fbpx

Konami နဲ႔ ႏွစ္​႐ွည္​စပြန္​ဆာစာခ်ဳပ္​ခ်ဳပ္​ဆိုခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တတ္

Zawgyi

မန္​ခ်က္​စတာယူႏိုက္​တက္​ဟာ ​ေဘာလံုးဂိမ္​း Pro Evolution Soccer ထုတ္​လုပ္​တဲ့ ဂ်ပန္​ဗြီဒီယုိဂိမ္​းကုမၸဏီ Konami နဲ႔ ႏွစ္​႐ွည္​စပြန္​ဆာစာခ်ဳပ္​ခ်ဳပ္​ဆိုခဲ့ၿပီး PES 2020 မွစတင္​ကာ ဂိမ္​းထဲတရားဝင္​ပါဝင္​လာ​ေတာ့မွာျဖစ္​ပါတယ္​။ PES 2020 ကို ယူႏုိက္​တက္​ပရိသတ္​​ေတြအတြက္​ အထူးသီးသန္​႔ Manchester United edition လည္​းရရွိနိုင္​မွာျဖစ္​ၿပီး Game Ambassador အျဖစ္​ Scott McTominay ကိုခန္​႔အပ္​ခဲ့ပါတယ္​။ Legends Edition အတြက္​လည္​း ​ေဒးဗစ္​ဘက္​ခမ္​း ၊ ပတ္​ဂ်ီဆန္​တို႔နဲ႔သ​ေဘာတူညီမႈ ရရွိထားၿပီးျဖစ္​ပါတယ္​။ အခုလို Konami အ​ေနနဲ႔စာခ်ဳပ္​ခ်ပ္​ဆိုႏိုင္​ခဲ့ျခင္​းဟာ PES ကစားတဲ့ယူနိုက္​တက္​ပရိသတ္​​ေတြအတြက္​ သတင္​း​ေကာင္​းျဖစ္​​​ေပမယ္​့ FIFA ပရိသတ္​​ေတြအတြက္​​​ေတာ့ သတင္​းဆိုးတစ္​ခုလို႔ဆိုရမွာပါ။ Konami ဟာ ဂိမ္​းထဲကနာမည္​ကို Man Red (သို႔) Trad Brick Stadium လို႔သံုးစရာမလို​ေတာ့ဘဲ နာမည္​အစစ္​အမွန္​ကို တရားဝင္​အသံုးျပဳခြင္​့ရရွိခဲ့ပါၿပီ။

PES 2020 မွာ ယူနိုက္​တက္​ကစားသမား​ေတြကို အျပင္​ကနဲ႔အနီးစပ္​ဆံုးတူ​ေန​​ေစဖ္ို႔ တစ္​ကိုယ္​လံုးျပည္​့ 3D scan ဖတ္​ၿပီး ျပန္​လည္​ဖန္​တီးထားပါတယ္​။ အိုးထရက္​ဖို႔ဒ္​ကြင္​းကိုလည္​း ​ေနာက္​ဆံုး​ေပၚနည္​းပညာ​ေတြနဲ႔ အ​ေသးစိတ္​ျပန္​လည္​ဖန္​တီးၿပီး ထည္​့သြင္​း​ထားမွာျဖစ္​တာ​ေၾကာင္​့ ရင္​ခုန္​စရာ​ေကာင္​း​ေနပါတယ္​။ Konami ဟာ ဘာစီလိုနာရဲ႕ Camp Nou ကြင္​းလိုပဲ အိုးထရက္​ဖို႔ဒ္​ကြင္​းကိုလည္​း တစ္​ဦးတည္​းမူပိုင္​ခြင္​့ရယူခဲ့တာ​ေၾကာင္​့ FIFA 20 မွာ​ အိုးထရက္​ဖို႔ဒ္​ကြင္​းပါလာ​​ေတာ့မွာမဟုတ္​သလို ကစားသမား​ေတြရဲ႕ရုပ္​ထြက္​ကလည္​း ယခင္​အတိုင္​း​သိပ္​​ေျပာင္​းလဲမႈမရွိ​တာက FIFA ပရိသတ္​​ေတြအတြက္​ သတင္​းဆိုးပဲျဖစ္​ပါတယ္​။ Konami ဟာ PES 2020 ကို eFootball PES 2020 လို႔ နာမည္​​ျဖည္​့စြက္​​ေျပာင္​းလဲထားပါတယ္​။ PES 2020 ကို Xbox ၊ PS 4 ၊ PC (steam) တု႔ိနဲ႔ရရွိနိုင္​မွာျဖစ္​ၿပီး အ​ေမရိကနဲ႔ဥ​ေရာပမွာ စက္​တင္​ဘာ ၁၀ ရက္​​ေန႔ ၊ အာရွမွာ စက္​တင္​ဘာ ၁၂ ရက္​​ေန႔ စတင္​ျဖန္​႔ခ်ိသြားမွာျဖစ္​ပါတယ္​။ Standard edition ကို​ ၅၉.၉၉ ​ေဒၚလာ ၊ Legends edition (Digital version) ကို ၇၉.၉၉ က်သင္​့မွာပါ။

