fbpx

မန္ခ်က္စတာယူႏိုက္တတ္ ႏွင့္အတူ ၄ ႏွစ္သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့သည့္ ရက္ဖိုဒ့္

Zawgyi

မန္ခ်က္စတာယူႏိုက္တတ္ အသင္းဟာ တိုက္စစ္မွဴး မားကပ္စ္ရက္ဖိုဒ့္ကို ၄ႏွစ္ + Option ၁ ႏွစ္ စာခ်ဳပ္ျဖင့္ သက္တမ္းတိုးႏိုင္ခဲ့ျပီး အဆိုပါ တိုက္စစ္မွဴးဟာ ယူႏိုက္တတ္အသင္းမွာ ၂၀၂၃ ခုႏွစ္အထိ ရွိေနေတာ့မွာျဖစ္ပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ ယူႏိုက္တတ္အကယ္ဒမီထြက္ တိုက္စစ္မွဴး ဟာ ယူႏိုက္တတ္လူငယ္အသင္းကို အသက္ ၇ ႏွစ္ကတည္းက ေရာက္ရွိလာခဲ့တာျဖစ္ျပီး ယူႏိုက္တတ္အသင္းအတြက္ ပြဲေပါင္း ၁၇၀ ကစားေပးထားျပီး သြင္းဂိုးေပါင္း ၄၅ ဂိုး သြင္းယူေပးထားတဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။ ယူႏိုက္တတ္အသင္းအတြက္ ၂၀၁၅-၁၆ ေဘာလံုးရာသီက စတင္ပြဲထြက္ခြင့္ရလာခဲ့တာျဖစ္တဲ့ ရက္ဖိုဒ့္ ဟာ အဂၤလန္လက္ေရြးစင္အသင္းၾကီးအတြက္လည္း ၃၂ ပြဲ ကစားေပးထားျပီး ၇ ဂိုးသြင္းယူေပးထားပါတယ္။

ရက္ဖိုဒ့္က ” ယူႏိုက္တတ္ဟာ က်ေနာ့္ဘ၀ ရဲ့ အရာအားလံုးပါပဲ။ က်ေနာ္ဒီအသင္းကို အသက္ ၇ ႏွစ္ကတည္းက ေရာက္ရွိလာခဲ့တာပါ။ အသင္းက က်ေနာ့္ကို ကစားသမားတစ္ေယာက္လိုေရာ လူၾကီး တစ္ေယာက္ အျဖစ္ပါ ပံုသြင္းေပးခ့ဲပါတယ္။ ဒါေၾကာင့္လည္း အထူးအခြင့္အေရးတစ္ခုအေနနဲ့အသင္းၾကီးမွာ ပြဲထြက္ခြင့္ရရွိခဲ့ျပီး ယူႏိုက္တတ္ ရဲ့ ဂ်ာစီကို ၀တ္ဆင္ခြင့္ရခဲ့တာျဖစ္ပါတယ္။ နည္းျပ ဆိုးလ္ရွားကို ေက်းဇူးတင္ပါတယ္လုိ့ ေျပာခ်င္ပါတယ္။ သူတို့က်ေနာ့္အတြက္ အေကာင္းဆံုး ဆံုးျဖတ္ခ်က္ေတြ ခ်ေပးႏိုင္ခဲ့လို့ျဖစ္ပါတယ္။ နည္းျပ အပါအ၀င္ သူရဲ့ အဖြဲ့၀င္ေတြဟာ အေကာင္းဆံုး အဖြဲ့အစည္းတစ္ခုျဖစ္ျပီး သူတို့ ဆီကေန က်ေနာ္ ေလ့လာသင္ယူစရာေတြ အမ်ားၾကီး ရရွိခဲ့ပါတယ္။ ထပ္မံသင္ယူစရာ ရွိတာမ်ားကိုလည္း ေလ့လာခြင့္ရေတာ့မွာျဖစ္လုိ ့ေက်းဇူးတင္မိပါတယ္။ ကလပ္အသင္းအတြက္ က်ေနာ္ အေကာင္းဆံုး ၾကိဳးစားအားထုတ္သြားမွာျဖစ္ျပီး အသင္းပရိတ္သတ္ေတြလိုခ်င္ေနတဲ့ ေအာင္ျမင္မွဳေတြျပန္လည္ရရွိႏိုင္ေအာင္လည္း အစြမ္းကုန္ၾကိဳးစားသြားမွာလို ့ေျပာခ်င္ပါတယ္။”

