fbpx

ရာသီအႀကိဳေျခစမ္းပြဲ လူစာရင္းမွ မက္ဂြိဳင္းယား ႏွဳတ္ထြက္သြြားေၾကာင္းသိရ

Zawgyi

လက္​စတာဗဟို​ေနာက္​ခံလူ Harry Maguire ဟာ ယ​ေန႔​ကစားမယ္​့ အတၱလန္​တာနဲ႔​ေျခစမ္​းပြဲလူစာရင္​းက​ေန ႏႈတ္​ထြက္​လိုက္​ပါတယ္​။ မက္​ဂြိဳင္​းယားဟာ နည္​းျပဘရန္​ဒန္​ေရာ္​ဂ်ာနဲ႔ မ​ေန႔မနက္​ပိုင္​းက​ ​​ေတြ႕ဆံု​ေဆြး​ေႏြးခဲ့အၿပီးမွာ အဆိုပါရာသီႀကိဳ​​ေျခစမ္​း​ပြဲမွ နႈတ္​ထြက္​ဖို႔ သ​ေဘာတူညီမႈရရွိခဲ့ပါတယ္​။

ယူနိုက္​တက္​အသင္​းဟာ မက္​ဂြိဳင္​းယားကို ​ေပါင္​သန္​း ၈၀ ဝန္​းက်င္​နဲ႔ကမ္​းလွမ္​းခဲ့​ေပမယ္​့ လက္​စတာအသင္​းက ​ေပါင္​သန္​း ၉၀ ​ထိ​​ေစ်းတင္​းခံထားတာ​ေၾကာင္​့ အ​ေျပာင္​းအ​ေ႐ႊ့ကၾကန္​႔ၾကာ​ေနပါတယ္​။ မက္​ဂြိဳင္​းယားအ​ေနနဲ႔ ယခု​ေႏြရာသီအ​ေျပာင္​းအ​ေ႐ႊ့ရာသီမပိတ္​ခင္​ အုိးထရက္​ဖို႔ဒ္​သို႔​ေျပာင္​း​ေ႐ႊ့ခ်င္​​ေနၿပီး ယခုလို​ေျခစမ္​းပြဲလူစာရင္​းမွနႈတ္​ထြက္​လိုက္​ျခင္​းဟာ အ​ေျပာင္​​းအ​ေ႐ႊ့​ေဆြး​ေနြး​ေနၾကတဲ့ ၂ သင္​းစလံုးကိုတြန္​းအား​ျဖစ္​​ေစနိုင္​မယ္​လို႔ ယူဆထားတာျဖစ္​ပါတယ္​။

ယူနိုက္​တက္​အသင္​းဟာ Harry Maguire ကို​ေျပာင္​း​ေ႐ႊ့​ေၾကး​ေပါင္​သန္​း ၈၀ နဲ႔ထပ္​မံကမ္​းလွမ္​းခဲ့​ေပမယ္​့ လက္​စတာအသင္​းက​ေတာ့ ​​ေပါင္​သန္​း ၉၀ ထိ​ေစ်းတင္​းခံထားပါတယ္​။ ​ဆက္​လက္​​ေဆြး​ေနြး​ေနၾကဆဲျဖစ္​ၿပီး ​ယူနိုက္​တက္​အသင္​း​ဟာ ယခု​ေနြရာသီအ​ေျပာင္​းအ​ေ႐ႊ့မပိတ္​ခင္​ ​ေပါင္​သန္​း ၉၀ ထိတိုးျမႇင္​့ကမ္​းလွမ္​းလိမ္​့မယ္​လို႔ လက္​စတာအသင္​းက ယံုၾကည္​​ေနပါတယ္​။

Unicode


လက်စတာဗဟိုနောက်ခံလူ Harry Maguire ဟာ ယနေ့ကစားမယ့် အတ္တလန်တာနဲ့ခြေစမ်းပွဲလူစာရင်းကနေ နှုတ်ထွက်လိုက်ပါတယ်။ မက်ဂွိုင်းယားဟာ နည်းပြဘရန်ဒန်ရော်ဂျာနဲ့ မနေ့မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့အပြီးမှာ အဆိုပါရာသီကြိုခြေစမ်းပွဲမှ နှုတ်ထွက်ဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ မက်ဂွိုင်းယားကို ပေါင်သန်း ၈၀ ဝန်းကျင်နဲ့ကမ်းလှမ်းခဲ့ပေမယ့် လက်စတာအသင်းက ပေါင်သန်း ၉၀ ထိဈေးတင်းခံထားတာကြောင့် အပြောင်းအရွှေ့ကကြန့်ကြာနေပါတယ်။ မက်ဂွိုင်းယားအနေနဲ့ ယခုနွေရာသီအပြောင်းအရွှေ့ရာသီမပိတ်ခင် အိုးထရက်ဖို့ဒ်သို့ပြောင်းရွှေ့ချင်နေပြီး ယခုလိုခြေစမ်းပွဲလူစာရင်းမှနှုတ်ထွက်လိုက်ခြင်းဟာ အပြောင်းအရွှေ့ဆွေးနွေးနေကြတဲ့ ၂ သင်းစလုံးကိုတွန်းအားဖြစ်စေနိုင်မယ်လို့ ယူဆထားတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ Harry Maguire ကိုပြောင်းရွှေ့ကြေးပေါင်သန်း ၈၀ နဲ့ထပ်မံကမ်းလှမ်းခဲ့ပေမယ့် လက်စတာအသင်းကတော့ ပေါင်သန်း ၉၀ ထိဈေးတင်းခံထားပါတယ်။ ဆက်လက်ဆွေးနွေးနေကြဆဲဖြစ်ပြီး ယူနိုက်တက်အသင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့မပိတ်ခင် ပေါင်သန်း ၉၀ ထိတိုးမြှင့်ကမ်းလှမ်းလိမ့်မယ်လို့ လက်စတာအသင်းက ယုံကြည်နေပါတယ်။

Share this to Facebook