fbpx

ဆိုးလ်ရှားအတွက် အသေခံပြီးတိုက်ပွဲဝင်သွားမယ်လို့ ဒီဟေးယား ကာကွယ်ပြောဆိုသွားခဲ့

Unicode

ဖိအားတွေအောက်မှာ ရောက်ရှိနေတဲ့ အသင်းနည်းပြ ဆိုးလ်ရှား နဲ့ပတ်သတ်ပြီး ဒီဟေးယား က ကျနော်တို့ ဟာ ဘောစ့် အတွက် အသေခံပြီး တိုက်ပွဲဝင်သွားကြမှာဖြစ်တယ်လို့ဆိုလိုက်ပါတယ်။ ဒီဟေးယားဟာ ယူနိုက်တတ်နှင့် အတူ ၅ နှစ်သက်တမ်း စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၃ ခုနှစ်အထိ ဆက်လက်ရှိနေအုန်းမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တတ် ဂိုးသမား ဒီဟေးယားက ဖိအားများ နှင့် ရင်ဆိုင်နေရတဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား ရဲ့ အနောက်မှာ ကစားသမားများအားလုံး ရပ်တည်ပေးနေကြတယ်။ နည်းပြအတွက် လိုအပ်ရင် အသေခံပြီးတိုက်ပွဲဝင်သွားဖို့တောင် ပြင်ဆင်ထားကြတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက မော်ရင်ဟို နေရာအတွင်း အစားထိုးဝင်ရောက်ပြီး ယာယီနည်းပြ ဖြစ်ခဲ့သူ ဆိုးလ်ရှားဟာ အမြဲတမ်းနည်းပြခန့်အပ်လိုက်ပြီးချိန်မှာတော့ အဆင်မပြေမှုများ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ရသလို ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် တွင် ချယ်ဆီးလ် ကို (၄-၀) နှင့် အနိုင်ရခဲ့တဲ့ပွဲပြီးနောက် ကျန် ၅ ပွဲမှာတော့ ပျှမ်းမျှ တစ်ပွဲ ၁ဂိုးမျှသာ သွင်းယူထားခဲ့လို့တိုက်စစ်ပိုင်း အဓိက ပြဿနာများနှင့် ကြုံတွေ့နေရပါတယ်။

အဆိုပါ ရလဒ်များ ကျဆင်းနေခဲ့ပြီး ခြေစွမ်းပိုင်းတည်ငြိမ်မှုမရှိတဲ့အပြင် ဒါဏ်ရာ ရကစားသမား များပြားနေခြင်း ၊ တိုက်စစ်အတွက်လုံလောက်တဲ့ ကစားသမား ဖြည့်တင်းနိုင်ခြင်းမရှိခြင်း ၊ ပွဲချိန်အတွင်း လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်ဆောင်ဖို့အားနည်းနေခဲ့တဲ့ နည်းပြဆိုးလ်ရှားကို ဝေဖန်မှုများ ရှိနေခဲ့ခြင်းဖြစ်ပါတယ်။ ဒီဟေးယား ဟာ Carabao Cup ပြိုင်ပွဲ မှာ ဝင်ရောက်ကစားခဲ့ခြင်းမရှိပဲ တနင်္လာနေ့ည မှာတော့ အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားမည့်ပွဲမှာ ပြန်လည်ပွဲထွက်လာပါလိမ့်မယ်။

Source : Goal

Zawgyi

ဖိအားေတြေအာက္မွာ ေရာက္ရွိေနတဲ့ အသင္းနည္းၿပ ဆိုးလ္ရွား နဲ႔ပတ္သတ္ၿပီး ဒီေဟးယား က က်ေနာ္တို႔ ဟာ ေဘာစ့္ အတြက္ အေသခံၿပီး တိုက္ပြဲဝင္သြားၾကမွာျဖစ္တယ္လို႔ဆိုလိုက္ပါတယ္။ ဒီေဟးယားဟာ ယူနိုက္တတ္ႏွင့္ အတူ ၅ ႏွစ္သက္တမ္း စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီး ၂၀၂၃ ခုႏွစ္အထိ ဆက္လက္ရွိေနအုန္းမွာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တတ္ ဂိုးသမား ဒီေဟးယားက ဖိအားမ်ား ႏွင့္ ရင္ဆိုင္ေနရတဲ့ နည္းျပျဖစ္သူ ဆိုးလ္ရွား ရဲ့ အေနာက္မွာ ကစားသမားမ်ားအားလုံး ရပ္တည္ေပးေနၾကတယ္။ နည္းျပအတြက္ လိုအပ္ရင္ အေသခံၿပီးတိုက္ပြဲဝင္သြားဖို႔ေတာင္ ျပင္ဆင္ထားၾကတယ္လို႔ဆိုပါတယ္။ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ေမာ္ရင္ဟို ေနရာအတြင္း အစားထိုးဝင္ေရာက္ၿပီး ယာယီနည္းၿပ ျဖစ္ခဲ့သူ ဆိုးလ္ရွားဟာ အျမဲတမ္းနည္းျပခန္႔အပ္လိုက္ၿပီးခ်ိန္မွာေတာ့ အဆင္မေျပမႈမ်ား ၾကဳံေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ဝင္ခြင့္ ဆုံးရႈံးခဲ့ရသလို ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ တြင္ ခ်ယ္ဆီးလ္ ကို (၄-၀) ႏွင့္ အနိုင္ရခဲ့တဲ့ပြဲၿပီးေနာက္ က်န္ ၅ ပြဲမွာေတာ့ ပၽွမ္းမၽွ တစ္ပြဲ ၁ဂိုးမၽွသာ သြင္းယူထားခဲ့လို႔တိုက္စစ္ပိုင္း အဓိက ျပႆနာမ်ားႏွင့္ ၾကဳံေတြ႕ေနရပါတယ္။

အဆိုပါ ရလဒ္မ်ား က်ဆင္းေနခဲ့ၿပီး ေျခစြမ္းပိုင္းတည္ၿငိမ္မႈမရွိတဲ့အျပင္ ဒါဏ္ရာ ရကစားသမား မ်ားျပားေနျခင္း ၊ တိုက္စစ္အတြက္လုံေလာက္တဲ့ ကစားသမား ျဖည့္တင္းနိုင္ျခင္းမရွိျခင္း ၊ ပြဲခ်ိန္အတြင္း လိုအပ္တဲ့ အေျပာင္းအလဲေတြ လုပ္ေဆာင္ဖို႔အားနည္းေနခဲ့တဲ့ နည္းျပဆိုးလ္ရွားကို ေဝဖန္မႈမ်ား ရွိေနခဲ့ျခင္းျဖစ္ပါတယ္။ ဒီေဟးယား ဟာ Carabao Cup ၿပိဳင္ပြဲ မွာ ဝင္ေရာက္ကစားခဲ့ျခင္းမရွိပဲ တနလၤာေန႔ည မွာေတာ့ အာဆင္နယ္အသင္းကို အိမ္ကြင္းမွာ လက္ခံ ကစားမည့္ပြဲမွာ ျပန္လည္ပြဲထြက္လာပါလိမ့္မယ္။

Source : Goal

Share this to Facebook

Leave a Reply

Your email address will not be published. Required fields are marked *