eFootball PES 2020 Review

Konami ဟာဥ​ေရာပၿပိဳင္​ပြဲ​ေတြထဲက ​၎​ေနာက္​ဆံုးပိုင္​ဆိုင္​ထားတဲ့​ UEFA Champions League မူပိုင္​ခြင္​့ကို ၂၀၁၈ ကၿပိဳင္​ဘက္​ျဖစ္​တဲ့ EA Sports ထံလက္​လႊဲ​ေပးခဲ့ရ​ေပမယ္​့ ​​ေခ်ာ​ေမြ႕ညက္​​ေညာၿပီး Reality ပိုဆန္​တဲ့ Gameplay ပိုင္​း ၊ Graphic ပိုင္​း​ေတြ​ေၾကာင္​့ Gamer ​ေတြရဲ႕ရင္​ကိုဖမ္​းစားထားနိုင္​ဆဲျဖစ္​ပါတယ္​။ PES 2020 မ​ွာ ၎မူပိုင္​ခြင္​့ရထားတဲ့ ယူႏုိက္​တက္​ ၊ လီဗာပူးလ္​ ၊ အာဆင္​နယ္​ ၊ ဘာစီလိုနာ ၊ အင္​တာမီလန္​ ၊ ဘိုကာဂ်ဳနီယာအစရွိတဲ့အသင္​း​ ၁၄ သင္​းကလြဲၿပီး က်န္​တဲ့နာမည္​ႀကီးအသင္​း​ေတြရဲ႕နာမည္​ ၊ လိုဂိုအစရွိတာ​ေတြက အရင္​အတိုင္​းပဲရွိ​ေနဦးမွာျဖစ္​ပါတယ္​။ ဒါ​ေပမယ္​့ တျခားစိတ္​လႈပ္​ရွားစရာ​ေကာင္​းတဲ့ Feature ​ေတြအ​ေျမာက္​အမ်ားပါဝင္​လာဦးမွာျဖစ္​တာ​ေၾကာင္​့ PES ပရိသတ္​​ေတြအတြက္​ ရင္​ခုန္​စရာျဖစ္​ပါတယ္​။

