fbpx

ညပိုင္းသတင္းမ်ား ( 30/6/2019 )

Zawgyi

အိုးထရက္ဖိုဒ့္ကြင္းၾကီးထဲမွာ မန္ခ်က္စတာယူနိုက္တတ္အသင္းကို ကိုယ္စားျပဳျပီး ပထမဆံုးအၾကိမ္ကစားခြင့္ရရွိတာဟာ က်ေနာ့္အတြက္ေတာ့ အရမ္းကို ကြာျခားေနပါလိမ့္မယ္။ ဒါေၾကာင့္လည္း က်ေနာ္ ဒီအသင္းကို ေရာက္ရွိလာခဲ့တာပါ။ ကလပ္အသင္း ရဲ့သမိုင္းေၾကာင္းေတြက တကယ္ကို အံ့ၾသဖို ့ေကာင္းျပီး ဒီလိုအသင္းရဲ့ အစိတ္အပိုင္းတစ္ခု အေနနဲ ့ပါ၀င္ကစားေပးရမွာ ျဖစ္လို ့က်ေနာ့္အေနနဲ ့ရာသီအၾကိဳေျခစမ္းပြဲေတြကို မေစာင့္ႏုိင္ေလာက္ေအာင္ ျဖစ္ေနပါျပီ” လို ့မန္ခ်က္စတာယူႏိုက္တတ္ ကစားသမားသစ္ အာရြန္၀မ္ဘစ္စကာ က ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တတ္အသင္း ရဲ့တိုက္စစ္မွဴး မားကပ္စ္ရက္ဖိုဒ့္ ကို ႏွစ္ရွည္စာခ်ဳပ္ ခ်ဳပ္ဆိုရန္ နီးစပ္ေနျပီျဖစ္တယ္လုိ့သိရပါတယ္။ စာခ်ဳပ္အသစ္အရေတာ့ ရက္ဖိုဒ့္ဟာ ယူႏိုက္တတ္အသင္းတြင္ တစ္ပတ္ေပါင္ ၂၅၀၀၀၀ ရရွိမွာျဖစ္ျပီး ရာသီအၾကိဳေျခစမ္းပြဲမ်ားမစတင္ခင္ မွာ ခ်ဳပ္ဆိုသြားဖြယ္ရွိတယ္လုိ့သိရပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ အဆုိပါ တိုက္စစ္မွဴးကို မန္ေနဂ်ာဆိုးလ္ရွား အေနျဖင့္ အသင္းကထြက္ခြာေတာ့မယ့္ တိုက္စစ္မွဴး လူကာကူ ရဲ့ ေနရာ အစားထိုးရန္ ျပင္ဆင္ထားျပီး ရက္ဖိုဒ့္ဟာ ယူႏိုက္တတ္အသင္းရဲ့ပထမဦးစားေပး တိုက္စစ္မွဴး ျဖစ္လာဖြယ္ရွိေနပါတယ္။

ရက္ဖိုဒ့္ နည္းတူ ဒီေဟးယား ႏွင့္လည္း ယူႏိုက္တတ္ဟာ စာခ်ဳပ္အသစ္ထပ္မံခ်ဳပ္ဆိုရန္ နီးစပ္တဲ့ အေနအထားကို ေရာက္ရွိေနပါျပီ။ အသင္းရဲ့ လစာအမ်ားဆံုးကစားသမားအျဖစ္ ေရာက္ရွိႏိုင္တဲ့ လစာေငြ ႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုရန္ ကမ္းလွမ္းမွု ကို ဒီေဟးယားက ပထမအၾကိမ္ ျငင္းပယ္ထားျပီးေနာက္မွာ ယခုတစ္ၾကိမ္ ထပ္မံကမ္းလွမ္းအုန္းမွာျဖစ္တယ္လို ့သိရပါတယ္။ ယူႏိုက္တတ္ဟာ ဒီေဟးယားကို တစ္ပတ္လစာ ၃၅၀၀၀၀ ျဖင့္ ကမ္းလွမ္းထားခဲ့ေသာ္လည္း အဆိုပါ ဂိုးသမား ဒီေဟးယား က ယခုလက္ရွိ ယူႏိုက္တတ္အသင္းတြင္ လစာအမ်ားဆံုး ရရွိေနသည့္ ဆန္းခ်က္စ္ ရဲ့ လစာထက္ ျမင့္မားတဲ့ ကမ္းလွမ္းမွဳကို ေစာင့္ေမွ်ာ္ေနတယ္လုိ ့ဆိုပါတယ္။ ဒီေဟးယား ဟာ ယခုခ်ိန္မွာစာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ရွိေနေတာ့တာျဖစ္ျပီး ေရွ့လာမယ့္ ေဘာလံုးရာသီ အေျပာင္းအေရြ့မွာေတာ့ အလြတ္ေျပာင္းေရြ့ေၾကးျဖင့္အသင္းက ထြက္ခြာသြားႏိုင္တာပဲျဖစ္ပါတယ္။ ယူႏိုက္တတ္ အသင္း တာ၀န္ရွိသူမ်ားကေတာ့ ဒီေဟးယားကို ဆက္လက္ထိန္းသိမ္းသြားႏိုင္ဖို့ ေမွ်ာ္လင့္ေနၾကျပီး သူ ရဲ့ သက္တမ္းတိုးစာခ်ဳပ္ဟာလည္း သိပ္မၾကာခင္ ခ်ဳပ္ဆိုေတာ့မယ္လို ့ဆိုပါတယ္။

