fbpx

ပေါ့ဘာ ရဲ့အပြောင်းရွေ့အတွက် ဂျိမ်းစ်ရိုဒရီဂွတ် ကို အလိုက်ပေးမယ့် ရီးရဲယ်

(Picture: Getty)

Unicode

မန်ချက်စတာယူနိုက်တဒ်အသင်း ကွင်းလယ်လူ ပေါ့ဘာ ကို ရီးရဲယ်မက်ဒရစ်အသင်းက ကာလကြာရှည်စွာ ခေါ်ယူရန်ပစ်မှတ်ထားနေခဲ့ပြီး အခုချိန်မှာတော့ ရီးရဲယ် ကစားသမား ဂျိမ်းစ်ရိုဒရီဂွတ် နဲ့ အလိုက်ပေးကမ်းလှမ်းတော့မယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ နွေအပြောင်းအရွေ့မှာလည်း ရီးရဲယ်သို့ပြောင်းရွေ့ရန်အတွက် သတင်းတွေ အခိုင်အမာထွက်ပေါ်ခဲ့တဲ့အပြင် ပေါ့ဘာ ကိုယ်တိုင်ကလည်း အသင်းကနေထွက်ခွာတော့မယ်လို့ အရိပ်အမြွတ်တချို့ပြောထားခဲ့ပေမယ့်လည်း အဆုံးသတ်မှာတော့ အပြောင်းအရွေ့ မအောင်မြင်ခဲ့ပါဘူး။

(Picture: Getty)

မန်ချက်စတာယူနိုက်တဒ်အသင်းကတော့ ပေါ့ဘာ ရဲ့ ပြောင်းရွေ့ကြေးကို ပေါင် ၁၇၉ သန်းအထိ သတ်မှတ်ထားခဲ့ပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွေ့မှာ ရီးရဲယ် ထပ်မံကြိုးစားလာခဲ့ရင်လည်း ပြောင်းရွေ့ကြေးပမဏ ကို ယခင်အတိုင်း ဆက်လက်သတ်မှတ်ထားဖွယ်ရှိတယ်လို့ဆိုပါတယ်။ ရီးရဲယ် ဥက္ကဌ ဖလော်ရန်တီနိုပီးရက်ဇ် ကလည်း ပေါ့ဘာ ကို ခေါ်ယူရန် ရီးရဲယ်အသင်းအနေနဲ့ စိတ်ဝင်စားနေဆဲဖြစ်ပြီး အသင်းမှာ ခြေစွမ်းပြသရန် ရုန်းကန်နေရတဲ့ ကိုလံဘီယာ တိုက်စစ်ကစားသမား ဂျိမ်းစ် ကို အသင်းကနေ ရောင်းထုတ်ရန်ပြင်ဆင်နေပြီ ဖြစ်တယ်လို့ စပိန် သတင်းဌာန El Desmarque က ပြောထားပါတယ်။

(Image: Action Images via Getty Images)

ရီးရဲယ်ကတော့ ရိုဒရီဂွတ်စ်ကို ရောင်းထုတ်ပြီး အသင်းရဲ့ အရှိန်အဝါကို ဥရောပ ပြိုင်ပွဲများမှာ ပြန်လည် ခြေချနိုင်ဖို့အတွက် ပေါ့ဘာလို့ ကမ္ဘာအဆင့် ကစားသမားတစ်ယောက်ကို ခေါ်ယူလိုနေခြင်းဖြစ်ပါတယ်။ ပြင်သစ် လက်ရွေးစင် ပေါ့ဘာ ဟာ ပြီးခဲ့တဲ့စက်တင်ဘာလ ကုန်ကတည်းက မန်ချက်စတာယူနိုက်တဒ် ရဲ့ ပွဲစဉ်များကို ပါဝင်နိုင်ခြင်းမရှိခဲ့ပဲ ခြေကျင်းဝတ် ဒါဏ်ရာကြောင့် ဒီဇင်ဘာလ မတိုင်ခင်အထိ ကစားနိုင်အုန်းမှာ မဟုတ်ဘူးလို့သိရပါတယ်။ ရိုဒရီဂွတ် သာ ရီးရဲယ်အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုပါက ပေါ့ဘာ ရဲ့ အပြောင်းအရွေ့ဟာလည်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိနေပြီး မန်ချက်စတာယူနိုက်တဒ် အနေနဲ့လည်း ပေါ့ဘာ နေရာကို အစားထိုးရန်အတွက် ကွင်းလယ်ကစားသမား တချို့ကို ခေါ်ယူရန်ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