Gameplay

Gameplay ပိုင္​းမွာ တိုက္​စစ္​ကစားသမား​အ​ေနနဲ႔ ခံစစ္​ကစားသမားကို တြန္​းထိုးတာ​​ေတြ ျပဳလုပ္​နိုင္​မွာျဖစ္​ပါတယ္​။ အ​ေနအထား​ေပၚမူတည္​​ေနတဲ့ Kick accuracy ၊ ပိုမိုလက္​​ေတြ႕က်တဲ့ခံစစ္​ပိုင္​းနဲ႔ ရည္​႐ြယ္​ခ်က္​ရွိရွိ ျပစ္​ဒဏ္​​ေဘာက်ဴးလြန္​နိုင္​ျခင္​း ၊ ကစားသမားတစ္​ဦးခ်င္​းစီရဲ႕ အျပဳအမူ ၊ အက်င္​့စရိုက္​​ေတြဟာ ကြင္​းထဲမွာအက်ိဳးသက္​​ေရာက္​နိုင္​ျခင္​း အစရွိသျဖင္​့ အမ်ားႀကီးပါလာမွာျဖစ္​ပါတယ္​။ ကစား​ေနတဲ့​ေဘာလံုးကြင္​း​ေပၚမူတည္​ၿပီး ရွိ​ေနမယ့္​ကြင္​းျမက္​ခင္​းျပင္​ အတို/အရွည္​ဟာလည္​း အက်ိဳးသက္​ေရာက္​မႈရွိ​ေနမွာပါ။

Visual Graphic

Visual ပိုင္​းမွာ Konami အ​ေနနဲ႔ ဂိမ္​မာ​ေတြရဲ႕ Feedback အရ​ ယခင္​ Menu system ကို​ဒီဇိုင္​းျပန္​​ေရးဆြဲခဲ့ၿပီး ပို​ေခတ္​ဆန္​လာသလို ရွာ​ရ​ေဖြရပိုလြယ္​ကူလာပါတယ္​။ ဂိမ္​းရ​ဲ့ Lighting engine ကိုအဆင့္​ျမင္​့တင္​ခဲ့တာ​ေၾကာင္​့ ကစားသမား​ေတြ ၊ ​ေဘာလံုးကြင္​း​ေတြ ၊ ပရိသတ္​​ေတြကို အျပင္​ကအတိုင္​းနီးပါး ​ေတြ႕ျမင္​ရမွာျဖစ္​ပါတယ္​။ ​​​ေန႔/ည ၊ ရာသီဥတုကိုမူတည္​ၿပီး ​ေန႔အလင္​း​ေရာင္​၊ ဆလိုက္​မီးအလင္​း​ေရာင္​​ေတြဟာ တကယ္​့အျပင္​ကအတိုင္​း သဘာဝက်က်ျမင္​​ေတြ႕ရဖို႔ရွိပါတယ္​။ ကုမၸဏီဟာ ကစားသမား​ေတြရဲ႕ 3D scan ​ကို အခ်ိန္​ေပးရယူၿပီး တက္​တူး ၊ ဆံပင္​​ေကနဲ႔ လႈပ္​ရွားမႈပံုစံအစရွိတဲ့ Physical attribute ​ေတြကို တကယ္​့ကစားသမား​​ေတြနဲ႔အနီးစပ္​ဆံုး ျပဳလုပ္​ထားပါတယ္​။ Broadcasting ရဲ႕အရသာကို ​အျပည္​့အဝၾကည္​့ရႈခံစားႏိုင္​ဖို႔ရာ ကင္​မရာအသစ္​​ေတြလည္​း ထပ္​မံထည္​့သြင္​းထားၿပီး တကယ္​့အျပင္​ကအတ္ိုင္​း တည္​းျဖတ္​ထုတ္​လႊင္​့မႈ​ေတြ ၊ Replay ​ေတြကို ျမင္​​ေတြ႕ရမွာျဖစ္​ပါတယ္​။