မန္ခ်က္စတာယူႏိုက္တတ္ နည္းျပ ဆိုးလ္ရွားကေတာ့ ” မားကပ္စ္ ဟာ သူ ့အသက္အရြယ္နဲ့မလိုက္ေအာင္ အရည္အေသြးျမင့္မားတဲ့ အဂၤလိပ္ ကစားသမားေလးတစ္ေယာက္ပါ။ သူက ထူးခြ်န္ျပီး ၾကိဳးစားအားထုတ္မွဳေကာင္းတဲ့ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ က်ေနာ္တို့ လူငယ္အကယ္ဒမီ အတြက္ေတာ့ မားကပ္စ္က အတုယူဖြယ္ရာ လူငယ္ ကစားသမားတစ္ဦးျဖစ္ျပီး လူငယ္အသင္းတိုးတတ္မွဳေတြပိုမိုေကာင္းမြန္လာေအာင္လည္း သူ ့ကို စံနမူနာထားရပါမယ္။ သူကိုယ္တိုင္ကလည္း မန္ခ်က္စတာယူႏိုက္တတ္အသင္းရဲ့ ကစားပံု နည္းစနစ္ နည္းဗ်ဴဟာ ေတြကို ေသခ်ာသိတ့ဲ လူငယ္တစ္ေယာက္ျဖစ္ပါတယ္။ မည္သို့ပင္ျဖစ္ေစကာမူ အသက္ ၂၁ အရြယ္ ရက္ဖိုဒ့္က အေတြ့အၾကဳံေကာင္းအနေတြ ရရွိျပီးျဖစ္ပါတယ္။ သူ ့ရဲ့ အံ့ၾသဖြယ္ေကာင္းတဲ့ အနာဂတ္အတြက္ေတာ့ ကလပ္အသင္းဟာ သူနဲ့အတူ စာခ်ဳပ္သစ္ ထပ္မံခ်ဳပ္ဆိုႏုိင္ခဲ့ျပီ ျဖစ္ပါတယ္ ” လို ့ေျပာၾကားသြားပါတယ္။

ရက္ဖိုဒ့္ ႏွင့္ အင္တာဗ်ဴး ထုတ္ႏွဳတ္ခ်က္မ်ား

အားလံုးက ယူႏိုက္တတ္အသင္းေခါင္းေဆာင္ျဖစ္ခ်င္ၾကတာခ်ည္းပါပဲ။ အသင္းေခါင္းေဆာင္တစ္ေယာက္ျဖစ္လာျပီဆိုရင္ အသင္းရဲ့အ၀တ္လဲခန္းအတြင္းမွာ ယူႏိုက္တတ္ရဲ့ ဂ်ာစီကို၀တ္ဆင္လိုက္တာနဲ့ အသင္းအတြက္ အေကာင္းဆံုး ဦးေဆာင္မွဳေတြကို ေဆာင္ရြက္ရပါေတာ့မယ္။ ယူႏိုက္တတ္အကယ္ဒမီမွာရွိတဲ့ ကေလးအားလုံးရဲ့ အိမ္မက္ဟာ တစ္ခုတည္းပါပဲ။ ယူႏိုက္တတ္ ရဲ့ အသင္းေခါင္းေဆာင္ျဖစ္ခ်င္ၾကတယ္။ က်ေနာ္ကိုယ္တိုင္လည္း အသင္းေခါင္းေဆာင္လက္ပတ္ကို ၀တ္ဆင္ခြင့္ရခဲ့သည္ျဖစ္ေစ မရခဲ့သည္ျဖစ္ေစ အသင္းအတြက္ အေကာင္းဆံုး ဦးေဆာင္ေပးႏိုင္မယ္လို ့ယံုၾကည္ပါတယ္။

