fbpx

နံနက်ခင်းသတင်းများ ( 27.9.2019 )

Unicode

မန်ချက်စတာယူနိုက်တက်, Real Madrid အသင်း, PSG အသင်း, LA Galaxy နှင့်အင်္ဂလန်ကြယ်ပွင့် ကစားသမားဟောင်းဖြစ်သူ ဒေးဗစ်ဘက်ခမ်း ဟာ ဘောလုံးအေးဂျင့် လောက ထဲသို့ ဝင်ရောက်တော့မှာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ အသက် 44 နှစ်အရွယ် ဘက်ခမ်းဟာ MLS လိဂ် တွင်စတင်ယှဉ်ပြိုင်တော့မည့် အင်တာမီလန်မိုင်ယာမီ အသင်း အပြင် Salford စီးတီး၏ အမှုဆောင် ရာထူးကိုပါ တာဝန်ယူထားပြီး ယခုချိန်မှာတော့ Dave Garder ၊ Nicola Howson တို့နှင့်ပူးပေါင်းပြီး ကစားသမားအေဂျင်စီတခု ထူထောင်တော့မှာဖြစ်တယ်လို့သိရပါတယ်။

2013 ခုနှစ်တွင် ဘောလုံးကစားခြင်းကနေ အနားယူတဲ့သူဘက်ခမ်း ဟာ အေးဂျင့်လိုင်စင် ရရှိထားသူ မဟုတ်ပေမယ့်လည်း Gardner ကတော့ ဘောလုံးအဖွဲ့အစည်းရဲ့ အေးဂျင့်လိုင်စင် ရရှိထားပြီး ၎င်းတို့အတူတကွ ပူးပေါင်း လုပ်ဆောင်ကြမှာဖြစ်တယ်လို့သိရပါတယ်။ ၎င်းတို့ အေဂျင်စီ ရဲ့ပထမဆုံး ကစားသမားအဖြစ် မန်ချက်စတာယူနိုက်တတ် လူငယ်တိုက်စစ်မှူး Mason Greenwood ရဲ့ ကစားသမားအေးဂျင့်အဖြစ် ကြိုးစားနေပြီ ဖြစ်တယ်လို့ဆိုပါတယ်။  နောတမ်ဟမ်ဖောရက်စ် တိုက်စစ်မှူးဟောင်း နှင့် အေးဂျင့် David Johnson ရဲ့သားဖြစ်သူ Brennan Johnson ဟာ ပြီးခဲ့တဲ့ အပတ်က ဘက်ခမ်းတို့အေဂျင်စီ နှင့် လက်တွဲခဲ့ပြီး နောတမ်ဟမ်ဖောရက်စ် အသင်းနှင့်အတူ စာချုပ်သစ် ထပ်မံချုပ်ဆိုခဲ့တယ်လို့သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လိုင်ယွန်အသင်းတိုက်စစ်မှူး Moussa Dembele ကို ဇန်နဝါရီအပြောင်းအရွှေ့ ကာလ အတွင်းမှာ လက်တလော တိုက်စစ် ပြဿနာအကျပ်အတည်းဖြေရှင်းရန် လိုင်ယွန် တိုက်စစ်မှူးကို စောင့်ကြည့်နေကြောင်းသိရပါတယ်။

မန်ချက်စတာယူနိုက်တတ် အသင်းတိုက်စစ်မှူး လူကာကူနှင့် ဆန်းချက်စ် တို့ကို အင်တာမီလန်အသင်းသို့ လက်လွှတ်လိုက်ရပြီးနောက်မှာတော့ ယူနိုက်တတ်ရဲ့ တိုက်စစ်မြှားဦးတွင် ရက်ဖို့ဒ် နှင့် မာရှယ်တို့သာ ကျန်ရှိနေတာဖြစ်ပါတယ်။ သို့သော် ထိုကစားသမား ၂ ဦးကလည်း ဒါဏ်ရာများအသီးသီး ရရှိနေကြပြီး မန်ချက်စတာယူနိုက်တတ်ရဲ့ တိုက်စစ်တွင် ဂရင်းဝုဒ် နှင့် လင်ဂတ်တို့သာ ကျန်ရှိနေပါတော့တယ်။
ယူနိုက်တက် အသင်းဘက်ကတော့ Brest နှင့် သရေကျခဲ့သည့် ပွဲစဉ် အပြင် PSG နှင့်ပွဲ၊ ဇင်းနစ် နှင့် ချန်ပီယံလိဂ်ပွဲများကိုလည်း ကင်းထောက်စေလွှတ်စောင့်ကြည့်ထားတယ်လို့သိရပါတယ်။

