fbpx

ဗန္ဟားလ္ဟာ သူ ့ကစားသမားဘ၀မွာ ၁၀၀% အေတာ္ဆံုးနည္းျပ လို ့ဆိုလာတဲ့ ၀ိန္းရြန္းနီ

Zawgyi

အသင္းနည္းျပ မ်ားထဲမွာ ဗန္ဟားလ္ဟာ 100 % အေတာ္ဆံုး နည္းျပ တစ္ဦးျဖစ္ျပီး ဆာအဲလက္စ္ဖာဂူဆန္ ႏွင့္အလုပ္တြဲဖက္ လုပ္ကိုင္ရတာထက္ ပိုမိုေကာင္းမြန္ေၾကာင္း ရြန္းနီက ေျပာလာပါတယ္။ ဖာဂူဆန္ ဟာ အသင္းမွာ ၂၆ ႏွစ္ေက်ာ္ၾကာ နည္းျပခ့ဲျပီးေအာင္ျမင္မွဳမ်ား ရယူေပးႏိုင္ခဲ့တဲ့ နည္းျပတစ္ဦးျဖစ္ေသာ္လည္း ဆုဖလား တစ္လံုးသာ ရယူေပးႏိုင္ခဲ့တဲ့ လူး၀စ္ဗန္ဟားလ္ ဟာ အေကာင္းဆံုး ႏွင့္ အလုပ္တြဲဖက္လုပ္ကိုင္လို ့အေကာင္းဆံုးနည္းျပ တစ္ဦးျဖစ္တယ္လို့ ေျပာၾကားခဲ့ပါတယ္။ သူ ့ရဲ့ နည္းဗ်ဴဟာ ေျမာက္တဲ့ ကစားကြက္၊ ပြဲအတြက္ျပင္ဆင္ပံုနည္းစနစ္ေတြကို ေတြ ့ျမင္ခဲ့ရတာ က်ေနာ့္အတြက္ေတာ့ အံ့ၾသဖို့ေကာင္းျပီး အဲလို နည္းျပမ်ိဳး ကို အခုမွ ၾကံဳေတြ ့ခဲ့ရျခင္းျဖစ္ပါတယ္။

ရြန္းနီ ႏွင့္ ဖာဂူဆန္ တို့အၾကား ၂၀၁၀ ကျဖစ္ပြားခဲ့တဲ့ အေျပာင္းအေရြ ့ႏွင့္ပတ္သတ္တဲ့ ျပႆနာ တစ္ခု ျဖစ္ခဲ့ျပီး သေဘာထားမတိုက္ဆိုင္မွုမ်ားလည္း ျဖစ္ပြားခဲ့မယ္လုိ့ ထင္ရပါတယ္။ ရြန္းနီဟာ ယူႏိုက္တတ္မွာ ၁၃ ႏွစ္ေက်ာ္ၾကာ ကစားခဲ့ျပီး ၅၅၉ ပြဲကစားျပီး ၂၅၃ ဂိုးသြင္းယူေပးခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္မွာေတာ့ ဗန္ဟားလ္ အသင္းသို့ေရာက္ရွိလာခဲ့ျပီး အသင္းရဲ့ ကစားပံုနည္းစနစ္ ၊ နည္းဗ်ဴဟာမ်ားေျပာင္းလဲခဲ့ျပီး ဆုဖလားတစ္ခုကို ရယူေပးႏိုင္ခဲ့ေသာ္လည္း အသင္းက ထြက္ခြာခဲ့ရပါတယ္။ ဗန္ဟားလ္ က သူ နဲ့ပတ္သတ္တဲ့ ကစားသမားေတြကို ဘယ္လိုခ်ဳပ္ကိုင္ရမယ္ဆိုတာနဲ ့ အေကာင္းဆံုး ဆက္ဆံေရး ရရွိဖို ့အတြက္လည္း အျမဲျပင္ဆင္ခဲ့ပါတယ္။ အသင္းကေန ဗန္ဟားလ္ ထြက္သြားခဲ့ရလို ့က်ေနာ္ စိတ္မေကာင္းျဖစ္ခဲ့ရတယ္။ က်ေနာ္ သူ့ ဆီကေန ေလ့လာသင္ယူစရာေတြ အမ်ားၾကီး ရရွိခဲ့ပါတယ္။ အဲ သင္ခန္းစာေတြကို က်ေနာ္ကိုယ္တိုင္ မန္ေနဂ်ာတစ္ေယာက္ ျဖစ္တဲ့အခါ အေကာင္းဆံုး အသံုးခ်ႏိုင္မယ္လို ့ယံုၾကည္ပါတယ္။

