပြုသွားဖွယ်ရှိနေပါတယ်။

(Picture: Getty)

ယူနိုက်တဒ်ဟာ အင်္ဂလန်အသင်း လက်ရွေးစင် ဆန်ချို ကို ခေါ်ယူရန် ပစ်မှတ်ထားနေခဲ့တာ အတော်အချိန်ကြာနေပြီ ဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း ဂျာမနီကနေ ထွက်ခွာကာ မန်ချက်စတာယူနိုက်တဒ်ကို ပြောင်းရွေ့ချင်ကြောင်း သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ဆန်ချို ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၄-၀ ဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပွဲချိန် ၃၆ မိနစ် အရောက်တွင် လူစားလဲလှယ်ခြင်းခံခဲ့ရပြီး အဆိုပါ ပွဲစဉ်မှာ ဒေါ့မွန်က ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။

(Picture: Getty)

၁၉ နှစ်သား နော်ဝေ တိုက်စစ်မှူး ဟာလန်း ဟာလည်း အသင်းနည်းပြ ဆိုးလ်ရှား ရဲ့ ယခင်အသင်း မိုလ်ဒီ မှာ အတူ တကွ လက်တွဲဖူးထားပြီး ကစားသမားနဲ့ နည်းပြ ကောင်းမွန်တဲ့ ဆက်ဆံရေးများလည်း ရှိထားတာကြောင့် အဆိုပါ အပြောင်းအရွေ့ကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဟာလန်းကို ခေါ်ယူရန် ပစ်မှတ်ထားနေတဲ့ အသင်းများကတော့ ရီးရဲယ်မက်ဒရစ်နှင့် ဘာစီလိုနာ အသင်းတို့ဖြစ်ပြီး ယူနိုက်တဒ် ဟာ အဆိုပါ စပိန်အင်အားကြီး အသင်းများနှင့် ဟာလန်းကို အပြိုင်ခေါ်ယူရမှာဖြစ်ပါတယ်။

Zawgyi


(Picture: Getty)