ယူႏိုက္တတ္ဟာ အခုခ်ိန္မွာ အသစ္ျပန္လည္တည္ေဆာက္ေနခ်ိန္ျဖစ္ပါတယ္။ လူငယ္ကစားသမားေတြဟာလည္း ဒီအခ်ိန္မွာ အသင္းၾကီးအတြက္ပြဲထြက္ခြင့္ရရွိလိုေနၾကျပိး အကုန္လံုးဟာ ေနရာတစ္ခုအတြက္ ဆာေလာက္ေနၾကတယ္။ အသင္းတာ၀န္ရွိသူေတြအေနနဲ ့လူငယ္ကစားသမားေတြကို ေခၚသံုးခဲ့သည္ျဖစ္ေစ ၊ ကစားသမားသစ္ ၀ယ္ယူခဲ့သည္ျဖစ္ေစ အသင္းကိုေရာက္ရွိလာတဲ့ ဘယ္ကစားသမားကိုမဆို က်ေနာ္တုိ့ ၾကိဳဆိုေနရမွာပါ။ သူတို ့သက္ေတာင့္သက္သာ နဲ ့အသင္းနဲ ့အသားက်သြားမွ ယူႏိုက္တတ္ဟာ ေပ်ာ္ဖို ့ေကာင္းတဲ့ ေနရာတစ္ခုျဖစ္တယ္ဆိုတာ သိသြားၾကမွာျဖစ္ပါတယ္။

နည္းျပ ဆိုးလ္ရွားရဲ့ ျပန္လည္တည္ေဆာက္မယ့္အသင္းနဲ ့ပတ္သတ္ရင္ေတာ့ က်ေနာ့္ကို ေန ့တိုင္း ေန ့တိုင္း ခြန္အားေတြေပးေနတ့ဲ အေၾကာင္းအရာတစ္ခုပါပဲ။ က်ေနာ္အသင္းအတြက္ ၁၀၀% အားထုတ္ေပးဖို ့ျပင္ဆင္ထားျပီး က်ေနာ့္ အသင္းေဖာ္ေတြ ၊ နည္းျပအပါအ၀င္ သူရဲ့အဖြဲ့၀င္ေတြ ၊ အသင္းရဲ့ အျခားတာ၀န္ရွိသူေတြ အားလံုးဟာ အသင္း ျပန္လည္တည္ေဆာက္ဖို ့အတြက္ အားထုတ္ၾကိဳးစားေနၾကမယ္ဆိုတာ က်ေနာ္ယံုၾကည္ပါတယ္။ နည္းျပ ဆိုးလ္ရွားနဲ့ပတ္သတ္၍ ” သူကဒီအသင္းက ကစားသမားျဖစ္ခဲ့ဖူးတယ္။ အခုအသင္းမွာ မန္ေနဂ်ာတစ္ေယာက္ျဖစ္ေနတယ္။ ဒီအေျခအေနမွာ က်ေနာ္တို ့ဘယ္လို ေတြ့ၾကဳံခံစားေနရမလည္းဆိုတာ သူ ေကာင္းေကာင္းသိပါတယ္။ ကလပ္အသင္းနဲ့ပတ္သတ္ရင္ေတာ့ သူက အျခားမန္ေနဂ်ာေတြထက္စာရင္ အမ်ားဆံုး သိတဲ့ နည္းျပ တစ္ေယာက္ဆိုတာ မမွားပါဘူး။ က်ေနာ့္နာမည္တပ္ထားတဲ့ အသင္းဂ်ာစီကို အ၀တ္လဲခန္းအတြင္းမွာ ေတြ ့ျမင္လိုက္ရတဲ့အခါ က်ေနာ့္ စိတ္ထဲ တစ္မ်ိဳးၾကီးခံစားလိုက္ရတယ္။ အဲခ်ိန္က ႏို၀င္ဘာ ၂၁ ၂၀၁၅ ခုႏွစ္ ၀က္ဖိုဒ့္ အသင္းနဲ ့ပြဲစဥ္မွာေပါ့ ။ ဒါမဲ့ က်ေနာ္ ပြဲထြက္ခြင့္မရခဲ့ပါဘူး။ ဒါမဲ့ အဲခ်ိန္ခံစားခဲ့ရတဲ့ ခံစားမွဳကို ဘာနဲ့ မွ မလဲႏိုင္ဘူး။

