fbpx

Robbie Savage ရဲ႕သား Charlie Savage ဟာ ယူနိုက္​တက္​ U-18 အသင္​းလူစာရင္​းမွာ ပါဝင္​။

Zawgyi

တခ်ိန္​က ပရီးမီးယားလိဂ္​ရဲ႕ နာမည္​​ေက်ာ္​လူၾကမ္​းႀကီး Robbie Savage ရဲ႕သား Charlie Savage (၁၆ နွစ္​) ဟာ လာမယ္​့ရာသီအတြက္​ ထုတ္​ျပန္​​ေၾကျငာလိုက္​တဲ့ ယူနိုက္​တက္​ U-18 အသင္​းလူစာရင္​းမွာ ပါဝင္​ခဲ့ပါတယ္​။ အသက္​ ၉ နွစ္​ကတည္​းက ယူနိုက္​တက္​အကယ္​ဒမီကို​ေရာက္​ရွိခဲ့သူ ခ်ာလီဆာ​ေဗ့္​ဟာ သက္​တမ္​းအလိုက္​ၿပိဳင္​ပြဲ​ေတြမွာ ​ေတာက္​​ေလ်ွာက္​​ေျခစြမ္​းျပခဲ့ၿပီး အခု​မွာ နည္​းျပ ​ေနးလ္​ရိုင္​ယန္​ရဲ႕ U-18 အသင္​းနဲ႔အတူ ၎ရဲ႕ပထမဆံုးရာသီကို ျဖတ္​သန္​းရ​ေတာ့မွာပါ။

ဖခင္​ျဖစ္​တဲ​့​ေရာ္​ဘီဆာ​ေဗ့္​ဟာ ၁၉၉၁ ခုနွစ္​ ၁၅ နွစ္​အ႐ြယ္​မွာ ယူနိုက္​တက္​အကယ္​ဒမီကို ​ပညာသင္လူငယ္​ကစားသမားတစ္​ဦးအျဖစ္​​ ​ေရာက္​ရွိလာခဲ့ပါတယ္​။ ၁၉၉၂ အက္​ဖ္​​ေအ(လူငယ္​)ဖလားခ်န္​ပီယံ ယူနိုက္​တက္​ U-18 အသင္​းမွာ အဓိကတိုက္​စစ္​မွဴးအျဖစ္​ ျပသခဲ့တဲ့​ေျခစြမ္​း​ေတြ​ေၾကာင့္​ ယူႏုိက္​တက္​အသင္​းနဲ႔ ပရိုစာခ်ဳပ္​ခ်ဳပ္​ဆိုခဲ့​ေပမယ္​့ စီနီယာအသင္​းမွာ​ေတာ့ တစ္​ပြဲမွကစားခြင္​့မရခဲ့ပါဘူး။ ၁၉၉၄ ခုနွစ္​မွာ အသင္​း​က​ေနထြက္​ခြာခဲ့ရၿပီး လိဂ္​တူးကလပ္​ ခရူဝီအသင္​းထံ​ေျပာင္​း​ေ႐ႊ့သြားခဲ့ပါတယ္​။ စာခ်ဳပ္​ထပ္​မခ်ဳပ္​​ေတာ့တာ​ေၾကာင္​့ အသက္​ ၁၈ နွစ္​မွာပဲ အသင္​း​ေျပာင္​း​ေ႐ႊ့ခဲ့ရျခင္​းဟာ လူငယ္​တစ္​ဦးျဖစ္​တဲ့၎ရဲ႕စိတ္​ဓာတ္​ပိုင္​းကို ​ေတာ္​​ေတာ္​ထိခိုက္​​ေစခဲ့​ေၾကာင္​း ​ေအာက္​တန္​းလိဂ္​က​ေန ​ေအာင္​ျမင္​မႈျပန္​ရဖို႔ ႀကိဳးစားအားထုတ္​ခဲ့ရတဲ့ ၎ရဲ႕အျဖစ္​အပ်က္နဲ႔ယွဥ္​ၿပီး ဆာ​ေဗ့္​က သားျဖစ္​သူ Charlie အ​ေပၚထားတဲ့၎ရဲ႕ခံယူခ်က္​​ေတြကို

