fbpx

မနက္ပိုင္းသတင္းမ်ား ( 7.8.2019 )

Zawgyi

ယူနိုက္​တက္​အသင္​းဟာ အဲရစ္​ဆင္​ကို ​​​​ေခၚယူနိုင္​ဖို႔အ​ေရး ယခုရက္​ပိုင္​း ​ေတာ့တင္​ဟမ္​နဲ႔​လန္​ဒန္​ၿမိဳ႕မွာ ​ေဆြး​ေနြး​ေနၾက​ပါတယ္​။ အ​ေျပာင္​းအ​ေ႐ႊ့ရာသီမပိတ္​ခင္​ အၿပီးသတ္​သ​ေဘာတူညီမႈရရွိဖို႔ ရုန္​းကန္​​ေနခ်ိန္​​မွာ Paulo Dybala ကို​​ ​ေျပာင္​း​ေ႐ႊ့​ေၾကးယူရိုသန္​း ၇၀ နဲ႔​ေခၚယူဖို႔ ​​ေတာ့တင္​ဟမ္​နဲ႔ဂ်ဴဗင္​တပ္​စ္​တို႔ သ​ေဘာတူညီမႈရရွိခဲ့ၿပီျဖစ္​ပါတယ္​။

ယခုလို Dybala အ​ေနနဲ႔ ဝွိုက္​ဟတ္​လိန္​းကို ​ေျပာင္​း​ေ႐ႊ့​လာ​ေတာ့မွာျဖစ္​တာ​ေၾကာင့္ အဲရစ္​ဆင္​ရဲ႕အ​​ေနအထားက ပိုမိုလြယ္​ကူလာဖို႔ရွိပါတယ္​။ ​ေတာ့တင္​ဟမ္​အ​ေနနဲ႔ စာခ်ဳပ္​သက္​တမ္​း​ေနာက္​ဆံုးနွစ္​ကို ​ေရာက္​ရွိ​​​ေနၿပီး စာခ်ဳပ္​သစ္​ကိုလည္​းျငင္​းပယ္​ထားတဲ့ အဲရစ္​ဆင္​ကို ​ယခု​ေနြရာသီအ​ေစာပိုင္​းက ​ေပါင္​သန္​း ၁၃၀ ​ေစ်း​ေခၚထား​ေပမယ္​့ ယခုအခ်ိန္​မွာ ​​ေျပာင္​း​ေ႐ႊ့​ေၾကး​ေပါင္​သန္​း ၅၀ ​ေက်ာ္​ရပါက ထုတ္​​ေရာင္​းဖို႔ရွိ​ေၾကာင္​း သိရပါတယ္​။ အကယ္​၍သာ ယူနိက္​တက္​အ​ေနနဲ႔ အဲရစ္​ဆင္​ကို အ​ေျပာင္​းအ​ေ႐ႊ့မပိတ္​ခင္​ အခ်ိန္​မီ​ေခၚယူဖို႔မျဖစ္​နိုင္​​ေတာ့ပါက ​ေကာ္​တင္​ညိဳကို​​​​​ေျပာင္​းလဲ​ေခၚယူဖို႔ လုပ္​​ေဆာင္​သြားမွာျဖစ္​ပါတယ္​။

(*** ဒိုင္​ဘာလာ​ေအးဂ်င္​့ျဖစ္သူဟာ က်န္​ရွိ​ေန​ေသးတဲ့ ပုဂၢိဳလ္​​ေရးအခ​်က္​အလက္​​ေတြ သ​ေဘာတူညီမႈရဖို႔ ​ေတာ့တင္ဟမ္​တာဝန္​ရွိသူ​ေတြနဲ႔ ဆက္​လက္​​ေဆြး​ေနြး​ၾကဖို႔ရွိပါတယ္​)

