fbpx
Paulo Dybala နဲ့ ယူနိုက်တတ် ရဲ့ နောက်ဆုံးရသ သတင်းများ
Zawgyi
Unicode
Paulo Dybala ရဲ့အေးဂျင့်ဖြစ်သူဟာ အပြောင်းအရွှေ့ကိစ္စအတွက် အင်္ဂလန်ကိုရောက်ရှိနေပြီး လတ်တလောလက်ခံရရှိထားတဲ့ ကမ်းလှမ်းမှုအတွက် ယူနိုက်တက်တာဝန်ရှိသူတွေနဲ့ဆွေးနွေးနေပါတယ်။ဒီဘားလားကတော့ တူရင်မြေမှာပျော်ရွှင်နေပြီး အသင်းကနေထွက်ခွာဖို့ အစီအစဉ်မရှိပေမယ့် ဂျူဗီဘုတ်အဖွဲ့က ၎င်းကိုရောင်းချဖို့စီစဉ်နေတာကြောင့် စိတ်ပြောင်းလဲပြီး ယူနိုက်တက်လို အသင်းကြီးတစ်သင်းနဲ့ လာရောက်ဆွေးနွေးတာဖြစ်ပါတယ်။
ဒီဘားလားကို လူကာကူနဲ့အလဲအထပ်ပြုလုပ်ဖို့ ဂျူဗင်တပ်စ်နဲ့ ယူနိုက်တက်တို့ကြား ဆွေးနွေးနေမှုဟာ ယခုရက်ပိုင်းအတွင်း အခြေအနေတိုးတက်လာနေပါတယ်။ ယခုအပြောင်းအရွှေ့ဟာ ကစားသမားနှစ်ဦးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာမူတည်နေပြီး ဒီဘားလားနဲ့ လူကာကူဟာ ၎င်းတို့ရဲ့အနာဂတ်ကို လာမယ့်ရက်ပိုင်းမှာ ဆုံးဖြတ်ချက်ချသွားဖို့ရှိပါတယ်။
ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှုရရှိပါက Paulo Dybala ဟာ ဂျူဗင်တပ်စ်အသင်းကို ပြန်တော့မှာမဟုတ်ဘဲ လာမယ့်တနင်္လာနေ့၌ အသင်းသစ်နဲ့ပူးပေါင်းသွားဖု့ိရှိပါတယ်။ ဒီဘားလားအနေနဲ့ တူရင်မြေမှာပျော်ရွှင်နေပေမယ့် ဂျူဗီအသင်းက ၎င်းကိုအလိုမရှိတော့ဘူးလို့ ခံစားရတာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
”ကျနော်ဒီမှာရှိနေတာက ကောလဟလသတင်းတွေ (သို့) သူများအသင်းကစားသမားနဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက်တွေကို ဖြေကြားဖို့မဟုတ်ဘူး။ ဒါပေမယ့် ကျနော်အရင်ပြောခဲ့သလိုပဲ ကျနော်တု့ိအသင်းဟာ အခု ကစားသမားသစ် ၁ ဦး (သု့ိ) ၂ ဦးအားဖြည့်ဖို့ လုပ်ဆောင်နေပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမစတင်မီ ဒီ ၁၀ ရက်အတွင်းမှာ ကစားသမားသစ်တွေကို ကြေညာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ယူနိုက်တက်နဲ့ ဂျူဗင်တပ်စ်တို့နှစ်သင်းကြား Lukaku နဲ့ Dybala ကိုကစားသမားချင်းအလဲအထပ်ပြုလုပ်ဖို့ မူအားဖြင့် သဘောတူညီမှုရရှိထားပြီလို့သိရပါတယ်။ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ဟာ ကစားသမားတွေရဲ့ဆုံးဖြတ်ချက်ပေါ်မှာဘဲ မူတည်နေတော့တာဖြစ်ပါတယ်။Lukaku ဟာ အင်တာမီလန်အသင်းကိုပြောင်းရွှေ့ဖို့ အစကစီစဉ်ခဲ့ပေမယ့် ၎င်းအတွက်တောင်းဆိုထားတဲ့ပြောင်းရွှေ့ကြေးကို အင်တာအသင်းကမပေးချေနိုင်တာကြောင့် လူကာကူနဲ့ဒီဘားလားကို ကစားသမားချင်းလဲလှယ်သွားဖို့ ယူနိုက်တက်နဲ့ဂျူဗင်တပ်စ်တို့စီစဉ်ခဲ့ကြပါတယ်။
အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ဟာ ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိဖို့ လိုအပ်နေသေးတဲ့ ဒီဘားလားဆီက `Yes´ ဆိုတဲ့စကားတစ်ခွန်းပဲဖြစ်ပါတယ်။
Share this to Facebook