”ဆယ္​​ေက်ာ္​သက္​ဘဝမွာ အသင္​းက​ေနထြက္​ခြာခဲ့ရတဲ့ခံစားခ်က္​က အရမ္​းကိုဆိုး႐ြားလြန္​းတယ္​။ ၁၀၀ မွာ ၉၉ ​ေယာက္​က ဒီလိုအျဖစ္​အပ်က္​မ်ိဳး ျဖစ္​ခ်င္​မွာမဟုတ္​ဘူး။ ဒါက​လံုးဝ​ေသခ်ာတယ္​။ သူ႔ကို​ေတာ့ က်​ေနာ္​့လိုမျဖစ္​​ေစခ်င္​ဘူး။ အိုးထရက္​ဖို႔ဒ္​မွာပဲ က်​ေနာ္​့သားရဲ႕ကစားသမားဘဝ ​ကုန္​ဆံုးျဖတ္​သန္းတာကို​ပဲ အ​ေဖအ​ေနနဲ႔ျမင္​ခ်င္​တာ​ေပါ့။ ဒါ​ေပမယ္​့ Wrexham မွာကန္​ၿပီး ​ေနာက္​ဆံုးကစားသမားဘဝ အဆံုးသတ္​ခဲ့ရင္​​ေတာ့ က်​ေနာ္​​တကယ္​​ေပ်ာ္​မိမွာ​ေသခ်ာတယ္​။ ဒါ​ေတြက က်​ေနာ္​နဲ႔မဆိုင္​လို႔ က​ေလးကိုဖိအား​ေပးတာမ်ိဳး ဘယ္​​ေတာ့မွလုပ္​မွာမဟုတ္​ဘူး။ အရာအားလံုးက သူ႔အ​ေပၚမွာပဲမူတည္​တယ္​”

ဆိုၿပီး ​ေျပာျပခဲ့ပါတယ္​။ ဆာ​ေဗ့္​ဟာ ခရူဝီအသင္​းမွာ​ေတာ့ ယခင္​ကစား​ေနက်တိုက္​စစ္​မွဴး​ေနရာမွ ကြင္​းလယ္​သို႔​​​ေနရ​ာ​ေျပာင္​းကစားခဲ့ၿပီး ယူနိုက္​တက္​မွာ က်ရွံးခဲ့ရတဲ့ကစားသမားဘဝကို ျပန္​လည္​တည္​့မတ္​နိုင္​ဖို႔ တစိုက္​မတ္​မတ္​ႀကိဳးစားခဲ့ပါတယ္​။ ခရူဝီအသင္​းကို လိဂ္​ဝမ္​းသို႔တန္​းတက္​​ေစခဲ့ရာမွာ​ အဓိက​ေနရာက​ေနပါဝင္​ခဲ့တာ​ေၾကာင္​့ နည္​းျပမာတင္​အို​ေနးလ္​းရဲ႕​ေခၚယူမႈ​နဲ႔အတူ ဆာ​ေဗ့္​ဟာ ပရီးမီးယားလိဂ္​ကလပ္​ လက္​စတာအသင္​းကို ၁၉၉၇ ​ေနြရာသီမွာ​ေရာက္​ရွိခဲ့ပါတယ္​။ ​ေရာက္​​ေရာက္​ခ်င္​းရာသီမွာဘဲ ပြဲထြက္​ကစားသမား​ေနရာရယူနိုင္​ခဲ့ၿပီး ၂၀၀၂ ​ေနြရာသီမွာ ဘာမင္​ဂမ္​ကို ၃ နွစ္​စာခ်ဳပ္​နဲ႔​ေျပာင္​း​ေ႐ႊ့ခဲ့ပါတယ္​။ ထိုမွတဆင္​့ ၂၀၀၅ ဇန္​နဝါရီမွာ ဘလက္​ဘန္​း ၊ ၂၀၀၈ ဇန္​နဝါရီမွာ ဒါဘီ​ေကာင္​တီကို​ေရာက္​ရွိခဲ့ၿပီး ၂၀၁၀/၁၁ ရာသီကုန္​မွာ​ေတာ့ ကစားသမားဘဝက​ေန အၿပီးတိုင္​အနားယူသြားခဲ့ပါတယ္​။