Unicode

မန္ခ်က္စတာယူနိုက္တဒ္အသင္း ကြင္းလယ္လူ ေပါ့ဘာ ကို ရီးရဲယ္မက္ဒရစ္အသင္းက ကာလၾကာရွည္စြာ ေခၚယူရန္ပစ္မွတ္ထားေနခဲ့ၿပီး အခုခ်ိန္မွာေတာ့ ရီးရဲယ္ ကစားသမား ဂ်ိမ္းစ္ရိုဒရီဂြတ္ နဲ႔ အလိုက္ေပးကမ္းလွမ္းေတာ့မယ္ဆိုၿပီး သတင္းေတြထြက္ေပၚလာပါတယ္။ ၿပီးခဲ့တဲ့ ေႏြအေျပာင္းအေရြ႕မွာလည္း ရီးရဲယ္သို႔ေျပာင္းေရြ႕ရန္အတြက္ သတင္းေတြ အခိုင္အမာထြက္ေပၚခဲ့တဲ့အျပင္ ေပါ့ဘာ ကိုယ္တိုင္ကလည္း အသင္းကေနထြက္ခြာေတာ့မယ္လို႔ အရိပ္အႁမြတ္တခ်ိဳ႕ေျပာထားခဲ့ေပမယ့္လည္း အဆုံးသတ္မွာေတာ့ အေျပာင္းအေရြ႕ မေအာင္ျမင္ခဲ့ပါဘူး။

(Picture: Getty)

မန္ခ်က္စတာယူနိုက္တဒ္အသင္းကေတာ့ ေပါ့ဘာ ရဲ့ ေျပာင္းေရြ႕ေၾကးကို ေပါင္ ၁၇၉ သန္းအထိ သတ္မွတ္ထားခဲ့ၿပီး လာမယ့္ ဇန္နဝါရီ အေျပာင္းအေရြ႕မွာ ရီးရဲယ္ ထပ္မံႀကိဳးစားလာခဲ့ရင္လည္း ေျပာင္းေရြ႕ေၾကးပမဏ ကို ယခင္အတိုင္း ဆက္လက္သတ္မွတ္ထားဖြယ္ရွိတယ္လို႔ဆိုပါတယ္။ ရီးရဲယ္ ဥကၠဌ ဖေလာ္ရန္တီနိုပီးရက္ဇ္ ကလည္း ေပါ့ဘာ ကို ေခၚယူရန္ ရီးရဲယ္အသင္းအေနနဲ႔ စိတ္ဝင္စားေနဆဲျဖစ္ၿပီး အသင္းမွာ ေျခစြမ္းျပသရန္ ႐ုန္းကန္ေနရတဲ့ ကိုလံဘီယာ တိုက္စစ္ကစားသမား ဂ်ိမ္းစ္ ကို အသင္းကေန ေရာင္းထုတ္ရန္ျပင္ဆင္ေနၿပီ ျဖစ္တယ္လို႔ စပိန္ သတင္းဌာန El Desmarque က ေျပာထားပါတယ္။

(Picture: Getty)

ရီးရဲယ္ကေတာ့ ရိုဒရီဂြတ္စ္ကို ေရာင္းထုတ္ၿပီး အသင္းရဲ့ အရွိန္အဝါကို ဥေရာပ ၿပိဳင္ပြဲမ်ားမွာ ျပန္လည္ ေျခခ်နိုင္ဖို႔အတြက္ ေပါ့ဘာလို႔ ကမၻာအဆင့္ ကစားသမားတစ္ေယာက္ကို ေခၚယူလိုေနျခင္းျဖစ္ပါတယ္။ ျပင္သစ္ လက္ေရြးစင္ ေပါ့ဘာ ဟာ ၿပီးခဲ့တဲ့စက္တင္ဘာလ ကုန္ကတည္းက မန္ခ်က္စတာယူနိုက္တဒ္ ရဲ့ ပြဲစဥ္မ်ားကို ပါဝင္နိုင္ျခင္းမရွိခဲ့ပဲ ေျခက်င္းဝတ္ ဒါဏ္ရာေၾကာင့္ ဒီဇင္ဘာလ မတိုင္ခင္အထိ ကစားနိုင္အုန္းမွာ မဟုတ္ဘူးလို႔သိရပါတယ္။ ရိုဒရီဂြတ္ သာ ရီးရဲယ္အသင္းကေန ထြက္ခြာခဲ့မယ္ဆိုပါက ေပါ့ဘာ ရဲ့ အေျပာင္းအေရြ႕ဟာလည္း ျဖစ္ေပၚလာနိုင္ဖြယ္ရွိေနၿပီး မန္ခ်က္စတာယူနိုက္တဒ္ အေနနဲ႔လည္း ေပါ့ဘာ ေနရာကို အစားထိုးရန္အတြက္ ကြင္းလယ္ကစားသမား တခ်ိဳ႕ကို ေခၚယူရန္ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။