fbpx

LDU Quito အသင္းသို ့ေျပာင္းေရြ့သြားျပီျဖစ္သည့္ ဗလင္စီယာ

Zawgyi

မန္ခ်က္စတာယူႏိုက္တတ္ အသင္း ေခါင္းေဆာင္ေဟာင္း အန္တိုနီယိုဗလင္စီယာ ဟာ အီေကြေဒါ ကလပ္ LDU Quito အသင္းသို ့ေျပာင္းေရြ့သြားျပီျဖစ္ပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ ဗလင္စီယာဟာ ၂၀၀၉ ခုႏွစ္က မန္ခ်က္စတာယူႏိုက္တတ္သို ့ေရာက္ရိွလာခဲ့ျပီး 339 ပြဲကစား ခဲ့ကာ 25 ဂိုးသြင္းယူေပးခဲ့ပါတယ္။

ယူႏိုက္တတ္အသင္းႏွင့္ အတူ ပရီးမီးယားလိဂ္ ခ်န္ပီယံ (၂)ၾကိမ္ ၊ FA ဖလား (၁)ၾကိမ္ ၊ EFL ဖလား (၂)ၾကိမ္ ၊ ကြန္ျမဴနတီဒိုင္း (၃)ၾကိမ္ ၊ ယူရိုပါလိဂ္ဖလား ( ၁) ၾကိမ္ ရရွိထားျပီး ေနာက္မွာေတာ့ ယခုႏွစ္ ေႏြရာသီအေျပာင္းအေရြ ့မွာေတာ့ အသင္းက အလြတ္ေျပာင္းေရြ့ေၾကးနဲ ့ထြက္ခြာသြားျပီျဖစ္ပါတယ္။

LDU Quito အသင္းဟာ ၂၀၀၈ ဖီဖာကမာၻ့ကလပ္ခ်န္ပီယံ ျပိဳင္ပြဲ ဗိုလ္လုပြဲမွာ မန္ခ်က္စတာယူႏိုက္တတ္ ႏွင့္ ထိပ္တိုက္ေတြ ့ဆံုခဲ့ျပီး အဆိုပါ ပြဲစဥ္မွာေတာ့ ယူႏိုက္တတ္ အသင္းက (၁-၀) ျဖင့္ အႏိုင္ရရွိခဲ့ပါတယ္။ အဆိုပါ ပြဲစဥ္ ရဲ့တစ္လံုးတည္းေသာ အႏုိင္ဂိုးကိုေတာ့ တိုက္စစ္မွဴး ၀ိန္းရြန္းနီက သြင္းယူေပးခဲ့တာျဖစ္ျပီး မန္ခ်က္စတာယူႏိုက္တတ္အသင္းဟာ ၂၀၀၈ ခုႏွစ္ ဖီဖာကမာၻ့ကလပ္ခ်န္ပီယံ ျဖစ္ခဲ့ပါတယ္။

ဗလင္စီယာ ဟာ LDU Quito အသင္းမွာလည္း ယူႏိုက္တတ္ မွာ ၀တ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ၂၅ ကိုပဲ ထပ္မံ ၀တ္ဆင္အုန္းမွာ ျဖစ္ပါတယ္။

ယူႏိုက္တတ္အသင္းအတြက္ ဗလင္စီယာ သြင္းယူေပးခဲ့သည့္ ၂၅ ဂိုးအား ျပန္လည္ၾကည့္ရွဳရန္

Good Luck Cap Antonio Valencia

Unicode

မန်ချက်စတာယူနိုက်တတ် အသင်း ခေါင်းဆောင်ဟောင်း အန်တိုနီယိုဗလင်စီယာ ဟာ အီကွေဒေါ ကလပ် LDU Quito အသင်းသို့ပြောင်းရွေ့သွားပြီဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဗလင်စီယာဟာ ၂၀၀၉ ခုနှစ်က မန်ချက်စတာယူနိုက်တတ်သို့ရောက်ရှိလာခဲ့ပြီး 339 ပွဲကစား ခဲ့ကာ 25 ဂိုးသွင်းယူပေးခဲ့ပါတယ်။

ယူနိုက်တတ်အသင်းနှင့် အတူ ပရီးမီးယားလိဂ် ချန်ပီယံ (၂)ကြိမ် ၊ FA ဖလား (၁)ကြိမ် ၊ EFL ဖလား (၂)ကြိမ် ၊ ကွန်မြူနတီဒိုင်း (၃)ကြိမ် ၊ ယူရိုပါလိဂ်ဖလား ( ၁) ကြိမ် ရရှိထားပြီး နောက်မှာတော့ ယခုနှစ် နွေရာသီအပြောင်းအရွေ့မှာတော့ အသင်းက အလွတ်ပြောင်းရွေ့ကြေးနဲ့ထွက်ခွာသွားပြီဖြစ်ပါတယ်။

LDU Quito အသင်းဟာ ၂၀၀၈ ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံ ပြိုင်ပွဲ ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တတ် နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အဆိုပါ ပွဲစဉ်မှာတော့ ယူနိုက်တတ် အသင်းက (၁-ဝ) ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါ ပွဲစဉ် ရဲ့တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ တိုက်စစ်မှူး ဝိန်းရွန်းနီက သွင်းယူပေးခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တတ်အသင်းဟာ ၂၀၀၈ ခုနှစ် ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ဗလင်စီယာ ဟာ LDU Quito အသင်းမှာလည်း ယူနိုက်တတ် မှာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၅ ကိုပဲ ထပ်မံ ဝတ်ဆင်အုန်းမှာ ဖြစ်ပါတယ်။

ယူနိုက်တတ်အသင်းအတွက် ဗလင်စီယာ သွင်းယူပေးခဲ့သည့် ၂၅ ဂိုးအား ပြန်လည်ကြည့်ရှုရန်

Good Luck Cap Antonio Valencia

Share this to Facebook

Leave a Reply

Your email address will not be published. Required fields are marked *