New Manager League

Manager League အသစ္​မွာ အ​ေျပာင္​းအ​ေ႐ႊ့ ၊ ​ေျပာင္​း​ေ႐ႊ့​ေၾကး ၊ လစာနဲ႔ တျခားအခ်က္​အလက္​​ေတြကို လက္​ရွိအျပင္​မွာျဖစ္​​ပ်က္​​ေနတဲ့အတိုင္​း အနီးစပ္​ဆံုးဖန္​တီးထားပါတယ္။ ကစားတဲ့သူဟာ ဂ်ာစီ​ေပၚကစပြန္​ဆာလိုဂိုကို မိမိဖာသာဖန္​တီးျခင္​း ၊ စိတ္​ႀကိဳ္က္​ျပဳျပင္​ျခင္​းတို႔ ျပဳလုပ္​နိုင္​မွာျဖစ္​ပါတယ္​။ Manager ရဲ႕ရုပ္​သြင္​ျပင္​ကို မိမိစိတ္​ႀကိဳက္​ဖန္​တီးနိုင္​မွာျဖစ္​သလို ဇစ္​ကို ၊ ဂ်ိဳဟန္​ခရို္က္​ဖ္​ ၊ မာရာဒိုနာအစရွိတဲ့ ​ေဘာလံုးဂႏၲဝင္တစ္​ဦး​ဦးကိုယူၿပီး​ေတာ့လည္​း ကစားနိုင္​ပါတယ္​။

Matchday Mode

အသစ္​ပါလာတဲ့ Matchday Mode က​ေတာ့ အပတ္​စဥ္​တိုင္​း က်င္​းပ​ေပးမယ္​့​ေဘာလံုးၿပိဳင္​ပြဲျဖစ္​ပါတယ္​။ ခ်​ေပးထားတဲ့ ၂ သင္​းထဲက တစ္​သင္​းသင္​းကိုယူၿပီး တျခားကစားသမားနဲ႔ယွဥ္​ၿပိဳင္​ကစားရမွာျဖစ္​ပါတယ္​။ အပတ္​စဥ္​တိုင္​း ၿပိဳင္​ပြဲ​ေျမာက္​မ်ားစြာ ကစားရမွာျဖစ္​ၿပီး ကိုယ္​​ေ႐ြးခ်ယ္​ခဲ့တဲ့အသင္​းတစ္​ခုစီရဲ႕ ရမွတ္​​ေတြကို စုစည္​းမွတ္​သားထားမွာျဖစ္​ပါတယ္​။ ျပိဳ္င္​ပြဲၿပီးဆံုးပါက ကစားခဲ့တဲ့အုပ္​စုပြဲစဥ္​​​ေတြရဲ႕ရလဒ္​​အားလံုး​​အ​ေပၚ သံုးသပ္​ၿပီး အ​ေကာင္​းဆံုးစြမ္​း​ေဆာင္​နိုင္​ခဲ့တဲ့အသင္​းကိုယ္​စား ၿပိဳင္​ပြဲဝင္​ခဲ့တဲ့ Gamer ​ေတြကို​ေ႐ြးခ်ယ္​ဖို႔ျဖစ္​ပါတယ္​ (ဘယ္​လို Criteria နဲ႔ဆံုးျဖတ္​မလဲမသိရ​ေသး)။ အုပ္​စုတစ္​ခုခ်င္​းစီက အ​ေကာင္​းဆံုးအသင္​း​ေတြဟာ Grand Final အျဖစ္​ဆက္​လက္​ကစား​ရမွာျဖစ္​ပါတယ္​။ ဒီၿပိဳင္​ပြဲကို ဂိမ္​းထဲက Livestream feed က​ေနၾကည္​့ရႈနိုင္​မွာျဖစ္​ပါတယ္​။ PES ရဲ႕ eSports ၿပိဳင္​ပြဲတစ္​ခုျဖစ္​ၿပီး ဆု​ေၾကး​ေငြခ်ီးျမႇုင္​့သြားဖို႔ရွိ​ေပမယ္​့ အတိအက်​ေတာ့ မသိရ​ေသးပါဘူး။

