fbpx

ညေနပိုင္းသတင္းမ်ား ( 1/7/2019 )

Zawgyi

FAWSL ( FA Women Super League ) ၿပိဳင္ပြဲရဲ႕ ပြဲစဥ္မ်ားထြက္ေပၚလာတဲ့ေနာက္မွာေတာ့ ယူႏိုက္တတ္ အမ်ိဳးသမီးအသင္းဟာ အဖြင့္ပြဲစဥ္အျဖစ္ မန္ခ်က္စတာစီးတီး အမ်ိဳးသမီး အသင္းႏွင့္ စတင္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ အဆိုပါ ပြဲစဥ္ကိုေတာ့ စက္တင္ဘာလ ၇/၈ ရက္ေန ့မွာ စတင္မွာ ျဖစ္ၿပီး ေဘာလံုးရာသီ ပြဲစဥ္မ်ားကေတာ့ ဇူလိုင္၁၀ ရက္ေန ့မွာ ထြက္ရွိလာေတာ့မယ္လို႔သိရပါတယ္။

မန္စီးတီးအမ်ဳိးသမီးအသင္းဟာ မန္ခ်က္စတာယူႏိုက္တတ္ အမ်ိဳးသမီး အသင္းကို အိမ္ကြင္းမွာ လက္ခံ ကစားေပးရမွာျဖစ္ၿပီး အမ်ိဳးသမီးလိဂ္ ရဲ႕ မန္ခ်က္စတာဒါဘီ ပြဲျဖစ္လာမွာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တတ္ အမ်ိဳးသမီး အသင္းဟာ နယ္သာလန္ ကြင္းလယ္ကစားသမား Jackie Groenen ကိုေခၚယူထားၿပီး ျဖစ္ေၾကာင္း ႏွင့္ ဒုတိယအႀကိမ္ေခၚယူမွဳ အျဖစ္ ကမာၻ့ဖလား ၿပိဳင္ပြဲ၀င္ အဂၤလန္အမ်ဳိးသမီးအသင္းေနာက္ခံလူ Abbie McManus ႏွင့္ အတူ  ဘာမင္ဂမ္အသင္း ကစားသမား Hayley Ladd ကိုလည္း ယူႏိုက္တတ္ အမ်ိဳးသမီးအသင္းသို႔ ေခၚယူအားျဖည့္ၿပီးျဖစ္တယ္လို ့သိရပါတယ္။ မန္စီးတီး အမ်ိဳးသမီးအသင္းကေတာ့ အဂၤလန္အမ်ိဳးသမီးအသင္း တိုက္စစ္မွဴး Ellen White ႏွင့္ လီဗာပူးလ္ အမ်ိဳးသမီးအသင္းကစားသမား Laura Coombs တို ့ကိုေခၚယူထားျပီး ျဖစ္တယ္လို့သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တတ္ အမ်ိဳးသမီးအသင္းကေတာ့ မႏွစ္က FAWC ( FA Women’s Championship ) ခ်န္ပီယံ အသင္းျဖစ္ျပီး မန္စီးတီး အမ်ိဳးသမီးအသင္းကေတာ့ FA Women’s Super League ရဲ့ ခ်န္ပီယံျဖစ္ပါတယ္။ ကိုဗင္ထရီယူႏိုက္တတ္ အမ်ိဳးသမီးအသင္းကေတာ့ FA Women’s National League ရဲ့ခ်န္ပီယံျဖစ္ျပီး  အမ်ိဳးသမီး ေဘာလံုးလိဂ္ ျပိဳင္ပြဲ ၃ မ်ိဳး ရွိတယ္လို့ သိရပါတယ္။