ကစားသမားဘဝက​ေန အနားယူၿပီး​ေနာက္​ ESPN ၊ BT Sports ရုပ္​သံသတင္​းဌာန​ေတြမွာ ​ေဘာလံုး​ေဝဖန္​သူအျဖစ္​လုပ္​ကိုင္​ခဲ့သလို ယခုအခ်ိန္​မွာ​ေတာ့ BBC Radio 5 Live ကရံဖန္​ရံခါ ပါဝင္​​ေလ့ရွိပါတယ္​။ ယခင္​က ရန္​ၿငိဳးရန္​စရွိခဲ့တဲ့ ဖာဒီနန္​နဲ႔လည္​း BT Sports မွာအလုပ္​အတူလုပ္​ရင္​း ​ေျပလည္​သြားၾကၿပီျဖစ္​ၿပီး Charlie Savage ရဲ႕​ေအးဂ်င္​့အျဖစ္​တာဝန္​ယူဖို႔ ဖာဒီနန္​တည္​​ေထာင္​ထားတဲ့ New Era ​ေဘာလံုး​ေအဂ်င္​စီမွ ကမ္​းလွမ္​းထား​ေၾကာင္​း သတင္​း​ထြက္​ခဲ့​ေပမယ္​့ ​ေနာက္​ပိုင္​းဘာျဖစ္​သြားလဲ အ​ေသးစိတ္​​ေတာ့ မသိရပါဘူး။ ​ေရာ္​ဘီဆာ​ေဗ့္​အ​ေနနဲ႔ ၎ရဲ႕သားကိုရည္​မွန္​းထားတာ​ေတြနဲ႔ပတ္​သက္​ၿပီး

”​ေဘာလံုးကစားသမားအျဖစ္​ အသက္​​ေမြး/မ​ေမြးက က်​ေနာ္​နဲ႔မဆိုင္​လို႔ စိတ္​ထဲမထည္​့ထားဘူး။ သူကအရမ္​းတတ္​လြယ္​တယ္​။ စႏၵရားတီးလည္​းက်ြမ္​းတယ္​။ သူဘာပဲလုပ္​လုပ္​ က်​ေနာ္​​ေက်နပ္​တယ္​။ အင္​ဂ်င္​နီယာ (သို႔) ဆရာဝန္​ပဲလုပ္​လုပ္​ သူအၿမဲတမ္​းက်န္​းမာၿပီး ​ေပ်ာ္​႐ႊင္​​ေနဖို႔ပဲ က်​ေနာ္​့အတြက္​အ​ေရးႀကီးတယ္​” လို႔​ေျပာဆိုခဲ့ပါတယ္​။