Ref : Eurogamers , Express Sports

PES Official Video ၾကည့္ရွဳရန္

Unicode

မန်ချက်စတာယူနိုက်တက်ဟာ ဘောလုံးဂိမ်း Pro Evolution Soccer ထုတ်လုပ်တဲ့ ဂျပန်ဗွီဒီယိုဂိမ်းကုမ္ပဏီ Konami နဲ့ နှစ်ရှည်စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ပြီး PES 2020 မှစတင်ကာ ဂိမ်းထဲတရားဝင်ပါဝင်လာတော့မှာဖြစ်ပါတယ်။ PES 2020 ကို ယူနိုက်တက်ပရိသတ်တွေအတွက် အထူးသီးသန့် Manchester United edition လည်းရရှိနိုင်မှာဖြစ်ပြီး Game Ambassador အဖြစ် Scott McTominay ကိုခန့်အပ်ခဲ့ပါတယ်။ Legends Edition အတွက်လည်း ဒေးဗစ်ဘက်ခမ်း ၊ ပတ်ဂျီဆန်တို့နဲ့သဘောတူညီမှု ရရှိထားပြီးဖြစ်ပါတယ်။ အခုလို Konami အနေနဲ့စာချုပ်ချပ်ဆိုနိုင်ခဲ့ခြင်းဟာ PES ကစားတဲ့ယူနိုက်တက်ပရိသတ်တွေအတွက် သတင်းကောင်းဖြစ်ပေမယ့် FIFA ပရိသတ်တွေအတွက်တော့ သတင်းဆိုးတစ်ခုလို့ဆိုရမှာပါ။ Konami ဟာ ဂိမ်းထဲကနာမည်ကို Man Red (သို့) Trad Brick Stadium လို့သုံးစရာမလိုတော့ဘဲ နာမည်အစစ်အမှန်ကို တရားဝင်အသုံးပြုခွင့်ရရှိခဲ့ပါပြီ။

PES 2020 မှာ ယူနိုက်တက်ကစားသမားတွေကို အပြင်ကနဲ့အနီးစပ်ဆုံးတူနေစေဖို့ တစ်ကိုယ်လုံးပြည့် 3D scan ဖတ်ပြီး ပြန်လည်ဖန်တီးထားပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းကိုလည်း နောက်ဆုံးပေါ်နည်းပညာတွေနဲ့ အသေးစိတ်ပြန်လည်ဖန်တီးပြီး ထည့်သွင်းထားမှာဖြစ်တာကြောင့် ရင်ခုန်စရာကောင်းနေပါတယ်။ Konami ဟာ ဘာစီလိုနာရဲ့ Camp Nou ကွင်းလိုပဲ အိုးထရက်ဖို့ဒ်ကွင်းကိုလည်း တစ်ဦးတည်းမူပိုင်ခွင့်ရယူခဲ့တာကြောင့် FIFA 20 မှာ အိုးထရက်ဖို့ဒ်ကွင်းပါလာတော့မှာမဟုတ်သလို ကစားသမားတွေရဲ့ရုပ်ထွက်ကလည်း ယခင်အတိုင်းသိပ်ပြောင်းလဲမှုမရှိတာက FIFA ပရိသတ်တွေအတွက် သတင်းဆိုးပဲဖြစ်ပါတယ်။ Konami ဟာ PES 2020 ကို eFootball PES 2020 လို့ နာမည်ဖြည့်စွက်ပြောင်းလဲထားပါတယ်။ PES 2020 ကို Xbox ၊ PS 4 ၊ PC (steam) တု့ိနဲ့ရရှိနိုင်မှာဖြစ်ပြီး အမေရိကနဲ့ဥရောပမှာ စက်တင်ဘာ ၁၀ ရက်နေ့ ၊ အာရှမှာ စက်တင်ဘာ ၁၂ ရက်နေ့ စတင်ဖြန့်ချိသွားမှာဖြစ်ပါတယ်။ Standard edition ကို ၅၉.၉၉ ဒေါ်လာ ၊ Legends edition (Digital version) ကို ၇၉.၉၉ ကျသင့်မှာပါ။

