fbpx

ညပိုင္းသတင္းမ်ား ( 30/6/2019 )

Zawgyi

စပိန္သတင္းစာ ColinaDeNervion ရဲ့ အဆိုအရ ဆီဗီးလား တိုက္စစ္မွဴး Ben Yedder ဟာ ေရွ့လာမယ့္ေဘာလံုးရာသီမွာ အသင္းသစ္ တစ္ခု ရဲ့ ဂ်ာစီကို ၀တ္ဆင္ကစားလိမ့္မယ္လုိ့ ဆိုထားပါတယ္။ Yedder ဟာ ယူႏိုက္တတ္အသင္းရဲ့ တိုက္စစ္မွဴး လူကာကူ တစ္ေယာက္ အင္တာမီလန္အသင္းကို ေျပာင္းေရြ့သြားခဲ့မည္ဆိုပါက အသင္းရဲ့တိုက္စစ္ေနရာအတြက္ အစားထိုးေခၚယူမယ့္ စာရင္းထဲ ပါ၀င္တဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။ ကစားသမားကို ေခၚယူရန္ ေရပန္းစားေနတဲ့အသင္းမ်ားထဲမွာေတာ့ ဘာစီလိုနာ ၊ PSG ႏွင့္ယူႏိုက္တတ္တို ့ပါ၀င္ျပီး Yedder ဟာ ျပီးခဲ့တဲ့ ေဘာလံုးရာသီက ဆီဗီးလားအသင္းအတြက္ ၁၈ ဂိုးသြင္းယူေပးထားႏိုင္တဲ့ တိုက္စစ္မွဴးတစ္ဦးျဖစ္ပါတယ္။ သူ့ကိုေခၚယူမယ့္ စာရင္းထဲမွာေတာ့ ယူႏိုက္တတ္ဟာ ျဖစ္ႏိုင္ေျခအမ်ားဆံုး ရွိတဲ့အသင္း ျဖစ္ျပီး လူကာကူ ရဲ့ အသင္းေျပာင္းေရြ့မွာသာ အမွန္တကယ္ျဖစ္ေပၚလာခဲ့ပါက Yedder သို့မဟုတ္ အျခားတိုက္စစ္မွဴးတစ္ဦးေတာ့ ယူႏိုက္တတ္ကို ေရာက္ရွိလာလိမ့္မယ္လို့ ေမွ်ာ္လင့္ပါတယ္။

