fbpx

ညေနပိုင္းသတင္းမ်ား ( 1/7/2019 )

Zawgyi

အသက္ ၁၆ ႏွစ္အရြယ္ NAC Breda ရဲ႕ ၾကယ္ပြင့္ကစားသမား Bjorn Hardley ကို ယူႏိုက္တတ္ ဟာ ၃ ႏွစ္စာခ်ဳပ္ျဖင့္ လူငယ္အကယ္ဒမီ သို ့ေခၚယူႏိုင္ခဲ့ပါၿပီ။ အဆိုပါ ကစားသမားေလးဟာ ယူႏိုက္တတ္ ရဲ႕ အသက္ ၁၈ ႏွစ္ေအာက္ အသင္းမွာ ပါ၀င္ကစားရမွာျဖစ္ၿပီး Bjorn Hardley ဟာ ယူႏိုက္တတ္ လူငယ္အသင္းရဲ႕ ဗဟိုေနာက္ခံလူ တစ္ေယာက္ အျဖစ္ ကစားေတာ့မွာပဲျဖစ္ပါတယ္။ ယခုလက္ရွိမွာေတာ့ ယူႏိုက္တတ္ လူငယ္အသင္း ဟာ Dillon Hoogewerf , Johan Guadagno ႏွင့္ Martin Svidersky တို ့ကို ေခၚယူထားၿပီး ျဖစ္ေၾကာင္း ႏွင့္ အဆိုပါ ကစားသမား ၃ ဦးႏွင့္အတူ Bjorn Hardley ဟာလည္း ယူႏိုက္တတ္ အသက္ ၁၈ ႏွစ္ေအာက္ အသင္းအတြက္ ပါ၀င္ ကစားၾကေတာ့မွာျဖစ္ပါတယ္။

 

မန္ခ်က္စတာယူႏိုက္တတ္ အသင္း ရဲ႕ ရာသီအႀကိဳေျခစမ္းပြဲမ်ားအတြက္ ေလ့က်င့္ေရး အစီအစဥ္မ်ားဟာ ျပန္လည္စတင္ဖို ့ကာရင္တန္ေလ့က်င့္ေရးကြင္းသို ့ေရာက္ရွိေနၾကပါၿပီ။ ပရီးမီးယားလိဂ္ ေဘာလံုးရာသီသစ္အတြက္ ယူႏိုက္တတ္ ရဲ႕ျပင္ဆင္မွဳေတြ အနက္ ကစားသမား ၂ ေယာက္ကို ေခၚယူထားၿပီး ျဖစ္သလို ရက္ဖိုဒ့္ ကိုလည္း ၄ ႏွစ္ သို႔ မဟုတ္ ၅ ႏွစ္ ၊ ကာလရွည္သက္တမ္းတိုးဖို ့အတြက္ျပင္ဆင္ေနပါတယ္။ ထို ့နည္းတူ အသက္ ၂၄ ႏွစ္အရြယ္ စပို႔တင္း ကစားသမား ဘ႐ူႏို ဖာနန္ဒက္စ္ ကို ေခၚယူရန္အတြက္လည္း ယူႏိုက္တတ္ အေနနဲ ့အမွန္တကယ္ ႀကိဳးစားေနတာျဖစ္ပါတယ္။ ဘ႐ူႏို ဖာနန္ဒက္စ္ ရဲ႕ အေျပာင္းအေရြ႕အတြက္ကေတာ့ ယူႏိုက္တတ္ အသင္း ႏွင့္ အတူ ၿပီးခဲ့တဲ့ အပတ္က ေဆြးေႏြးမွဳမ်ား ျပဳလုပ္ထားခဲ့တာျဖစ္ၿပီး လီဗာပူးလ္ ၊ စပါးစ္ တို ့ႏွင့္အၿပိဳင္ အဆိုပါကစားသမားကို အသင္းကို ေရာက္ရွိေအာင္ ကမ္းလွမ္းခဲ့ပါတယ္။

စပါးစ္ အသင္းႏွင့္သေဘာတူညီမွဳ ရရွိသြားၿပီလို႔ သတင္းမ်ားထြက္ေပၚေနတဲ့ လိုင္ယြန္ကြင္းလယ္လူ Ndombele ကို ယူႏိုက္တတ္ဟာ ၾကားျဖတ္ေခၚယူရန္ ျပင္ဆင္ေနမွဳမ်ား ရွိေနတယ္လို ့ဆိုပါတယ္။ စပါးစ္အသင္းကေတာ့ အဆိုပါ ကစားသမား ကို ေခၚယူရန္ ေျပာင္းေရြ႕ေၾကး ေပါင္ ၅၄သန္းအျပင္ အပိုဆုေၾကး ေပါင္ ၉ သန္း စုစုေပါင္း ၆၃သန္း ၀န္းက်င္ျဖင့္ ေခၚယူရန္ သေဘာတူညီမွဳ ရရွိထားၿပီးၿပီ ျဖစ္ေသာ္လည္း အေျပာင္းအေရြ႕ ဟာ အၿပီးမသတ္ေသးတဲ့ အေျခအေန တစ္ခု ျဖစ္ေနတာေၾကာင့္ ယူႏိုက္တတ္အေနျဖင့္ ေပါ့ဘာ သာ အသင္းက ထြက္ခြာသြားခဲ့မယ္ဆိုပါက Ndombele ကို အရေခၚယူသြားရမွာ ျဖစ္ပါတယ္။