က်ေနာ္ငယ္ငယ္က အိုးထရက္ဖိုဒ့္ကြင္းထဲေရာက္တဲ့အခါ နံရံေတြေပၚမွာ ဘက္ခမ္း ၊ ဂယ္ရီနဗီးလ္ ၊ ဆာေဘာ္ဘီ ၊ ေဂ်ာ့ဘတ္စ္ ၊ ရိုင္ယန္ဂစ္တို ့ရဲ့ ပံုေတြကို အျမဲတမ္းၾကည့္ျပီး ကိုယ့္ကိုယ္ကိုယ္ ၾကိဳးစားဖို ့အတြက္ ခြန္အားေတြ ရရွိဖို့ ဒီဓါတ္ပံုေတြကိုၾကည့္ခဲ့ရတယ္။ ခုခ်ိန္မွာေတာ့ က်ေနာ္တို ့ရဲ့ ဓါတ္ပံုေတြ အဲေနရာကိုေရာက္ေနတဲ့အခါ ကိုယ့္ကိုကိုယ္ အရမ္းဂုဏ္ယူမိပါတယ္။ ယူႏိုက္တတ္အသင္းၾကီးမွာကိုယ္စားျပဳ ကစားခ်င္တဲ့ က်ေနာ့္အိမ္မက္ေတြက က်ေနာ္အသက္ ၁၁ ႏွစ္ ကာရင္တန္ေလ့က်င့္ေရးကြင္းကို စေရာက္တဲ့အခ်ိန္ကတည္းေပါ့ ၊အဲခ်ိန္တုန္းက အသင္းၾကီး ကစားသမားေတြ ေလ့က်င့္ခန္းဆင္းေနတာကိုၾကည့္ျပီး အားက်ခ့ဲရတယ္။ ခုခ်ိန္မွာေတာ့က်ေနာ့္အိမ္မက္ေတြ အမွန္တကယ္ အေကာင္အထည္ေဖာ္ႏိုင္ခဲ့ပါျပီ။

ယူႏိုက္တတ္ အသင္းက က်ေနာ္အသက္ ၆ ႏွစ္အရြယ္က စတင္ျပီး က်ေနာ့္ကို သတိထားေစာင့္ၾကည့္လာခဲ့တယ္ဆိုတာ က်ေနာ္လံုး၀ ေမ့မရႏိုင္တ့ဲ ကိစၥတစ္ခုပါပဲ။ ကင္းေထာက္တစ္ေယာက္က က်ေနာ့္ကို အျမဲေစာင့္ၾကည့္ေနခဲ့တယ္။ က်ေနာ္ ကေတာ့ အဲဒါကို မသိခဲ့ဘူး။ က်ေနာ္ ေဘာလံုးကိုပဲ အားထည့္ကစားတယ္။ ျပီးေတာ့ က်ေနာ့္ အေမ ကို ၾကည့္လိုက္တ့ဲအခါ ယူႏိုက္တတ္ကင္းေထာက္က က်ေနာ့္အေမ နဲ့ က်ေနာ့္အကို ကိုေတြ့ဆံုျပီး ယူႏိုက္တတ္လူငယ္ အသင္းကို ေခၚေဆာင္ခဲ့ပါေတာ့တယ္။ က်ေနာ့္အတြက္ကေတာ့ ယူႏိုက္တတ္ကို ပရီးမီးယားလိဂ္ခ်န္ပီယံ ျပန္ျဖစ္ဖို့နဲ့ ခ်န္ပီယံလိဂ္ဆုဖလားကို ျပန္လည္ရယူႏိုင္ဖို့အတြက္ အျမဲၾကိဳးစားေနခဲ့တာပါ။ အသင္းမွာရွိတဲ့ ကစားသမားတိုင္းကလည္း က်ေနာ္နဲ့ အတူတူပဲျဖစ္မွာပါ။

Unicode

မန်ချက်စတာယူနိုက်တတ် အသင်းဟာ တိုက်စစ်မှူး မားကပ်စ်ရက်ဖိုဒ့်ကို ၄နှစ် + Option ၁ နှစ် စာချုပ်ဖြင့် သက်တမ်းတိုးနိုင်ခဲ့ပြီး အဆိုပါ တိုက်စစ်မှူးဟာ ယူနိုက်တတ်အသင်းမှာ ၂၀၂၃ ခုနှစ်အထိ ရှိနေတော့မှာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ယူနိုက်တတ်အကယ်ဒမီထွက် တိုက်စစ်မှူး ဟာ ယူနိုက်တတ်လူငယ်အသင်းကို အသက် ၇ နှစ်ကတည်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး ယူနိုက်တတ်အသင်းအတွက် ပွဲပေါင်း ၁၇၀ ကစားပေးထားပြီး သွင်းဂိုးပေါင်း ၄၅ ဂိုး သွင်းယူပေးထားတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ယူနိုက်တတ်အသင်းအတွက် ၂၀၁၅-၁၆ ဘောလုံးရာသီက စတင်ပွဲထွက်ခွင့်ရလာခဲ့တာဖြစ်တဲ့ ရက်ဖိုဒ့် ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက်လည်း ၃၂ ပွဲ ကစားပေးထားပြီး ၇ ဂိုးသွင်းယူပေးထားပါတယ်။