ၾကမ္​းတမ္​းတဲ့ကစားဟန္​​ေၾကာင္​့ ပရီးမီးယားလိဂ္​လူၾကမ္​းႀကီးအျဖစ္​နာမည္​ႀကီးခဲ့တဲ့ ​ေရာ္​ဘီဆာ​ေဗ့ခ်္​ဟာ အဝါကတ္​ ၈၉ ကတ္​နဲ႔ ကတ္​အမ်ားဆံုးကစားသမားအျဖစ္​ မွတ္​တမ္​းဝင္​ခဲ့ပါတယ္​ (​ေနာက္​ပိိုင္​းမွာ လီး​ေဘာင္​ယာ ၊ ကီဗင္​နိုလန္​ ၊ ​ေပါလ္​စခိုးလ္​တို႔​ေက်ာ္​လြန္​သြားပါတယ္​) ထူးျခားခ်က္​အ​ေနနဲ႔ ကစားသမားဘဝတ​ေလ်ွာက္​ အနီကတ္​ ၂ ကတ္​သာထိခဲ့ဖူးၿပီး ပထမဆံုးအနီကတ္​ကို ၂၀၀၄ စက္​တင္​ဘာ ​ေျမာက္​အိုင္​ယာလန္​နဲ႔ ၂၀၀၆ ကမာၻ့ဖလား​ေျခစစ္​ပြဲ ၊ ကလပ္​မွာကစားရင္​း တစ္​ခုတည္​း​ေသာအနီကတ္​ကို​ေတာ့ ၂၀၀၆ မတ္​လ ဘိုရိုနဲ႔ပြဲ၌ ျပသခံခဲ့ရတာျဖစ္​ပါတယ္​။

Charlie Savage အ​ေနနဲ႔ ယူနိုက္​တက္​မွာမ​ေအာင္​ျမင္​ခဲ့တဲ့ ဖခင္​ျဖစ္​သူရဲ႕အတိတ္​အရိပ္​ဆိုးကို ​ေခ်ဖ်က္​ၿပီး စီနီယာအသင္​းမွာ အားထားရတဲ့ကြင္​းလယ္​ကစားသမားျဖစ္​လာနိုင္​မလား ​ေစာင္​့ၾကည္​့ရပါမယ္​…

Ref : Internet

Unicode

တချိန်က ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်လူကြမ်းကြီး Robbie Savage ရဲ့သား Charlie Savage (၁၆ နှစ်) ဟာ လာမယ့်ရာသီအတွက် ထုတ်ပြန်ကြေငြာလိုက်တဲ့ ယူနိုက်တက် U-18 အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ အသက် ၉ နှစ်ကတည်းက ယူနိုက်တက်အကယ်ဒမီကိုရောက်ရှိခဲ့သူ ချာလီဆာဗေ့်ဟာ သက်တမ်းအလိုက်ပြိုင်ပွဲတွေမှာ တောက်လျှောက်ခြေစွမ်းပြခဲ့ပြီး အခုမှာ နည်းပြ နေးလ်ရိုင်ယန်ရဲ့ U-18 အသင်းနဲ့အတူ ၎င်းရဲ့ပထမဆုံးရာသီကို ဖြတ်သန်းရတော့မှာပါ။

ဖခင်ဖြစ်တဲ့ရော်ဘီဆာဗေ့်ဟာ ၁၉၉၁ ခုနှစ် ၁၅ နှစ်အရွယ်မှာ ယူနိုက်တက်အကယ်ဒမီကို ပညာသင်လူငယ်ကစားသမားတစ်ဦးအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ ၁၉၉၂ အက်ဖ်အေ(လူငယ်)ဖလားချန်ပီယံ ယူနိုက်တက် U-18 အသင်းမှာ အဓိကတိုက်စစ်မှူးအဖြစ် ပြသခဲ့တဲ့ခြေစွမ်းတွေကြောင့် ယူနိုက်တက်အသင်းနဲ့ ပရိုစာချုပ်ချုပ်ဆိုခဲ့ပေမယ့် စီနီယာအသင်းမှာတော့ တစ်ပွဲမှကစားခွင့်မရခဲ့ပါဘူး။ ၁၉၉၄ ခုနှစ်မှာ အသင်းကနေထွက်ခွာခဲ့ရပြီး လိဂ်တူးကလပ် ခရူဝီအသင်းထံပြောင်းရွှေ့သွားခဲ့ပါတယ်။ စာချုပ်ထပ်မချုပ်တော့တာကြောင့် အသက် ၁၈ နှစ်မှာပဲ အသင်းပြောင်းရွှေ့ခဲ့ရခြင်းဟာ လူငယ်တစ်ဦးဖြစ်တဲ့၎င်းရဲ့စိတ်ဓာတ်ပိုင်းကို တော်တော်ထိခိုက်စေခဲ့ကြောင်း အောက်တန်းလိဂ်ကနေ အောင်မြင်မှုပြန်ရဖို့ ကြိုးစားအားထုတ်ခဲ့ရတဲ့ ၎င်းရဲ့အဖြစ်အပျက်နဲ့ယှဉ်ပြီး ဆာဗေ့်က သားဖြစ်သူ Charlie အပေါ်ထားတဲ့၎င်းရဲ့ခံယူချက်တွေကို