eFootball PES 2020 Review

Konami ဟာဥရောပပြိုင်ပွဲတွေထဲက ၎င်းနောက်ဆုံးပိုင်ဆိုင်ထားတဲ့ UEFA Champions League မူပိုင်ခွင့်ကို ၂၀၁၈ ကပြိုင်ဘက်ဖြစ်တဲ့ EA Sports ထံလက်လွှဲပေးခဲ့ရပေမယ့် ချောမွေ့ညက်ညောပြီး Reality ပိုဆန်တဲ့ Gameplay ပိုင်း ၊ Graphic ပိုင်းတွေကြောင့် Gamer တွေရဲ့ရင်ကိုဖမ်းစားထားနိုင်ဆဲဖြစ်ပါတယ်။ PES 2020 မှာ ၎င်းမူပိုင်ခွင့်ရထားတဲ့ ယူနိုက်တက် ၊ လီဗာပူးလ် ၊ အာဆင်နယ် ၊ ဘာစီလိုနာ ၊ အင်တာမီလန် ၊ ဘိုကာဂျုနီယာအစရှိတဲ့အသင်း ၁၄ သင်းကလွဲပြီး ကျန်တဲ့နာမည်ကြီးအသင်းတွေရဲ့နာမည် ၊ လိုဂိုအစရှိတာတွေက အရင်အတိုင်းပဲရှိနေဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် တခြားစိတ်လှုပ်ရှားစရာကောင်းတဲ့ Feature တွေအမြောက်အများပါဝင်လာဦးမှာဖြစ်တာကြောင့် PES ပရိသတ်တွေအတွက် ရင်ခုန်စရာဖြစ်ပါတယ်။

Gameplay

Gameplay ပိုင်းမှာ တိုက်စစ်ကစားသမားအနေနဲ့ ခံစစ်ကစားသမားကို တွန်းထိုးတာတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အနေအထားပေါ်မူတည်နေတဲ့ Kick accuracy ၊ ပိုမိုလက်တွေ့ကျတဲ့ခံစစ်ပိုင်းနဲ့ ရည်ရွယ်ချက်ရှိရှိ ပြစ်ဒဏ်ဘောကျူးလွန်နိုင်ခြင်း ၊ ကစားသမားတစ်ဦးချင်းစီရဲ့ အပြုအမူ ၊ အကျင့်စရိုက်တွေဟာ ကွင်းထဲမှာအကျိုးသက်ရောက်နိုင်ခြင်း အစရှိသဖြင့် အများကြီးပါလာမှာဖြစ်ပါတယ်။ ကစားနေတဲ့ဘောလုံးကွင်းပေါ်မူတည်ပြီး ရှိနေမယ့်ကွင်းမြက်ခင်းပြင် အတို/အရှည်ဟာလည်း အကျိုးသက်ရောက်မှုရှိနေမှာပါ။

Visual Graphic

Visual ပိုင်းမှာ Konami အနေနဲ့ ဂိမ်မာတွေရဲ့ Feedback အရ ယခင် Menu system ကိုဒီဇိုင်းပြန်ရေးဆွဲခဲ့ပြီး ပိုခေတ်ဆန်လာသလို ရှာရဖွေရပိုလွယ်ကူလာပါတယ်။ ဂိမ်းရဲ့ Lighting engine ကိုအဆင့်မြင့်တင်ခဲ့တာကြောင့် ကစားသမားတွေ ၊ ဘောလုံးကွင်းတွေ ၊ ပရိသတ်တွေကို အပြင်ကအတိုင်းနီးပါး တွေ့မြင်ရမှာဖြစ်ပါတယ်။ နေ့/ည ၊ ရာသီဥတုကိုမူတည်ပြီး နေ့အလင်းရောင်၊ ဆလိုက်မီးအလင်းရောင်တွေဟာ တကယ့်အပြင်ကအတိုင်း သဘာဝကျကျမြင်တွေ့ရဖို့ရှိပါတယ်။ ကုမ္ပဏီဟာ ကစားသမားတွေရဲ့ 3D scan ကို အချိန်ပေးရယူပြီး တက်တူး ၊ ဆံပင်ကေနဲ့ လှုပ်ရှားမှုပုံစံအစရှိတဲ့ Physical attribute တွေကို တကယ့်ကစားသမားတွေနဲ့အနီးစပ်ဆုံး ပြုလုပ်ထားပါတယ်။ Broadcasting ရဲ့အရသာကို အပြည့်အဝကြည့်ရှုခံစားနိုင်ဖို့ရာ ကင်မရာအသစ်တွေလည်း ထပ်မံထည့်သွင်းထားပြီး တကယ့်အပြင်ကအတိုင်း တည်းဖြတ်ထုတ်လွှင့်မှုတွေ ၊ Replay တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