Ref : Di Marzio , Telegraph

ယူနိုက္​တက္​အသင္​းဟာ လူကာကူအတြက္​ အင္​တာမီလန္​အသင္​းထံမွ​ ထပ္​မံ​ေရာက္​ရွိလာတဲ့ ​ေပါင္​ ၆၈ သန္​း + Add-ons တန္​ကမ္​းလွမ္​းမႈကို ပယ္​ခ်လိုက္​ပါတယ္​။ အက္​ဝုဒ္​ဝပ္​ဟာ လူကာကူကိုဝယ္​ယူစဥ္​က ကုန္​က်ခဲ့တဲ့​​ေစ်းအတိုင္​း ​ေပါင္​ ၇၅ သန္​းခန္​႔အလိုရွိ​ေနပါတယ္​။

(***Lukaku – Dybala အလဲအထပ္​လုပ္​မယ္​့ အ​ေျပာင္​းအ​ေ႐ႊ့ဇာတ္​လမ္​းက တခန္​းရပ္​သြားၿပီလို႔ သိရပါတယ္​)

Ref : Sky Sports

ယူနိုက္​တက္​အသင္​းဟာ ​ေတာ့တင္​ဟမ္​ကြင္​းလယ္​လူ Christian Eriksen ကို​ေခၚယူဖို႔ အရွိန္​အဟုန္​ျမင္​့ႀကိဳးပမ္​း​ေနသလို ​ေတာ့တင္​ဟမ္​ကလည္​း အဲရစ္​ဆင္​​ေနရာအစားထိုးဖို႔ ရီးရဲဘက္​တစ္​မွ LoCelso နဲ႔​ေဆြး​ေနြး​​ေနၾကပါတယ္​။ ဒါ​ေပမယ္​့ နွစ္​သင္​းစလံုးက အၿပီးသတ္​သ​ေဘာတူညီမႈရရွိဖို႔ အလွမ္​း​ေဝး​ေနဆဲျဖစ္​ပါတယ္​။

​ေတာ့တင္​ဟမ္​အ​ေနနဲ႔ Lo Celso ကို​ေခၚယူနိုင္​ခဲ့ပါက စာခ်ဳပ္​သက္​တမ္​း​ေနာက္​ဆံုးနွစ္​ကို​ေရာက္​ရွိ​ေနၿပီး အသင္​းနဲ႔သက္​တမ္​းတိုးဖု႔ိ ျငင္​းဆန္​ထားတဲ့ အဲရစ္​ဆင္​ကို​ေရာင္​းထုတ္​သြားဖို႔ စီစဥ္​ထားပါတယ္​။ ရီးရဲမက္​ဒရစ္​ကလည္​း ​အဲရစ္​ဆင္​ကို​ေခၚယူဖို႔ လႈပ္​ရွား​ေနပါတယ္​။ ဒါ​ေၾကာင္​့ `ဘာ​ေတြျဖစ္​ပ်က္​လာမလဲ?´ ၾကာသ​ပ​ေတး​ေန႔ ​​ေနြရာသီအ​ေျပာင္​းအ​ေ႐ႊ့မပိတ္​ခင္​ ​ေနာက္​ဆံုးမိနစ္​ထိ​ ​ေစာင္​့ၾကည္​့ရဖို႔ရွိပါတယ္​။

Ref : Independent

Unicode

ယူနိုက်တက်အသင်းဟာ အဲရစ်ဆင်ကို ခေါ်ယူနိုင်ဖို့အရေး ယခုရက်ပိုင်း တော့တင်ဟမ်နဲ့လန်ဒန်မြို့မှာ ဆွေးနွေးနေကြပါတယ်။ အပြောင်းအရွှေ့ရာသီမပိတ်ခင် အပြီးသတ်သဘောတူညီမှုရရှိဖို့ ရုန်းကန်နေချိန်မှာ Paulo Dybala ကို ပြောင်းရွှေ့ကြေးယူရိုသန်း ၇၀ နဲ့ခေါ်ယူဖို့ တော့တင်ဟမ်နဲ့ဂျူဗင်တပ်စ်တို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။