ဇာရာဂိုဇာ လူငယ္အသင္းက Mateo Mejia ကေတာ့ ယူႏိုက္တတ္လူငယ္အသင္းသို ့ေျပာင္းေရြ့ေၾကး ယူရို ၆၀၀၀၀၀ ျဖင့္ ေခၚယူထားျပီး Mateo Mejia ကေတာ့ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္ပါတယ္။ ထို့နည္းတူ ေအဂ်က္ အသက္ ၁၇ ႏွစ္ေအာက္အသင္းက Dillon Hoogewerf ကိုလည္း ယူရို ၁၃၀၀၀၀ ျဖင့္ေခၚယူထားပါတယ္။ သူကေတာ့ ကြင္းလယ္တိုက္စစ္ ကစားသမားတစ္ဦးျဖစ္ပါတယ္။ အခုထပ္မံေခၚယူထားတဲ့ Björn Hardley ကေတာ့ NAC Breda အသက္ ၁၇ ႏွစ္ေအာက္အသင္းကေန ေျပာင္းေရြ့လာခဲ့တာျဖစ္ျပီး သူကေတာ့ ဗဟိုေနာက္ခံလူ တစ္ဦးျဖစ္ပါတယ္။ Johan Guadagno ကိုေတာ့ IF Bromma အသက္ ၁၇ ႏွစ္ေအာက္အသင္းကေန ေခၚယူထားတာျဖစ္ျပီး သူကေတာ့ လူငယ္ ဂိုးသမားတစ္ဦးျဖစ္ပါတယ္။ Noam Emeran , Martin Svidersky , Dermot Mee , William Fish တို ့ကေတာ့ ယူႏိုက္တတ္ လူငယ္အကယ္ဒမီထြက္ကစားသမားေလးမ်ား ျဖစ္ျပီး အသက္ ၁၈ ႏွစ္ေအာက္ ယူႏိုက္တတ္အသင္းသို့ ေခၚယူျခင္းခံထားရတဲ့ ကစားသမားမ်ားျဖစ္ပါတယ္။ Emeran က ေရွ့တန္းတိုက္စစ္မွဴး ျဖစ္ျပီး Svidersky ကေတာ့ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္ပါတယ္။ Dermot Mee ကေတာ့ ဂိုးသမားတစ္ဦးျဖစ္ျပီး William Fish ကေတာ့ ဗဟိုေနာက္ခံလူ တစ္ဦးျဖစ္ပါတယ္။ ယူႏိုက္တတ္ လူငယ္အသင္းဟာ ယခုလက္ရွိ ယူရို ၇၃၀၀၀၀ အသံုးျပဳထားျပီး ျပင္ပ ကစားသမား ၄ ဦး တိတိ ေခၚယူအားျဖည့္ျပီး ျဖစ္ပါတယ္။
လူငယ္ အသင္း ဂိုးသမား ျဖစ္သူ James Thompson ကေတာ့ လူငယ္အသင္း ကေန ထြက္ခြာသြားျပီ ျဖစ္ေၾကာင္းလည္း သိရပါတယ္။

Unicode

FAWSL ( FA Women Super League ) ပြိုင်ပွဲရဲ့ ပွဲစဉ်များထွက်ပေါ်လာတဲ့နောက်မှာတော့ ယူနိုက်တတ် အမျိုးသမီးအသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် မန်ချက်စတာစီးတီး အမျိုးသမီး အသင်းနှင့် စတင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်ကိုတော့ စက်တင်ဘာလ ၇/၈ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီး ဘောလုံးရာသီ ပွဲစဉ်များကတော့ ဇူလိုင်၁၀ ရက်နေ့မှာ ထွက်ရှိလာတော့မယ်လို့သိရပါတယ်။

မန်စီးတီးအမျိုးသမီးအသင်းဟာ မန်ချက်စတာယူနိုက်တတ် အမျိုးသမီး အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားပေးရမှာဖြစ်ပြီး အမျိုးသမီးလိဂ် ရဲ့ မန်ချက်စတာဒါဘီ ပွဲဖြစ်လာမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တတ် အမျိုးသမီး အသင်းဟာ နယ်သာလန် ကွင်းလယ်ကစားသမား Jackie Groenen ကိုခေါ်ယူထားပြီး ဖြစ်ကြောင်း နှင့် ဒုတိယအကြိမ်ခေါ်ယူမှု အဖြစ် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန်အမျိုးသမီးအသင်းနောက်ခံလူ Abbie McManus နှင့် အတူ  ဘာမင်ဂမ်အသင်း ကစားသမား Hayley Ladd ကိုလည်း ယူနိုက်တတ် အမျိုးသမီးအသင်းသို့ ခေါ်ယူအားဖြည့်ပြီးဖြစ်တယ်လို့သိရပါတယ်။ မန်စီးတီး အမျိုးသမီးအသင်းကတော့ အင်္ဂလန်အမျိုးသမီးအသင်း တိုက်စစ်မှူး Ellen White နှင့် လီဗာပူးလ် အမျိုးသမီးအသင်းကစားသမား Laura Coombs တို့ကိုခေါ်ယူထားပြီး ဖြစ်တယ်လို့သိရပါတယ်။