အဂၤလန္အသင္းႏွင့္မန္ခ်က္စတာယူႏိုက္တတ္ အသင္းေခါင္းေဆာင္ေဟာင္း ၀ိန္းရြန္းနီဟာ ယခုအခ်ိန္မွာေတာ့ေမဂ်ာလိဂ္ DC United မွာ ၃ႏွစ္ခြဲစာခ်ဳပ္ျဖင့္  ကစားေနျပီး ကစားသမားဘ၀က အနားယူခဲ့မည္ဆိုပါက ၄င္းရဲ့ အဂၤလန္အသင္းေဖာ္မ်ားျဖစ္တဲ့ စတီဗင္ဂ်ာရတ္ ၊ လမ္းပတ္တို့နည္းတူ နည္းျပ ေလာကထဲသို ့၀င္ေရာက္ရန္ျပင္ဆင္ေနတယ္လုိ့သိရပါတယ္။ ရုပ္ပိုင္းဆိုင္ရာ အရေတာ့ က်ေနာ္ ခံစားမွဳ ေကာင္းေနပါေသးတယ္။ က်ေနာ့္မွာ ရည္မွန္းခ်က္ေတြရွိေသးတယ္။ က်ေနာ့္ ကစားသမားဘ၀ ျပီးဆံုးခဲ့ရင္ေတာ့ အျခားေရြးခ်ယ္စရာ မ်ားကို စဥ္းစားထားရပါမယ္။ ဖရန္ ့လမ္းပတ္ ႏွင့္ ဂ်ာရတ္တို့ ကို ေဘာလံုးနည္းျပေတြ အျဖစ္နဲ့ျမင္ေတြ့ရတာ အလြန္၀မ္းသာပါတယ္လို ့ေျပာၾကားသြားပါတယ္။

Unicode

အသင်းနည်းပြ များထဲမှာ ဗန်ဟားလ်ဟာ 100 % အတော်ဆုံး နည်းပြ တစ်ဦးဖြစ်ပြီး ဆာအဲလက်စ်ဖာဂူဆန် နှင့်အလုပ်တွဲဖက် လုပ်ကိုင်ရတာထက် ပိုမိုကောင်းမွန်ကြောင်း ရွန်းနီက ပြောလာပါတယ်။ ဖာဂူဆန် ဟာ အသင်းမှာ ၂၆ နှစ်ကျော်ကြာ နည်းပြခဲ့ပြီးအောင်မြင်မှုများ ရယူပေးနိုင်ခဲ့တဲ့ နည်းပြတစ်ဦးဖြစ်သော်လည်း ဆုဖလား တစ်လုံးသာ ရယူပေးနိုင်ခဲ့တဲ့ လူးဝစ်ဗန်ဟားလ် ဟာ အကောင်းဆုံး နှင့် အလုပ်တွဲဖက်လုပ်ကိုင်လို့အကောင်းဆုံးနည်းပြ တစ်ဦးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ နည်းဗျူဟာ မြောက်တဲ့ ကစားကွက်၊ ပွဲအတွက်ပြင်ဆင်ပုံနည်းစနစ်တွေကို တွေ့မြင်ခဲ့ရတာ ကျနော့်အတွက်တော့ အံ့သြဖို့ကောင်းပြီး အဲလို နည်းပြမျိုး ကို အခုမှ ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါတယ်။