ေဆြးေႏြးမွဳမ်ား ရွိမလာေသးေပမယ့္လည္း အသင္းတာ၀န္ရွိသူေတြဟာ ရက္ဖိုဒ့္ အတြက္ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုအျပီးမွာ ဂ်က္ဆီလင္ဂတ္ ရဲ့ အနာဂတ္ ႏွင့္ပတ္သတ္ျပီး စာခ်ဳပ္သစ္ ထပ္မံခ်ဳပ္ဆိုရန္အတြက္ ျပင္ဆင္ေတာ့မယ္လုိ့သိရပါတယ္။ အကယ္ဒမီထြက္ လူငယ္ကစားသမားမ်ားကို တန္ဖိုးထားေလ့ရွိတဲ့ ယူႏိုက္တတ္ရဲ့အစဥ္အလာ အရ ဂ်က္ဆီလင္ဂတ္ ႏွင့္ ယူႏိုက္တတ္ရဲ့ စာခ်ဳပ္ဟာ ၂၀၂၁ ခုႏွစ္မွာ ကုန္ဆံုးမွာ ျဖစ္ျပီး စာခ်ဳပ္ကုန္ဆံုးခဲ့ပါက ထပ္မံခ်ဳပ္ဆိုႏိုင္ရန္ အခ်က္အလက္မ်ားထည့္သြင္းခ်ဳပ္ဆိုထားသည္ကိုေတြ ့ရပါတယ္။ ယူႏိုက္တတ္ ႏွင့္ လင္ဂတ္ တို့ဟာ ၂၀၁၇ ဧျပီ ၆ရက္ေန ့က ၄ ႏွစ္စာခ်ဳပ္ျဖင့္သက္တမ္းတိုးခဲ့တာျဖစ္ျပီး ယူႏိုက္တတ္အတြက္ ၁၆၇ပြဲ ကစားေပးထားျပီး ၂၉ ဂိုးသြင္းယူေပးထားတဲ့ ညာေတာင္ပံတိုက္စစ္ ကစားသမားတစ္ဦးျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တတ္ဟာ အသင္းရဲ့ကြင္းလယ္ အင္အားကို ျဖည့္တင္းရန္အတြက္ မေမွ်ာ္လင့္တဲ့ ကစားသမားေခၚယူမွဳ တစ္ခုကို ေခၚယူဖြယ္ရွိေနပါတယ္။ သူကေတာ့အက္စတြန္ဗီလာ အသင္း ကြင္းလယ္လူ John McGinn ျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ John McGinn ကို ယူႏိုက္တတ္ နည္းျပ ဆိုးလ္ရွားက သူျပန္လည္ျပင္ဆင္မယ့္အသင္းလူစာရင္းအတြက္ ေခၚယူရန္ စာရင္းထဲတြင္ထည့္သြင္းထားျပီး ျဖစ္တယ္လုိ့သိရပါတယ္။ ယူႏိုက္တတ္ရဲ့ကြင္းလယ္ အင္အားအတြက္ လစၥဘြန္းကြင္းလယ္လူ Fernandes ႏွင့္ နယူးကာဆယ္ ကြင္းလယ္လူ Sean Longstaff တို့ကိုလည္း ေခၚယူရန္အတြက္ ပစ္မွတ္ထားေနတယ္ပါတယ္။

Marcel Keizar စပို့တင္းလစၥဘြန္း မန္ေနဂ်ာက ဘရူႏို ဖာနန္ဒက္စ္ ကို အသင္းမွာ ဆက္လက္ရွိေနေစခ်င္ပါတယ္။ အခု အေျခအေနကို အားလံုးလည္းသိျပီးသားျဖစ္ပါလိမ့္မယ္။ သူ ့ကို အသင္းမွာ ဆက္လက္ရွိေနဖို့ဆိုတာ ခက္ခဲႏိုင္ျပီး ေရွ့လာမယ့္ေဘာလုံးရာသီမွာ သူ ဘယ္အသင္းမွာရွိေနမယ္ဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္လို ့ေျပာၾကားသြားပါတယ္။

