fbpx
မန်ချက်စတာယူနိုက်တတ်အသင်းမန်နေဂျာ ရာထူးကို မျက်စိကျနေတဲ့ အာဆင်ဝင်းဂါး
Unicode
အာဆင်နယ်အသင်း မန်နေဂျာဟောင်း ဖြစ်သူ အာဆင်ဝင်းဂါး ဟာ မန်ချက်စတာယူနိုက်တတ်အသင်းမန်နေဂျာ ရာထူးကို မျက်စိကျနေပြီး အိုးထရက်ဖိုဒ့်ကွင်း ရဲ့ အဓိက နည်းပြရာထူးအတွက် မန်နေဂျာတိုင်းက မျက်စိကျနေချိန်ပဲ ဖြစ်ပါတယ်။
သရဲနီတို့ဟာ အသင်းမန်နေဂျာ အိုလေဂန်းနား ဆိုးလ်ရှား လက်အောက်မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲ ၆ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာတော့ ၂ပွဲ နိုင် ၊ ၂ ပွဲ သရေ ၊ ၂ ပွဲ ရှုံး ရလဒ်ဖြင့် အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။ ပွဲစဉ် တိုင်းကိုလည်း ချယ်ဆီး အသင်း နှင့် အဖွင့် ပွဲစဉ် မှ အပ အခြားပြိုင်ပွဲများမှာတော့ သွင်းဂိုး ၁ ဂိုးစီသာ ရရှိထားတာြဖစ်ပါတယ်။
နော်‌ဝေ လူမျိုး အဆိုပါ နည်းပြ ဆိုးလ်ရှားဟာ အသင်းသို့ ပြီးခဲ့တဲ့ ဘောလုံးရာသီ ဒီဇင်ဘာလ က အသင်းမှ ထုတ်ပယ်ခံလိုက်ရသည့် မော်ရင်ဟို ၏ နေရာတွင် ယာယီ နည်းပြအဖြစ် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ယခုနှစ် ဘောလုံးရာသီ အစမှာတော့ မက်ဂွိုင်းယား ၊ ဝမ်ဘစ်စကာ ၊ ဒန်နီရယ်ဂျိန်းစ် တို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။ ထို့အပြင် ဟာရဲရား ၊ လူကာကူ ၊ ဆန်းချက်စ် တို့ရဲ့ လစ်လပ်သွားတဲ့နေရာကွက်လပ်များကိုပြန်လည် မဖြည့်တင်းနိုင်ခဲ့တဲ့အတွက်ကြောင့်လည်း ပရိတ်သတ်များရဲ့ ဝေဖန်မှုများကို ခံနေ၇ပြီး အသင်းရဲ့ တိုက်စစ်အင်အား ကလည်း လက်ရှိအချိန်မှာ အားပျော့နေတာြဖစ်တာကြောင့် ဆိုးလ်ရှားဟာ ယူနိုက်တတ်အသင်းမှာ ဖိအားများဖြင့်ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။
အာဆင်ဝင်းဂါးဟာ လက်ရှိအချိန်မှာတော့ beIN Sports ရဲ့ ဘောလုံးဝေဖန်သုံးသပ်သူ တစ်ယောက်ဖြစ်ပြီး အစီအစဉ်တင်ဆက်နေချိန်အတွင်းမှာ ယူနိုက်တတ်ရဲ့နည်းပြရာထူးအတွက် စိတ်ဝင်စားနေကြောင်း ပြောကြားခဲ့ပြီး ယူနိုက်တတ်အသင်းရဲ့နည်းပြချုပ်ရာထူးဟာ မန်နေဂျာအားလုံး ရဲ့ အိမ်မက်တခု ဖြစ်ပြီး သူ့အမြင်အရတော့ ပထမဦးစားပေး ကစားသမား ၄ဦး အပြင် အခုအသင်းမှာ ရှိနေတဲ့ ကစားသမားတိုင်းကလည်း လူတွေထင်သလောက် စွမ်းဆောင်ရည်ညံ့ဖျင်းနေတာမဟုတ်ပဲ အသင်းအတွက်အကောင်းဆုံး စိန်ခေါ်နိုင်စွမ်းရှိနေတယ်လို့ဆိုပါတယ်။
မန်ချက်စတာယူနိုက်တတ် နည်းပြရာထူးအတွက် စိတ်ဝင်စားလားလို့ မေးမြန်းခဲ့မှု အပေါ် မှာတော့ ” ကျနော့် မှာ ယုံကြည်ချက် ရှိပါတယ်။ ယူနိုက်တတ်ကို ကိုင်တွယ်နိုင်ရဲ့ သတ္တိလည်းရှိတယ်။ ” လို့ပြောြကားသွားပါတယ်။
source : sportskeeda
Zawgyi
source : sportskeeda
Share this to Facebook
Leave a Reply
Your email address will not be published. Required fields are marked *