မန္ေနဂ်ာ ဆိုးလ္ရွားကေတာ့ တိုက္စစ္မွဴး လူကာကူ ကို အသင္းမွာ ဆက္လက္ထိန္းသိမ္းသြားရန္ ရည္ရြယ္ျပီး ကလပ္အသင္းအေနနဲ ့ကေတာ့ လူကာကူ အတြက္ ေျပာင္းေရြ့ေၾကး ေပါင္ သန္း ၈၀ ျဖင့္ ကမ္းလွမ္းမည့္အသင္း ရွိပါက အေျပာင္းအေရြ့ကို လက္ခံစဥ္းစားသြားမွာျဖစ္တယ္လုိ ့ဆိုပါတယ္။ လူကာကူ ဟာ စီးရီေအကလပ္ အင္တာမီလန္ သို ့ေျပာင္းေရြ့ရန္ သတင္းမ်ားစြာ ထြက္ေပၚေနေသာ္လည္း အင္တာမီလန္အသင္းဘက္က လူကာကူ ရဲ့ ေျပာင္းေရြ့ေၾကးကို ေပးေခ်ရန္ အခက္အခဲျဖစ္ေနတာေၾကာင့္ ၾကန္ ့ၾကာေနတာျဖစ္တယ္လို့သိရပါတယ္။

နည္​းျပဆိုးလ္​ရွားဟာ လူငယ္​​ေနာက္​ခံလူ Axel Tuanzebe ရဲ႕အနာဂတ္​ကိစၥနဲ႔ပတ္​သက္​ၿပီး လာမယ္​့အပတ္​မွာ ကစားသမားနဲ႔​ေတြ႕ဆံု​ေဆြး​ေနြးၾကဖို႔ရွိပါတယ္​။
ရာသီႀကိဳ​ေျခစမ္​းခရီးစဥ္​မွာ ကစားသမားကိုအသင္​းနဲ႔အတူလိုက္​ပါကစား​ေစၿပီးမွ လာမယ္​့ရာသီထပ္​အငွားခ်သင္​့/မခ်သင္​့ ဆံုးျဖတ္​သြားမွာျဖစ္​ပါတယ္​။

Unicode

အိုးထရက်ဖိုဒ့်ကွင်းကြီးထဲမှာ မန်ချက်စတာယူနိုက်တတ်အသင်းကို ကိုယ်စားပြုပြီး ပထမဆုံးအကြိမ်ကစားခွင့်ရရှိတာဟာ ကျနော့်အတွက်တော့ အရမ်းကို ကွာခြားနေပါလိမ့်မယ်။ ဒါကြောင့်လည်း ကျနော် ဒီအသင်းကို ရောက်ရှိလာခဲ့တာပါ။ ကလပ်အသင်း ရဲ့သမိုင်းကြောင်းတွေက တကယ်ကို အံ့သြဖို့ကောင်းပြီး ဒီလိုအသင်းရဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ပါဝင်ကစားပေးရမှာ ဖြစ်လို့ကျနော့်အနေနဲ့ရာသီအကြိုခြေစမ်းပွဲတွေကို မစောင့်နိုင်လောက်အောင် ဖြစ်နေပါပြီ” လို့မန်ချက်စတာယူနိုက်တတ် ကစားသမားသစ် အာရွန်ဝမ်ဘစ်စကာ က ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တတ်အသင်း ရဲ့တိုက်စစ်မှူး မားကပ်စ်ရက်ဖိုဒ့် ကို နှစ်ရှည်စာချုပ် ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်တယ်လို့သိရပါတယ်။ စာချုပ်အသစ်အရတော့ ရက်ဖိုဒ့်ဟာ ယူနိုက်တတ်အသင်းတွင် တစ်ပတ်ပေါင် ၂၅၀၀၀၀ ရရှိမှာဖြစ်ပြီး ရာသီအကြိုခြေစမ်းပွဲများမစတင်ခင် မှာ ချုပ်ဆိုသွားဖွယ်ရှိတယ်လို့သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် အဆိုပါ တိုက်စစ်မှူးကို မန်နေဂျာဆိုးလ်ရှား အနေဖြင့် အသင်းကထွက်ခွာတော့မယ့် တိုက်စစ်မှူး လူကာကူ ရဲ့ နေရာ အစားထိုးရန် ပြင်ဆင်ထားပြီး ရက်ဖိုဒ့်ဟာ ယူနိုက်တတ်အသင်းရဲ့ပထမဦးစားပေး တိုက်စစ်မှူး ဖြစ်လာဖွယ်ရှိနေပါတယ်။