Unicode

စပိန်သတင်းစာ ColinaDeNervion ရဲ့ အဆိုအရ ဆီဗီးလား တိုက်စစ်မှူး Ben Yedder ဟာ ရှေ့လာမယ့်ဘောလုံးရာသီမှာ အသင်းသစ် တစ်ခု ရဲ့ ဂျာစီကို ဝတ်ဆင်ကစားလိမ့်မယ်လို့ ဆိုထားပါတယ်။ Yedder ဟာ ယူနိုက်တတ်အသင်းရဲ့ တိုက်စစ်မှူး လူကာကူ တစ်ယောက် အင်တာမီလန်အသင်းကို ပြောင်းရွေ့သွားခဲ့မည်ဆိုပါက အသင်းရဲ့တိုက်စစ်နေရာအတွက် အစားထိုးခေါ်ယူမယ့် စာရင်းထဲ ပါဝင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ကစားသမားကို ခေါ်ယူရန် ရေပန်းစားနေတဲ့အသင်းများထဲမှာတော့ ဘာစီလိုနာ ၊ PSG နှင့်ယူနိုက်တတ်တို့ပါဝင်ပြီး Yedder ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆီဗီးလားအသင်းအတွက် ၁၈ ဂိုးသွင်းယူပေးထားနိုင်တဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ သူ့ကိုခေါ်ယူမယ့် စာရင်းထဲမှာတော့ ယူနိုက်တတ်ဟာ ဖြစ်နိုင်ခြေအများဆုံး ရှိတဲ့အသင်း ဖြစ်ပြီး လူကာကူ ရဲ့ အသင်းပြောင်းရွေ့မှာသာ အမှန်တကယ်ဖြစ်ပေါ်လာခဲ့ပါက Yedder သို့မဟုတ် အခြားတိုက်စစ်မှူးတစ်ဦးတော့ ယူနိုက်တတ်ကို ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဆွေးနွေးမှုများ ရှိမလာသေးပေမယ့်လည်း အသင်းတာဝန်ရှိသူတွေဟာ ရက်ဖိုဒ့် အတွက် သက်တမ်းတိုးစာချုပ် ချုပ်ဆိုအပြီးမှာ ဂျက်ဆီလင်ဂတ် ရဲ့ အနာဂတ် နှင့်ပတ်သတ်ပြီး စာချုပ်သစ် ထပ်မံချုပ်ဆိုရန်အတွက် ပြင်ဆင်တော့မယ်လို့သိရပါတယ်။ အကယ်ဒမီထွက် လူငယ်ကစားသမားများကို တန်ဖိုးထားလေ့ရှိတဲ့ ယူနိုက်တတ်ရဲ့အစဉ်အလာ အရ ဂျက်ဆီလင်ဂတ် နှင့် ယူနိုက်တတ်ရဲ့ စာချုပ်ဟာ ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်ကုန်ဆုံးခဲ့ပါက ထပ်မံချုပ်ဆိုနိုင်ရန် အချက်အလက်များထည့်သွင်းချုပ်ဆိုထားသည်ကိုတွေ့ရပါတယ်။ ယူနိုက်တတ် နှင့် လင်ဂတ် တို့ဟာ ၂၀၁၇ ဧပြီ ၆ရက်နေ့က ၄ နှစ်စာချုပ်ဖြင့်သက်တမ်းတိုးခဲ့တာဖြစ်ပြီး ယူနိုက်တတ်အတွက် ၁၆၇ပွဲ ကစားပေးထားပြီး ၂၉ ဂိုးသွင်းယူပေးထားတဲ့ ညာတောင်ပံတိုက်စစ် ကစားသမားတစ်ဦးဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တတ်ဟာ အသင်းရဲ့ကွင်းလယ် အင်အားကို ဖြည့်တင်းရန်အတွက် မမျှော်လင့်တဲ့ ကစားသမားခေါ်ယူမှု တစ်ခုကို ခေါ်ယူဖွယ်ရှိနေပါတယ်။ သူကတော့အက်စတွန်ဗီလာ အသင်း ကွင်းလယ်လူ John McGinn ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် John McGinn ကို ယူနိုက်တတ် နည်းပြ ဆိုးလ်ရှားက သူပြန်လည်ပြင်ဆင်မယ့်အသင်းလူစာရင်းအတွက် ခေါ်ယူရန် စာရင်းထဲတွင်ထည့်သွင်းထားပြီး ဖြစ်တယ်လို့သိရပါတယ်။ ယူနိုက်တတ်ရဲ့ကွင်းလယ် အင်အားအတွက် လစ္စဘွန်းနောက်ခံလူ Fernandes နှင့် နယူးကာဆယ် ကွင်းလယ်လူ Sean Longstaff တို့ကိုလည်း ခေါ်ယူရန်အတွက် ပစ်မှတ်ထားနေတယ်ပါတယ်။

Marcel Keizar စပို့တင်းလစ္စဘွန်း မန်နေဂျာက ဘရူနို ဖာနန်ဒက်စ် ကို အသင်းမှာ ဆက်လက်ရှိနေစေချင်ပါတယ်။ အခု အခြေအနေကို အားလုံးလည်းသိပြီးသားဖြစ်ပါလိမ့်မယ်။ သူ့ကို အသင်းမှာ ဆက်လက်ရှိနေဖို့ဆိုတာ ခက်ခဲနိုင်ပြီး ရှေ့လာမယ့်ဘောလုံးရာသီမှာ သူ ဘယ်အသင်းမှာရှိနေမယ်ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်လို့ပြောကြားသွားပါတယ်။

Share this to Facebook

Leave a Reply

Your email address will not be published. Required fields are marked *