ယခုလို Dybala အနေနဲ့ ဝှိုက်ဟတ်လိန်းကို ပြောင်းရွှေ့လာတော့မှာဖြစ်တာကြောင့် အဲရစ်ဆင်ရဲ့အနေအထားက ပိုမိုလွယ်ကူလာဖို့ရှိပါတယ်။ တော့တင်ဟမ်အနေနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေပြီး စာချုပ်သစ်ကိုလည်းငြင်းပယ်ထားတဲ့ အဲရစ်ဆင်ကို ယခုနွေရာသီအစောပိုင်းက ပေါင်သန်း ၁၃၀ ဈေးခေါ်ထားပေမယ့် ယခုအချိန်မှာ ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ ကျော်ရပါက ထုတ်ရောင်းဖို့ရှိကြောင်း သိရပါတယ်။ အကယ်၍သာ ယူနိက်တက်အနေနဲ့ အဲရစ်ဆင်ကို အပြောင်းအရွှေ့မပိတ်ခင် အချိန်မီခေါ်ယူဖို့မဖြစ်နိုင်တော့ပါက ကော်တင်ညိုကိုပြောင်းလဲခေါ်ယူဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

(*** ဒိုင်ဘာလာအေးဂျင့်ဖြစ်သူဟာ ကျန်ရှိနေသေးတဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ သဘောတူညီမှုရဖို့ တော့တင်ဟမ်တာဝန်ရှိသူတွေနဲ့ ဆက်လက်ဆွေးနွေးကြဖို့ရှိပါတယ်)

Ref : Di Marzio , Telegraph

ယူနိုက်တက်အသင်းဟာ လူကာကူအတွက် အင်တာမီလန်အသင်းထံမှ ထပ်မံရောက်ရှိလာတဲ့ ပေါင် ၆၈ သန်း + Add-ons တန်ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။ အက်ဝုဒ်ဝပ်ဟာ လူကာကူကိုဝယ်ယူစဉ်က ကုန်ကျခဲ့တဲ့ဈေးအတိုင်း ပေါင် ၇၅ သန်းခန့်အလိုရှိနေပါတယ်။

(***Lukaku – Dybala အလဲအထပ်လုပ်မယ့် အပြောင်းအရွှေ့ဇာတ်လမ်းက တခန်းရပ်သွားပြီလို့ သိရပါတယ်)

Ref : Sky Sports

ယူနိုက်တက်အသင်းဟာ တော့တင်ဟမ်ကွင်းလယ်လူ Christian Eriksen ကိုခေါ်ယူဖို့ အရှိန်အဟုန်မြင့်ကြိုးပမ်းနေသလို တော့တင်ဟမ်ကလည်း အဲရစ်ဆင်နေရာအစားထိုးဖို့ ရီးရဲဘက်တစ်မှ LoCelso နဲ့ဆွေးနွေးနေကြပါတယ်။ ဒါပေမယ့် နှစ်သင်းစလုံးက အပြီးသတ်သဘောတူညီမှုရရှိဖို့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။

တော့တင်ဟမ်အနေနဲ့ Lo Celso ကိုခေါ်ယူနိုင်ခဲ့ပါက စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကိုရောက်ရှိနေပြီး အသင်းနဲ့သက်တမ်းတိုးဖု့ိ ငြင်းဆန်ထားတဲ့ အဲရစ်ဆင်ကိုရောင်းထုတ်သွားဖို့ စီစဉ်ထားပါတယ်။ ရီးရဲမက်ဒရစ်ကလည်း အဲရစ်ဆင်ကိုခေါ်ယူဖို့ လှုပ်ရှားနေပါတယ်။ ဒါကြောင့် `ဘာတွေဖြစ်ပျက်လာမလဲ?´ ကြာသပတေးနေ့ နွေရာသီအပြောင်းအရွှေ့မပိတ်ခင် နောက်ဆုံးမိနစ်ထိ စောင့်ကြည့်ရဖို့ရှိပါတယ်။

Ref : Independent

Share this to Facebook

Leave a Reply

Your email address will not be published. Required fields are marked *