ရက်ဖိုဒ့်က ” ယူနိုက်တတ်ဟာ ကျနော့်ဘ၀ ရဲ့ အရာအားလုံးပါပဲ။ ကျနော်ဒီအသင်းကို အသက် ၇ နှစ်ကတည်းက ရောက်ရှိလာခဲ့တာပါ။ အသင်းက ကျနော့်ကို ကစားသမားတစ်ယောက်လိုရော လူကြီး တစ်ယောက် အဖြစ်ပါ ပုံသွင်းပေးခဲ့ပါတယ်။ ဒါကြောင့်လည်း အထူးအခွင့်အရေးတစ်ခုအနေနဲ့အသင်းကြီးမှာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ယူနိုက်တတ် ရဲ့ ဂျာစီကို ဝတ်ဆင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ သူတို့ကျနော့်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချပေးနိုင်ခဲ့လို့ဖြစ်ပါတယ်။ နည်းပြ အပါအဝင် သူရဲ့ အဖွဲ့ဝင်တွေဟာ အကောင်းဆုံး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သူတို့ ဆီကနေ ကျနော် လေ့လာသင်ယူစရာတွေ အများကြီး ရရှိခဲ့ပါတယ်။ ထပ်မံသင်ယူစရာ ရှိတာများကိုလည်း လေ့လာခွင့်ရတော့မှာဖြစ်လို့ကျေးဇူးတင်မိပါတယ်။ ကလပ်အသင်းအတွက် ကျနော် အကောင်းဆုံး ကြိုးစားအားထုတ်သွားမှာဖြစ်ပြီး အသင်းပရိတ်သတ်တွေလိုချင်နေတဲ့ အောင်မြင်မှုတွေပြန်လည်ရရှိနိုင်အောင်လည်း အစွမ်းကုန်ကြိုးစားသွားမှာလို့ပြောချင်ပါတယ်။”

မန်ချက်စတာယူနိုက်တတ် နည်းပြ ဆိုးလ်ရှားကတော့ ” မားကပ်စ် ဟာ သူ့အသက်အရွယ်နဲ့မလိုက်အောင် အရည်အသွေးမြင့်မားတဲ့ အင်္ဂလိပ် ကစားသမားလေးတစ်ယောက်ပါ။ သူက ထူးချွန်ပြီး ကြိုးစားအားထုတ်မှုကောင်းတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ကျနော်တို့ လူငယ်အကယ်ဒမီ အတွက်တော့ မားကပ်စ်က အတုယူဖွယ်ရာ လူငယ် ကစားသမားတစ်ဦးဖြစ်ပြီး လူငယ်အသင်းတိုးတတ်မှုတွေပိုမိုကောင်းမွန်လာအောင်လည်း သူ့ကို စံနမူနာထားရပါမယ်။ သူကိုယ်တိုင်ကလည်း မန်ချက်စတာယူနိုက်တတ်အသင်းရဲ့ ကစားပုံ နည်းစနစ် နည်းဗျူဟာ တွေကို သေချာသိတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ အသက် ၂၁ အရွယ် ရက်ဖိုဒ့်က အတွေ့အကြုံကောင်းအနတွေ ရရှိပြီးဖြစ်ပါတယ်။ သူ့ရဲ့ အံ့သြဖွယ်ကောင်းတဲ့ အနာဂတ်အတွက်တော့ ကလပ်အသင်းဟာ သူနဲ့အတူ စာချုပ်သစ် ထပ်မံချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ် ” လို့ပြောကြားသွားပါတယ်။