”ဆယ်ကျော်သက်ဘဝမှာ အသင်းကနေထွက်ခွာခဲ့ရတဲ့ခံစားချက်က အရမ်းကိုဆိုးရွားလွန်းတယ်။ ၁၀၀ မှာ ၉၉ ယောက်က ဒီလိုအဖြစ်အပျက်မျိုး ဖြစ်ချင်မှာမဟုတ်ဘူး။ ဒါကလုံးဝသေချာတယ်။ သူ့ကိုတော့ ကျနော့်လိုမဖြစ်စေချင်ဘူး။ အိုးထရက်ဖို့ဒ်မှာပဲ ကျနော့်သားရဲ့ကစားသမားဘဝ ကုန်ဆုံးဖြတ်သန်းတာကိုပဲ အဖေအနေနဲ့မြင်ချင်တာပေါ့။ ဒါပေမယ့် Wrexham မှာကန်ပြီး နောက်ဆုံးကစားသမားဘဝ အဆုံးသတ်ခဲ့ရင်တော့ ကျနော်တကယ်ပျော်မိမှာသေချာတယ်။ ဒါတွေက ကျနော်နဲ့မဆိုင်လို့ ကလေးကိုဖိအားပေးတာမျိုး ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။ အရာအားလုံးက သူ့အပေါ်မှာပဲမူတည်တယ်”

ဆိုပြီး ပြောပြခဲ့ပါတယ်။ ဆာဗေ့်ဟာ ခရူဝီအသင်းမှာတော့ ယခင်ကစားနေကျတိုက်စစ်မှူးနေရာမှ ကွင်းလယ်သို့နေရာပြောင်းကစားခဲ့ပြီး ယူနိုက်တက်မှာ ကျရှံးခဲ့ရတဲ့ကစားသမားဘဝကို ပြန်လည်တည့်မတ်နိုင်ဖို့ တစိုက်မတ်မတ်ကြိုးစားခဲ့ပါတယ်။ ခရူဝီအသင်းကို လိဂ်ဝမ်းသို့တန်းတက်စေခဲ့ရာမှာ အဓိကနေရာကနေပါဝင်ခဲ့တာကြောင့် နည်းပြမာတင်အိုနေးလ်းရဲ့ခေါ်ယူမှုနဲ့အတူ ဆာဗေ့်ဟာ ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်းကို ၁၉၉၇ နွေရာသီမှာရောက်ရှိခဲ့ပါတယ်။ ရောက်ရောက်ချင်းရာသီမှာဘဲ ပွဲထွက်ကစားသမားနေရာရယူနိုင်ခဲ့ပြီး ၂၀၀၂ နွေရာသီမှာ ဘာမင်ဂမ်ကို ၃ နှစ်စာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ ထိုမှတဆင့် ၂၀၀၅ ဇန်နဝါရီမှာ ဘလက်ဘန်း ၊ ၂၀၀၈ ဇန်နဝါရီမှာ ဒါဘီကောင်တီကိုရောက်ရှိခဲ့ပြီး ၂၀၁၀/၁၁ ရာသီကုန်မှာတော့ ကစားသမားဘဝကနေ အပြီးတိုင်အနားယူသွားခဲ့ပါတယ်။