ရွန်းနီ နှင့် ဖာဂူဆန် တို့အကြား ၂၀၁၀ ကဖြစ်ပွားခဲ့တဲ့ အပြောင်းအရွေ့နှင့်ပတ်သတ်တဲ့ ပြဿနာ တစ်ခု ဖြစ်ခဲ့ပြီး သဘောထားမတိုက်ဆိုင်မှုများလည်း ဖြစ်ပွားခဲ့မယ်လို့ ထင်ရပါတယ်။ ရွန်းနီဟာ ယူနိုက်တတ်မှာ ၁၃ နှစ်ကျော်ကြာ ကစားခဲ့ပြီး ၅၅၉ ပွဲကစားပြီး ၂၅၃ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ဗန်ဟားလ် အသင်းသို့ရောက်ရှိလာခဲ့ပြီး အသင်းရဲ့ ကစားပုံနည်းစနစ် ၊ နည်းဗျူဟာများပြောင်းလဲခဲ့ပြီး ဆုဖလားတစ်ခုကို ရယူပေးနိုင်ခဲ့သော်လည်း အသင်းက ထွက်ခွာခဲ့ရပါတယ်။ ဗန်ဟားလ် က သူ နဲ့ပတ်သတ်တဲ့ ကစားသမားတွေကို ဘယ်လိုချုပ်ကိုင်ရမယ်ဆိုတာနဲ့ အကောင်းဆုံး ဆက်ဆံရေး ရရှိဖို့အတွက်လည်း အမြဲပြင်ဆင်ခဲ့ပါတယ်။ အသင်းကနေ ဗန်ဟားလ် ထွက်သွားခဲ့ရလို့ကျနော် စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ကျနော် သူ့ ဆီကနေ လေ့လာသင်ယူစရာတွေ အများကြီး ရရှိခဲ့ပါတယ်။ အဲ သင်ခန်းစာတွေကို ကျနော်ကိုယ်တိုင် မန်နေဂျာတစ်ယောက် ဖြစ်တဲ့အခါ အကောင်းဆုံး အသုံးချနိုင်မယ်လို့ယုံကြည်ပါတယ်။

အင်္ဂလန်အသင်းနှင့်မန်ချက်စတာယူနိုက်တတ် အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်းနီဟာ ယခုအချိန်မှာတော့မေဂျာလိဂ် DC United မှာ ၃နှစ်ခွဲစာချုပ်ဖြင့်  ကစားနေပြီး ကစားသမားဘဝက အနားယူခဲ့မည်ဆိုပါက ၎င်းရဲ့ အင်္ဂလန်အသင်းဖော်များဖြစ်တဲ့ စတီဗင်ဂျာရတ် ၊ လမ်းပတ်တို့နည်းတူ နည်းပြ လောကထဲသို့ဝင်ရောက်ရန်ပြင်ဆင်နေတယ်လို့သိရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အရတော့ ကျနော် ခံစားမှု ကောင်းနေပါသေးတယ်။ ကျနော့်မှာ ရည်မှန်းချက်တွေရှိသေးတယ်။ ကျနော့် ကစားသမားဘ၀ ပြီးဆုံးခဲ့ရင်တော့ အခြားရွေးချယ်စရာ များကို စဉ်းစားထားရပါမယ်။ ဖရန့်လမ်းပတ် နှင့် ဂျာရတ်တို့ ကို ဘောလုံးနည်းပြတွေ အဖြစ်နဲ့မြင်တွေ့ရတာ အလွန်ဝမ်းသာပါတယ်လို့ပြောကြားသွားပါတယ်။

Share this to Facebook

Leave a Reply

Your email address will not be published. Required fields are marked *