ရက်ဖိုဒ့် နှင့် အင်တာဗျူး ထုတ်နှုတ်ချက်များ

အားလုံးက ယူနိုက်တတ်အသင်းခေါင်းဆောင်ဖြစ်ချင်ကြတာချည်းပါပဲ။ အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီဆိုရင် အသင်းရဲ့အဝတ်လဲခန်းအတွင်းမှာ ယူနိုက်တတ်ရဲ့ ဂျာစီကိုဝတ်ဆင်လိုက်တာနဲ့ အသင်းအတွက် အကောင်းဆုံး ဦးဆောင်မှုတွေကို ဆောင်ရွက်ရပါတော့မယ်။ ယူနိုက်တတ်အကယ်ဒမီမှာရှိတဲ့ ကလေးအားလုံးရဲ့ အိမ်မက်ဟာ တစ်ခုတည်းပါပဲ။ ယူနိုက်တတ် ရဲ့ အသင်းခေါင်းဆောင်ဖြစ်ချင်ကြတယ်။ ကျနော်ကိုယ်တိုင်လည်း အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ခွင့်ရခဲ့သည်ဖြစ်စေ မရခဲ့သည်ဖြစ်စေ အသင်းအတွက် အကောင်းဆုံး ဦးဆောင်ပေးနိုင်မယ်လို့ယုံကြည်ပါတယ်။

ယူနိုက်တတ်ဟာ အခုချိန်မှာ အသစ်ပြန်လည်တည်ဆောက်နေချိန်ဖြစ်ပါတယ်။ လူငယ်ကစားသမားတွေဟာလည်း ဒီအချိန်မှာ အသင်းကြီးအတွက်ပွဲထွက်ခွင့်ရရှိလိုနေကြပြိး အကုန်လုံးဟာ နေရာတစ်ခုအတွက် ဆာလောက်နေကြတယ်။ အသင်းတာဝန်ရှိသူတွေအနေနဲ့လူငယ်ကစားသမားတွေကို ခေါ်သုံးခဲ့သည်ဖြစ်စေ ၊ ကစားသမားသစ် ဝယ်ယူခဲ့သည်ဖြစ်စေ အသင်းကိုရောက်ရှိလာတဲ့ ဘယ်ကစားသမားကိုမဆို ကျနော်တို့ ကြိုဆိုနေရမှာပါ။ သူတို့သက်တောင့်သက်သာ နဲ့အသင်းနဲ့အသားကျသွားမှ ယူနိုက်တတ်ဟာ ပျော်ဖို့ကောင်းတဲ့ နေရာတစ်ခုဖြစ်တယ်ဆိုတာ သိသွားကြမှာဖြစ်ပါတယ်။

နည်းပြ ဆိုးလ်ရှားရဲ့ ပြန်လည်တည်ဆောက်မယ့်အသင်းနဲ့ပတ်သတ်ရင်တော့ ကျနော့်ကို နေ့တိုင်း နေ့တိုင်း ခွန်အားတွေပေးနေတဲ့ အကြောင်းအရာတစ်ခုပါပဲ။ ကျနော်အသင်းအတွက် ၁၀၀% အားထုတ်ပေးဖို့ပြင်ဆင်ထားပြီး ကျနော့် အသင်းဖော်တွေ ၊ နည်းပြအပါအဝင် သူရဲ့အဖွဲ့ဝင်တွေ ၊ အသင်းရဲ့ အခြားတာဝန်ရှိသူတွေ အားလုံးဟာ အသင်း ပြန်လည်တည်ဆောက်ဖို့အတွက် အားထုတ်ကြိုးစားနေကြမယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်။ နည်းပြ ဆိုးလ်ရှားနဲ့ပတ်သတ်၍ ” သူကဒီအသင်းက ကစားသမားဖြစ်ခဲ့ဖူးတယ်။ အခုအသင်းမှာ မန်နေဂျာတစ်ယောက်ဖြစ်နေတယ်။ ဒီအခြေအနေမှာ ကျနော်တို့ဘယ်လို တွေ့ကြုံခံစားနေရမလည်းဆိုတာ သူ ကောင်းကောင်းသိပါတယ်။ ကလပ်အသင်းနဲ့ပတ်သတ်ရင်တော့ သူက အခြားမန်နေဂျာတွေထက်စာရင် အများဆုံး သိတဲ့ နည်းပြ တစ်ယောက်ဆိုတာ မမှားပါဘူး။ ကျနော့်နာမည်တပ်ထားတဲ့ အသင်းဂျာစီကို အဝတ်လဲခန်းအတွင်းမှာ တွေ့မြင်လိုက်ရတဲ့အခါ ကျနော့် စိတ်ထဲ တစ်မျိုးကြီးခံစားလိုက်ရတယ်။ အဲချိန်က နိုဝင်ဘာ ၂၁ ၂၀၁၅ ခုနှစ် ဝက်ဖိုဒ့် အသင်းနဲ့ပွဲစဉ်မှာပေါ့ ။ ဒါမဲ့ ကျနော် ပွဲထွက်ခွင့်မရခဲ့ပါဘူး။ ဒါမဲ့ အဲချိန်ခံစားခဲ့ရတဲ့ ခံစားမှုကို ဘာနဲ့ မှ မလဲနိုင်ဘူး။