ထိုနည္းတူ ယူႏိုက္တတ္ အသင္း ႏွင့္ Wissan Ben Yedder ရဲ႕ ဆီဗီးလား အသင္းတို ့ဟာ သေဘာတူညီမွဳမ်ား ရရွိေနၿပီ ျဖစ္တယ္လို႔ သတင္းမ်ား ထြက္ေပၚလာပါတယ္။ ဆီဗီးလား တိုက္စစ္မွဳး Yedder ဟာ အသက္ ၂၈ ႏွစ္ အရြယ္ ရွိ တိုက္စစ္မွဴး တစ္ဦးျဖစ္ၿပီး အင္တာမီလန္အသင္းသို ့လူကာကူ ေျပာင္းေရြ႕သြားခဲ့မည္ဆိုပါက အဆိုပါ ကစားသမားကို အရေခၚယူသြားဖြယ္ရွိေနပါတယ္။ မႏွစ္က ယူႏိုက္တတ္အသင္းရဲ႕ ကမ္းလွမ္းမွဳကို ျငင္းပယ္ခဲ့တဲ့ အက္သလက္တီကို ေနာက္ခံလူ ဂိုဒင္ ဟာ အင္တာမီလန္အသင္းသို ့ေရာက္ရွိသြားခဲ့ၿပီျဖစ္ပါတယ္။

ယူႏိုက္တတ္နည္းျပ ဆိုးလ္ရွားကေတာ့ အသင္းရဲ႕ တတိယေျမာက္ ကစားသမား ေခၚယူမွဳ အျဖစ္ အျမန္ဆံုး အေကာင္အထည္ေဖာ္ႏိုင္ေစရန္အတြက္ နယူးကာဆယ္ အသင္းကြင္းလယ္လူ Sean Longstaff ကို ရာသီအႀကိဳေျခစမ္းပြဲမ်ား မတိုင္မီ အရေခၚယူသြားႏိုင္ရန္အတြက္ အသင္း စီအီးအို ထံတင္ျပထားတယ္လို ့ဆိုပါတယ္။ ယူႏိုက္တတ္ဟာ Longstaff အတြက္ ေျပာင္းေရြ႕ေၾကး ေပါင္ သန္း ၂၀ ႏွင့္ အပိုဆုေၾကးမ်ား ပါ၀င္တဲ့ ကမ္းလွမ္းမွဳ တစ္ခု ျဖင့္ နယူးကာဆယ္ အသင္းဘက္ကို ကမ္းလွမ္းထားရန္ ျပင္ဆင္ေနၿပီး သိပ္မၾကာခင္အခ်ိန္အတြင္းမွာ ယူႏိုက္တတ္ ရဲ႕ တတိယအႀကိမ္ေျမာက္ ကစားသမားေခၚယူမွဳဟာ ျဖစ္ေပၚလာေတာ့မယ္လို ့သိရပါတယ္။

Unicode

အသက် ၁၆ နှစ်အရွယ် NAC Breda ရဲ့ ကြယ်ပွင့်ကစားသမား Bjorn Hardley ကို ယူနိုက်တတ် ဟာ ၃ နှစ်စာချုပ်ဖြင့် လူငယ်အကယ်ဒမီ သို့ခေါ်ယူနိုင်ခဲ့ပါပြီ။ အဆိုပါ ကစားသမားလေးဟာ ယူနိုက်တတ် ရဲ့ အသက် ၁၈ နှစ်အောက် အသင်းမှာ ပါဝင်ကစားရမှာဖြစ်ပြီး Bjorn Hardley ဟာ ယူနိုက်တတ် လူငယ်အသင်းရဲ့ ဗဟိုနောက်ခံလူ တစ်ယောက် အဖြစ် ကစားတော့မှာပဲဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ယူနိုက်တတ် လူငယ်အသင်း ဟာ Dillon Hoogewerf , Johan Guadagno နှင့် Martin Svidersky တို့ကို ခေါ်ယူထားပြီး ဖြစ်ကြောင်း နှင့် အဆိုပါ ကစားသမား ၃ ဦးနှင့်အတူ Bjorn Hardley ဟာလည်း ယူနိုက်တတ် အသက် ၁၈ နှစ်အောက် အသင်းအတွက် ပါဝင် ကစားကြတော့မှာဖြစ်ပါတယ်။

 