ကစားသမားဘဝကနေ အနားယူပြီးနောက် ESPN ၊ BT Sports ရုပ်သံသတင်းဌာနတွေမှာ ဘောလုံးဝေဖန်သူအဖြစ်လုပ်ကိုင်ခဲ့သလို ယခုအချိန်မှာတော့ BBC Radio 5 Live ကရံဖန်ရံခါ ပါဝင်လေ့ရှိပါတယ်။ ယခင်က ရန်ငြိုးရန်စရှိခဲ့တဲ့ ဖာဒီနန်နဲ့လည်း BT Sports မှာအလုပ်အတူလုပ်ရင်း ပြေလည်သွားကြပြီဖြစ်ပြီး Charlie Savage ရဲ့အေးဂျင့်အဖြစ်တာဝန်ယူဖို့ ဖာဒီနန်တည်ထောင်ထားတဲ့ New Era ဘောလုံးအေဂျင်စီမှ ကမ်းလှမ်းထားကြောင်း သတင်းထွက်ခဲ့ပေမယ့် နောက်ပိုင်းဘာဖြစ်သွားလဲ အသေးစိတ်တော့ မသိရပါဘူး။ ရော်ဘီဆာဗေ့်အနေနဲ့ ၎င်းရဲ့သားကိုရည်မှန်းထားတာတွေနဲ့ပတ်သက်ပြီး

”ဘောလုံးကစားသမားအဖြစ် အသက်မွေး/မမွေးက ကျနော်နဲ့မဆိုင်လို့ စိတ်ထဲမထည့်ထားဘူး။ သူကအရမ်းတတ်လွယ်တယ်။ စန္ဒရားတီးလည်းကျွမ်းတယ်။ သူဘာပဲလုပ်လုပ် ကျနော်ကျေနပ်တယ်။ အင်ဂျင်နီယာ (သို့) ဆရာဝန်ပဲလုပ်လုပ် သူအမြဲတမ်းကျန်းမာပြီး ပျော်ရွှင်နေဖို့ပဲ ကျနော့်အတွက်အရေးကြီးတယ်” လို့ပြောဆိုခဲ့ပါတယ်။

ကြမ်းတမ်းတဲ့ကစားဟန်ကြောင့် ပရီးမီးယားလိဂ်လူကြမ်းကြီးအဖြစ်နာမည်ကြီးခဲ့တဲ့ ရော်ဘီဆာဗေ့ချ်ဟာ အဝါကတ် ၈၉ ကတ်နဲ့ ကတ်အများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ် (နောက်ပိုင်းမှာ လီးဘောင်ယာ ၊ ကီဗင်နိုလန် ၊ ပေါလ်စခိုးလ်တို့ကျော်လွန်သွားပါတယ်) ထူးခြားချက်အနေနဲ့ ကစားသမားဘဝတလျှောက် အနီကတ် ၂ ကတ်သာထိခဲ့ဖူးပြီး ပထမဆုံးအနီကတ်ကို ၂၀၀၄ စက်တင်ဘာ မြောက်အိုင်ယာလန်နဲ့ ၂၀၀၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၊ ကလပ်မှာကစားရင်း တစ်ခုတည်းသောအနီကတ်ကိုတော့ ၂၀၀၆ မတ်လ ဘိုရိုနဲ့ပွဲ၌ ပြသခံခဲ့ရတာဖြစ်ပါတယ်။

Charlie Savage အနေနဲ့ ယူနိုက်တက်မှာမအောင်မြင်ခဲ့တဲ့ ဖခင်ဖြစ်သူရဲ့အတိတ်အရိပ်ဆိုးကို ချေဖျက်ပြီး စီနီယာအသင်းမှာ အားထားရတဲ့ကွင်းလယ်ကစားသမားဖြစ်လာနိုင်မလား စောင့်ကြည့်ရပါမယ်…

Ref : Internet

Share this to Facebook

Leave a Reply

Your email address will not be published. Required fields are marked *