ကျနော်ငယ်ငယ်က အိုးထရက်ဖိုဒ့်ကွင်းထဲရောက်တဲ့အခါ နံရံတွေပေါ်မှာ ဘက်ခမ်း ၊ ဂယ်ရီနဗီးလ် ၊ ဆာဘော်ဘီ ၊ ဂျော့ဘတ်စ် ၊ ရိုင်ယန်ဂစ်တို့ရဲ့ ပုံတွေကို အမြဲတမ်းကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ကြိုးစားဖို့အတွက် ခွန်အားတွေ ရရှိဖို့ ဒီဓါတ်ပုံတွေကိုကြည့်ခဲ့ရတယ်။ ခုချိန်မှာတော့ ကျနော်တို့ရဲ့ ဓါတ်ပုံတွေ အဲနေရာကိုရောက်နေတဲ့အခါ ကိုယ့်ကိုကိုယ် အရမ်းဂုဏ်ယူမိပါတယ်။ ယူနိုက်တတ်အသင်းကြီးမှာကိုယ်စားပြု ကစားချင်တဲ့ ကျနော့်အိမ်မက်တွေက ကျနော်အသက် ၁၁ နှစ် ကာရင်တန်လေ့ကျင့်ရေးကွင်းကို စရောက်တဲ့အချိန်ကတည်းပေါ့ ၊အဲချိန်တုန်းက အသင်းကြီး ကစားသမားတွေ လေ့ကျင့်ခန်းဆင်းနေတာကိုကြည့်ပြီး အားကျခဲ့ရတယ်။ ခုချိန်မှာတော့ကျနော့်အိမ်မက်တွေ အမှန်တကယ် အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။

ယူနိုက်တတ် အသင်းက ကျနော်အသက် ၆ နှစ်အရွယ်က စတင်ပြီး ကျနော့်ကို သတိထားစောင့်ကြည့်လာခဲ့တယ်ဆိုတာ ကျနော်လုံး၀ မေ့မရနိုင်တဲ့ ကိစ္စတစ်ခုပါပဲ။ ကင်းထောက်တစ်ယောက်က ကျနော့်ကို အမြဲစောင့်ကြည့်နေခဲ့တယ်။ ကျနော် ကတော့ အဲဒါကို မသိခဲ့ဘူး။ ကျနော် ဘောလုံးကိုပဲ အားထည့်ကစားတယ်။ ပြီးတော့ ကျနော့် အမေ ကို ကြည့်လိုက်တဲ့အခါ ယူနိုက်တတ်ကင်းထောက်က ကျနော့်အမေ နဲ့ ကျနော့်အကို ကိုတွေ့ဆုံပြီး ယူနိုက်တတ်လူငယ် အသင်းကို ခေါ်ဆောင်ခဲ့ပါတော့တယ်။ ကျနော့်အတွက်ကတော့ ယူနိုက်တတ်ကို ပရီးမီးယားလိဂ်ချန်ပီယံ ပြန်ဖြစ်ဖို့နဲ့ ချန်ပီယံလိဂ်ဆုဖလားကို ပြန်လည်ရယူနိုင်ဖို့အတွက် အမြဲကြိုးစားနေခဲ့တာပါ။ အသင်းမှာရှိတဲ့ ကစားသမားတိုင်းကလည်း ကျနော်နဲ့ အတူတူပဲဖြစ်မှာပါ။

Share this to Facebook

Leave a Reply

Your email address will not be published. Required fields are marked *