မန်ချက်စတာယူနိုက်တတ် အသင်း ရဲ့ ရာသီအကြိုခြေစမ်းပွဲများအတွက် လေ့ကျင့်ရေး အစီအစဉ်များဟာ ပြန်လည်စတင်ဖို့ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ရောက်ရှိနေကြပါပြီ။ ပရီးမီးယားလိဂ် ဘောလုံးရာသီသစ်အတွက် ယူနိုက်တတ် ရဲ့ပြင်ဆင်မှုတွေ အနက် ကစားသမား ၂ ယောက်ကို ခေါ်ယူထားပြီး ဖြစ်သလို ရက်ဖိုဒ့် ကိုလည်း ၄ နှစ် သို့ မဟုတ် ၅ နှစ် ၊ ကာလရှည်သက်တမ်းတိုးဖို့အတွက်ပြင်ဆင်နေပါတယ်။ ထို့နည်းတူ အသက် ၂၄ နှစ်အရွယ် စပို့တင်း ကစားသမား ဘရူနို ဖာနန်ဒက်စ် ကို ခေါ်ယူရန်အတွက်လည်း ယူနိုက်တတ် အနေနဲ့အမှန်တကယ် ကြိုးစားနေတာဖြစ်ပါတယ်။ ဘရူနို ဖာနန်ဒက်စ် ရဲ့ အပြောင်းအရွေ့အတွက်ကတော့ ယူနိုက်တတ် အသင်း နှင့် အတူ ပြီးခဲ့တဲ့ အပတ်က ဆွေးနွေးမှုများ ပြုလုပ်ထားခဲ့တာဖြစ်ပြီး လီဗာပူးလ် ၊ စပါးစ် တို့နှင့်အပြိုင် အဆိုပါကစားသမားကို အသင်းကို ရောက်ရှိအောင် ကမ်းလှမ်းခဲ့ပါတယ်။

စပါးစ် အသင်းနှင့်သဘောတူညီမှု ရရှိသွားပြီလို့ သတင်းများထွက်ပေါ်နေတဲ့ လိုင်ယွန်ကွင်းလယ်လူ Ndombele ကို ယူနိုက်တတ်ဟာ ကြားဖြတ်ခေါ်ယူရန် ပြင်ဆင်နေမှုများ ရှိနေတယ်လို့ဆိုပါတယ်။ စပါးစ်အသင်းကတော့ အဆိုပါ ကစားသမား ကို ခေါ်ယူရန် ပြောင်းရွေ့ကြေး ပေါင် ၅၄သန်းအပြင် အပိုဆုကြေး ပေါင် ၉ သန်း စုစုပေါင်း ၆၃သန်း ဝန်းကျင်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီးပြီ ဖြစ်သော်လည်း အပြောင်းအရွေ့ ဟာ အပြီးမသတ်သေးတဲ့ အခြေအနေ တစ်ခု ဖြစ်နေတာကြောင့် ယူနိုက်တတ်အနေဖြင့် ပေါ့ဘာ သာ အသင်းက ထွက်ခွာသွားခဲ့မယ်ဆိုပါက Ndombele ကို အရခေါ်ယူသွားရမှာ ဖြစ်ပါတယ်။

ထိုနည်းတူ ယူနိုက်တတ် အသင်း နှင့် Wissan Ben Yedder ရဲ့ ဆီဗီးလား အသင်းတို့ဟာ သဘောတူညီမှုများ ရရှိနေပြီ ဖြစ်တယ်လို့ သတင်းများ ထွက်ပေါ်လာပါတယ်။ ဆီဗီးလား တိုက်စစ်မှုး Yedder ဟာ အသက် ၂၈ နှစ် အရွယ် ရှိ တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး အင်တာမီလန်အသင်းသို့လူကာကူ ပြောင်းရွေ့သွားခဲ့မည်ဆိုပါက အဆိုပါ ကစားသမားကို အရခေါ်ယူသွားဖွယ်ရှိနေပါတယ်။ မနှစ်က ယူနိုက်တတ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့ အက်သလက်တီကို နောက်ခံလူ ဂိုဒင် ဟာ အင်တာမီလန်အသင်းသို့ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တတ်နည်းပြ ဆိုးလ်ရှားကတော့ အသင်းရဲ့ တတိယမြောက် ကစားသမား ခေါ်ယူမှု အဖြစ် အမြန်ဆုံး အကောင်အထည်ဖော်နိုင်စေရန်အတွက် နယူးကာဆယ် အသင်းကွင်းလယ်လူ Sean Longstaff ကို ရာသီအကြိုခြေစမ်းပွဲများ မတိုင်မီ အရခေါ်ယူသွားနိုင်ရန်အတွက် အသင်း စီအီးအို ထံတင်ပြထားတယ်လို့ဆိုပါတယ်။ ယူနိုက်တတ်ဟာ Longstaff အတွက် ပြောင်းရွေ့ကြေး ပေါင် သန်း ၂၀ နှင့် အပိုဆုကြေးများ ပါဝင်တဲ့ ကမ်းလှမ်းမှု တစ်ခု ဖြင့် နယူးကာဆယ် အသင်းဘက်ကို ကမ်းလှမ်းထားရန် ပြင်ဆင်နေပြီး သိပ်မကြာခင်အချိန်အတွင်းမှာ ယူနိုက်တတ် ရဲ့ တတိယအကြိမ်မြောက် ကစားသမားခေါ်ယူမှုဟာ ဖြစ်ပေါ်လာတော့မယ်လို့သိရပါတယ်။

Share this to Facebook

Leave a Reply

Your email address will not be published. Required fields are marked *