မန်ချက်စတာယူနိုက်တတ် အမျိုးသမီးအသင်းကတော့ မနှစ်က FAWC ( FA Women’s Championship ) ချန်ပီယံ အသင်းဖြစ်ပြီး မန်စီးတီး အမျိုးသမီးအသင်းကတော့ FA Women’s Super League ရဲ့ ချန်ပီယံဖြစ်ပါတယ်။ ကိုဗင်ထရီယူနိုက်တတ် အမျိုးသမီးအသင်းကတော့ FA Women’s National League ရဲ့ချန်ပီယံဖြစ်ပြီး  အမျိုးသမီး ဘောလုံးလိဂ် ပြိုင်ပွဲ ၃ မျိုး ရှိတယ်လို့ သိရပါတယ်။

ဇာရာဂိုဇာ လူငယ်အသင်းက Mateo Mejia ကတော့ ယူနိုက်တတ်လူငယ်အသင်းသို့ပြောင်းရွေ့ကြေး ယူရို ၆၀၀၀၀၀ ဖြင့် ခေါ်ယူထားပြီး Mateo Mejia ကတော့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ ထို့နည်းတူ အေဂျက် အသက် ၁၇ နှစ်အောက်အသင်းက Dillon Hoogewerf ကိုလည်း ယူရို ၁၃၀၀၀၀ ဖြင့်ခေါ်ယူထားပါတယ်။ သူကတော့ ကွင်းလယ်တိုက်စစ် ကစားသမားတစ်ဦးဖြစ်ပါတယ်။ အခုထပ်မံခေါ်ယူထားတဲ့ Björn Hardley ကတော့ NAC Breda အသက် ၁၇ နှစ်အောက်အသင်းကနေ ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး သူကတော့ ဗဟိုနောက်ခံလူ တစ်ဦးဖြစ်ပါတယ်။ Johan Guadagno ကိုတော့ IF Bromma အသက် ၁၇ နှစ်အောက်အသင်းကနေ ခေါ်ယူထားတာဖြစ်ပြီး သူကတော့ လူငယ် ဂိုးသမားတစ်ဦးဖြစ်ပါတယ်။ Noam Emeran , Martin Svidersky , Dermot Mee , William Fish တို့ကတော့ ယူနိုက်တတ် လူငယ်အကယ်ဒမီထွက်ကစားသမားလေးများ ဖြစ်ပြီး အသက် ၁၈ နှစ်အောက် ယူနိုက်တတ်အသင်းသို့ ခေါ်ယူခြင်းခံထားရတဲ့ ကစားသမားများဖြစ်ပါတယ်။ Emeran က ရှေ့တန်းတိုက်စစ်မှူး ဖြစ်ပြီး Svidersky ကတော့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ Dermot Mee ကတော့ ဂိုးသမားတစ်ဦးဖြစ်ပြီး William Fish ကတော့ ဗဟိုနောက်ခံလူ တစ်ဦးဖြစ်ပါတယ်။ ယူနိုက်တတ် လူငယ်အသင်းဟာ ယခုလက်ရှိ ယူရို ၇၃၀၀၀၀ အသုံးပြုထားပြီး ပြင်ပ ကစားသမား ၄ ဦး တိတိ ခေါ်ယူအားဖြည့်ပြီး ဖြစ်ပါတယ်။
လူငယ် အသင်း ဂိုးသမား ဖြစ်သူ James Thompson ကတော့ လူငယ်အသင်း ကနေ ထွက်ခွာသွားပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

Share this to Facebook

Leave a Reply

Your email address will not be published. Required fields are marked *