New Manager League

Manager League အသစ်မှာ အပြောင်းအရွှေ့ ၊ ပြောင်းရွှေ့ကြေး ၊ လစာနဲ့ တခြားအချက်အလက်တွေကို လက်ရှိအပြင်မှာဖြစ်ပျက်နေတဲ့အတိုင်း အနီးစပ်ဆုံးဖန်တီးထားပါတယ်။ ကစားတဲ့သူဟာ ဂျာစီပေါ်ကစပွန်ဆာလိုဂိုကို မိမိဖာသာဖန်တီးခြင်း ၊ စိတ်ကြိုက်ပြုပြင်ခြင်းတို့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Manager ရဲ့ရုပ်သွင်ပြင်ကို မိမိစိတ်ကြိုက်ဖန်တီးနိုင်မှာဖြစ်သလို ဇစ်ကို ၊ ဂျိုဟန်ခရိုက်ဖ် ၊ မာရာဒိုနာအစရှိတဲ့ ဘောလုံးဂန္တဝင်တစ်ဦးဦးကိုယူပြီးတော့လည်း ကစားနိုင်ပါတယ်။

Matchday Mode

အသစ်ပါလာတဲ့ Matchday Mode ကတော့ အပတ်စဉ်တိုင်း ကျင်းပပေးမယ့်ဘောလုံးပြိုင်ပွဲဖြစ်ပါတယ်။ ချပေးထားတဲ့ ၂ သင်းထဲက တစ်သင်းသင်းကိုယူပြီး တခြားကစားသမားနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အပတ်စဉ်တိုင်း ပြိုင်ပွဲမြောက်များစွာ ကစားရမှာဖြစ်ပြီး ကိုယ်ရွေးချယ်ခဲ့တဲ့အသင်းတစ်ခုစီရဲ့ ရမှတ်တွေကို စုစည်းမှတ်သားထားမှာဖြစ်ပါတယ်။ ပြိုင်ပွဲပြီးဆုံးပါက ကစားခဲ့တဲ့အုပ်စုပွဲစဉ်တွေရဲ့ရလဒ်အားလုံးအပေါ် သုံးသပ်ပြီး အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့အသင်းကိုယ်စား ပြိုင်ပွဲဝင်ခဲ့တဲ့ Gamer တွေကိုရွေးချယ်ဖို့ဖြစ်ပါတယ် (ဘယ်လို Criteria နဲ့ဆုံးဖြတ်မလဲမသိရသေး)။ အုပ်စုတစ်ခုချင်းစီက အကောင်းဆုံးအသင်းတွေဟာ Grand Final အဖြစ်ဆက်လက်ကစားရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ဂိမ်းထဲက Livestream feed ကနေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ PES ရဲ့ eSports ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဆုကြေးငွေချီးမြှုင့်သွားဖို့ရှိပေမယ့် အတိအကျတော့ မသိရသေးပါဘူး။

Ref : Eurogamers , Express Sports

PES Official Video ကြည့်ရှုရန်

 

Share this to Facebook