ရက်ဖိုဒ့် နည်းတူ ဒီဟေးယား နှင့်လည်း ယူနိုက်တတ်ဟာ စာချုပ်အသစ်ထပ်မံချုပ်ဆိုရန် နီးစပ်တဲ့ အနေအထားကို ရောက်ရှိနေပါပြီ။ အသင်းရဲ့ လစာအများဆုံးကစားသမားအဖြစ် ရောက်ရှိနိုင်တဲ့ လစာငွေ နှင့် စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းမှု ကို ဒီဟေးယားက ပထမအကြိမ် ငြင်းပယ်ထားပြီးနောက်မှာ ယခုတစ်ကြိမ် ထပ်မံကမ်းလှမ်းအုန်းမှာဖြစ်တယ်လို့သိရပါတယ်။ ယူနိုက်တတ်ဟာ ဒီဟေးယားကို တစ်ပတ်လစာ ၃၅၀၀၀၀ ဖြင့် ကမ်းလှမ်းထားခဲ့သော်လည်း အဆိုပါ ဂိုးသမား ဒီဟေးယား က ယခုလက်ရှိ ယူနိုက်တတ်အသင်းတွင် လစာအများဆုံး ရရှိနေသည့် ဆန်းချက်စ် ရဲ့ လစာထက် မြင့်မားတဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေတယ်လို့ဆိုပါတယ်။ ဒီဟေးယား ဟာ ယခုချိန်မှာစာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပြီး ရှေ့လာမယ့် ဘောလုံးရာသီ အပြောင်းအရွေ့မှာတော့ အလွတ်ပြောင်းရွေ့ကြေးဖြင့်အသင်းက ထွက်ခွာသွားနိုင်တာပဲဖြစ်ပါတယ်။ ယူနိုက်တတ် အသင်း တာဝန်ရှိသူများကတော့ ဒီဟေးယားကို ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ မျှော်လင့်နေကြပြီး သူ ရဲ့ သက်တမ်းတိုးစာချုပ်ဟာလည်း သိပ်မကြာခင် ချုပ်ဆိုတော့မယ်လို့ဆိုပါတယ်။

မန်နေဂျာ ဆိုးလ်ရှားကတော့ တိုက်စစ်မှူး လူကာကူ ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားရန် ရည်ရွယ်ပြီး ကလပ်အသင်းအနေနဲ့ကတော့ လူကာကူ အတွက် ပြောင်းရွေ့ကြေး ပေါင် သန်း ၈၀ ဖြင့် ကမ်းလှမ်းမည့်အသင်း ရှိပါက အပြောင်းအရွေ့ကို လက်ခံစဉ်းစားသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ လူကာကူ ဟာ စီးရီအေကလပ် အင်တာမီလန် သို့ပြောင်းရွေ့ရန် သတင်းများစွာ ထွက်ပေါ်နေသော်လည်း အင်တာမီလန်အသင်းဘက်က လူကာကူ ရဲ့ ပြောင်းရွေ့ကြေးကို ပေးချေရန် အခက်အခဲဖြစ်နေတာကြောင့် ကြန့်ကြာနေတာဖြစ်တယ်လို့သိရပါတယ်။

နည်းပြဆိုးလ်ရှားဟာ လူငယ်နောက်ခံလူ Axel Tuanzebe ရဲ့အနာဂတ်ကိစ္စနဲ့ပတ်သက်ပြီး လာမယ့်အပတ်မှာ ကစားသမားနဲ့တွေ့ဆုံဆွေးနွေးကြဖို့ရှိပါတယ်။ ရာသီကြိုခြေစမ်းခရီးစဉ်မှာ ကစားသမားကိုအသင်းနဲ့အတူလိုက်ပါကစားစေပြီးမှ လာမယ့်ရာသီထပ်အငှားချသင့်/မချသင့် ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

Share this to Facebook

Leave a Reply

Your email address will not be published. Required fields are marked *