fbpx

ကမ်းလှမ်းမှုများဟာ စိတ်ဝင်စားဖို့ ကောင်းပေမယ့် လိုချင်တဲ့ပြောင်းရွေ့ကြေးကို မရောက်သေးဘူး။

Zawgyi



Unicode


Brendan Rodgers : ”ကမ်းလှမ်းမှုဟာ စိတ်လှုပ်ရှားစရာကောင်းပေမယ့် လိုချင်တဲ့ပြောင်းရွှေ့ကြေး မရောက်သေးသရွေ့တော့ ကျနော်တို့အနေနဲ့ အေးဆေးပဲ။ ဟယ်ရီက ထိပ်တန်းအဆင့်ကစားသမားတစ်ဦးပါ။ ဒါကြောင့်မို့လည်း သူ့အတွက်ကမ်းလှမ်းမှုနှစ်ကြိမ်တောင် ရရှိခဲ့ပေမယ့် သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးနဲ့မနီးစပ်သေးဘူး။ ဟယ်ရီလည်းဒီကိစ္စမှာ ကျနော်တို့လို တည်တည်ငြိမ်ငြိမ်ပဲ။ သူဟာတကယ့်ကိုတော်တဲ့သူတစ်ယောက်ဆိုတာ ဒီမှာကျနော်ထပ်ဖြည့်ပြောရမယ်။ ဘာလို့လဲဆိုတော့ ကျနော်အနေနဲ့ ဒီလိုတူညီတဲ့အခြေအနေမျိုး အများကြီးကြုံခဲ့ဖူးတယ်”

”ကစားသမားတွေအတွက် ဒါကအရမ်းခက်ခဲတဲ့အနေအထားဖြစ်နိုင်ပေမယ့် သူကတော့ ထူးခြားတဲ့ကောင်လေးဗျ။ သူဟာကွင်းထဲမှာရော ကွင်းပြင်ပမှာပါ အရမ်းပရိုဆန်တဲ့ကစားသမားဆိုတာ ခင်ဗျားတို့တွေ့ခဲ့ကြတာပဲ။ မနေ့က သူနေမကောင်းဘူးဆိုပေမယ့် တခြားကစားသမားတွေလိုပဲ ရှိနေခဲ့တယ်။ ဒီအခြေအနေမှာ သူမကစားချင်သေးဘူးလို့ လွယ်လွယ်ငြင်းနိုင်ပေမယ့် ဝင်ကစားချင်လို့ ဒီကိုလာတယ်။ သူ့အရည်အသွေးကို ကစားသွားတဲ့ ၄၅ မိနစ်မှာ ခင်ဗျားတို့တွေ့ခဲ့ကြမှာပဲ”

Share this to Facebook