fbpx
မနက်ခင်းသတင်းတိုများ ( 6.8.2019 )
Zawgyi
Ref : James Ducker
Ref : BBC Football
Ref : AS English
Unicode
ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းဟာ DC United တိုက်စစ်မှူး ဝိန်းရွန်းနီကို ကစားသမား/နည်းပြအဖြစ်ခန့်အပ်ဖို့ ဆွေးနွေးနေကြောင်း Telegraph သတင်းစာကဆိုပါတယ်။
ယူနိုက်တက်ဂန္တဝင်ဝိန်းဟာ ကစားသမားဘဝမှအနားယူပြီးပါက အင်္ဂလန်ကိုပြန်လာပြီး နည်းပြလောကသို့ဝင်ရောက်ဖို့စီစဉ်ထားကြောင်း ပြောဆိုခဲ့ဖူးပါတယ်။ DC United နဲ့ ဝိန်းတို့ရဲ့စာချုပ်ဟာ ၂၀၂၁ နှစ်ကုန်ပိုင်းထိ သက်တမ်းကျန်ရှိနေသေးတာဖြစ်ပါတယ်။ဒါဘီအသင်းဟာ ချဲလ်ဆီးကိုထွက်ခွာသွားတဲ့နည်းပြ Lampard နေရာမှာ Cocu ကို ၄ နှစ်စာချုပ်နဲ့ ယခုနွေရာသီကပဲ ခန့်အပ်ထားတာဖြစ်ပေမယ့် ဝိန်းကိုခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဝိန်းဟာလည်း DC United နဲ့ချုပ်ဆိုထားတဲ့စာချုပ်ကို စောစီးစွာဖျက်သိမ်းပြီး အင်္ဂလန်မြေမှာတကျော့ပြန်ခြေချဖို့ စိတ်အားထက်သန်နေကြောင်း သိရှိရပါတယ်။
Ref : James Ducker
ယူနိုက်တက်အမျိုးသမီးအသင်းခေါင်းဆောင် Alex Greenwood ဟာ ပြင်သစ်ကလပ်လိုင်ယွန်အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ ပြင်သစ်ချန်ပီယံ လိုင်ယွန်အမျိုးသမီးအသင်းဟာ ချန်ပီယံလိဂ်ဖလားကို ၄ နှစ်ဆက်တိုက် စံချိန်တင်ရရှိထားပြီး လက်ရှိဥရောပရဲ့ပြိုင်ဘက်ကင်းအသင်းဖြစ်ပါတယ်။
Ref : BBC Football
ယူနိုက်တက်အသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ဟာ တော့တင်ဟမ်ကွင်းလယ်လူ Christian Eriksen ကိုခေါ်ယူနိုင်ဖို့ အပြိုင်ကြိုးပမ်းနေပါတယ်။ ကလပ်အသင်းအနေနဲ့ အဲရစ်ဆင်ကို အသင်းရွေးချယ်ခွင့်ပေးထားပြီး ဝှိုက်ဟတ်လိန်းမှထွက်ခွာဖို့ဆုံးဖြတ်ခဲ့ပါက ၎င်းနှစ်သက်တဲ့အသင်းဆီ ရောင်းချပေးသွားမှာဖြစ်ပါတယ်။တော့တင်ဟမ်အသင်းဟာ အဲရစ်ဆင်ကို ပြည်တွင်းပြိုင်ဘက်ယူနိုက်တက်ထံ ရောင်းချပါက ယူရိုသန်း ၆၀ ၊ ရီးရဲမက်ဒရစ်ဆိုပါက ယူရိုသန်း ၅၀ ခန့်အလိုရှိနေပါတယ်။ ယူနိုက်တက်အသင်းဟာ အဲရစ်ဆင်ကို ပေါ့ဘာနဲ့လစာတန်းတူပေးပြီး ၅ နှစ်စာချုပ်ချုပ်ဆိုဖို့ အသင့်ရှိနေပါတယ်။
Ref : AS English
ဂျူဗင်တပ်စ်အားကစားဒါရိုက်တာ Fabio Paratici နဲ့ လူကာကူရဲ့အေးဂျင့် Federico Pastorello တို့ဟာ ယနေ့ လန်ဒန်မြို့ ယူနိုက်တက်ရုံးခွဲမှာ ရှိနေခဲ့ပါတယ်။ အသင်းမှအမြန်ဆုံးရောင်းချဖို့စီစဉ်ခြင်းခံထားရတဲ့ Lukaku ဟာ ယနေ့မှာခွင့်တစ်ရက်ရတာကြောင့် အန်ဒါလက်ချ် U-18 အသင်းနဲ့လေ့ကျင့်ခန်းလာဆင်းခဲ့ပြီး မနက်ဖြန်မန်ချက်စတာကိုပြန်မယ်လို့ သိပါတယ်။
Dybala ကို ယူနိုက်တက်ကမခေါ်ယူတော့ဘဲ နောက်ဆုတ်လိုက်ပြီဖြစ်ကြောင်း အင်္ဂလိပ်သတင်းဌာနတွေက အခိုင်အမာဖော်ပြနေပေမယ့် အီတလီသတင်းဌာနတွေကတော့ စောင့်ကြည့်ရဦးမယ်လို့ ဆိုထားတာကြောင့် ဒိုင်ဘာလာအပြောင်းအရွှေ့ဟာလည်း Transfer window ပိတ်သိမ်းချိန်ထိ စိတ်ဝင်တစားရှိနေဦးမှာဖြစ်ပါတယ်။
Ref : Gazzetta dello Sport
Share this to Facebook