Dembele ဟာ ယခုအချိန်မှာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုပြသနေပြီး လိဂ်ဝမ်း တွင် ၆ ပွဲကစား ၆ဂိုးသွင်းယူပေးထားသည့် တိုက်စစ်မှူး တစ်ဦးဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္, Real Madrid အသင္း, PSG အသင္း, LA Galaxy ႏွင့္အဂၤလန္ၾကယ္ပြင့္ ကစားသမားေဟာင္းျဖစ္သူ ေဒးဗစ္ဘက္ခမ္း ဟာ ေဘာလုံးေအးဂ်င့္ ေလာက ထဲသို႔ ဝင္ေရာက္ေတာ့မွာျဖစ္တယ္လို႔သိရပါတယ္။
အဆိုပါ အသက္ 44 ႏွစ္အရြယ္ ဘက္ခမ္းဟာ MLS လိဂ္ တြင္စတင္ယွဥ္ၿပိဳင္ေတာ့မည့္ အင္တာမီလန္မိုင္ယာမီ အသင္း အျပင္ Salford စီးတီး၏ အမႈေဆာင္ ရာထူးကိုပါ တာဝန္ယူထားၿပီး ယခုခ်ိန္မွာေတာ့ Dave Garder ၊ Nicola Howson တို႔ႏွင့္ပူးေပါင္းၿပီး ကစားသမားေအဂ်င္စီတခု ထူေထာက္ေတာ့မွာျဖစ္တယ္လို႔သိရပါတယ္။

2013 ခုႏွစ္တြင္ ေဘာလုံးကစားျခင္းကေန အနားယူတဲ့သူဘက္ခမ္း ဟာ ေအးဂ်င့္လိုင္စင္ ရရွိထားသူ မဟုတ္ေပမယ့္လည္း Gardner ကေတာ့ ေဘာလုံးအဖြဲ႕အစည္းရဲ့ ေအးဂ်င့္လိုင္စစ္ ရရွိထားၿပီး ၎တို႔အတူတကြ ပူးေပါင္း လုပ္ေဆာင္ၾကမွာျဖစ္တယ္လို႔သိရပါတယ္။ ၎တို႔ ေအဂ်င္စီ ရဲ့ပထမဆုံး ကစားသမားအျဖစ္ မန္ခ်က္စတာယူနိုက္တတ္ လူငယ္တိုက္စစ္မႉး Mason Greenwood ရဲ့ ကစားသမားေအးဂ်င့္အျဖစ္ ႀကိဳးစားေနၿပီ ျဖစ္တယ္လို႔ဆိုပါတယ္။  ေနာတမ္ဟမ္ေဖာရက္စ္ တိုက္စစ္မႉးေဟာင္း ႏွင့္ ေအးဂ်င့္ David Johnson ရဲ့သားျဖစ္သူ Brennan Johnson ဟာ ၿပီးခဲ့တဲ့ အပတ္က ဘက္ခမ္းတို႔ေအဂ်င္စီ ႏွင့္ လက္တြဲခဲ့ၿပီး ေနာတမ္ဟမ္ေဖာရက္စ္ အသင္းႏွင့္အတူ စာခ်ဳပ္သစ္ ထပ္မံခ်ဳပ္ဆိုခဲ့တယ္လို႔သိရပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ လိုင္ယြန္အသင္းတိုက္စစ္မႉး Moussa Dembele ကို ဇန္နဝါရီအေျပာင္းအေရႊ႕ ကာလ အတြင္းမွာ လက္တေလာ တိုက္စစ္ ျပႆနာအက်ပ္အတည္းေျဖရွင္းရန္ လိုင္ယြန္ တိုက္စစ္မႉးကို ေစာင့္ၾကည့္ေနေၾကာင္းသိရပါတယ္။

မန္ခ်က္စတာယူနိုက္တတ္ အသင္းတိုက္စစ္မႉး လူကာကူႏွင့္ ဆန္းခ်က္စ္ တို႔ကို အင္တာမီလန္အသင္းသို႔ လက္လႊတ္လိုက္ရၿပီးေနာက္မွာေတာ့ ယူနိုက္တတ္ရဲ့ တိုက္စစ္ျမႇားဦးတြင္ ရက္ဖို႔ဒ္ ႏွင့္ မာရွယ္တို႔သာ က်န္ရွိေနတာျဖစ္ပါတယ္။ သို႔ေသာ္ ထိုကစားသမား ၂ ဦးကလည္း ဒါဏ္ရာမ်ားအသီးသီး ရရွိေနၾကၿပီး မန္ခ်က္စတာယူနိုက္တတ္ရဲ့ တိုက္စစ္တြင္ ဂရင္းဝုဒ္ ႏွင့္ လင္ဂတ္တို႔သာ က်န္ရွိေနပါေတာ့တယ္။
ယူနိုက္တက္ အသင္းဘက္ကေတာ့ Brest ႏွင့္ သေရက်ခဲ့သည့္ ပြဲစဥ္ အျပင္ PSG ႏွင့္ပြဲ၊ ဇင္းနစ္ ႏွင့္ ခ်န္ပီယံလိဂ္ပြဲမ်ားကိုလည္း ကင္းေထာက္ေစလႊတ္ေစာင့္ၾကည့္ထားတယ္လို႔သိရပါတယ္။

Dembele ဟာ ယခုအခ်ိန္မွာ သူ႔ရဲ့အေကာင္းဆုံးေျခစြမ္းကိုျပသေနၿပီး လိဂ္ဝမ္း တြင္ ၆ ပြဲကစား ၆ဂိုးသြင္းယူေပးထားသည့္ တိုက္စစ္မႉး တစ္ဦးျဖစ္ပါတယ္။

Share this to Facebook

Leave a Reply

Your email address will not be published. Required fields are marked *