fbpx
ညပိုင်းသတင်းများ ( 28/6/2019 )
 Zawgyi
Unicode
အီတလီကလပ် အင်တာမီလန်အသင်းဟာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုး လူကာကူကို ခေါ်ယူဖို့ လာမယ့် နှစ်ဆယ့်လေးနာရီအတွင်း တရားဝင်ကမ်းလှမ်းတော့မယ်လို့ Sky Sports က အတည်ပြုခဲ့ပါတယ်။ အင်တာမီလန်ဟာလူကာကူအတွက် ပေါင် 62.8 သန်းအထိ ပေးချေမယ်လို့ သိရပါပြီး Sky Sports အဆိုအရတော့ အင်တာမီလန်ဟာ လူကာကူကို ကာလရှည်အငှါးစာချုပ်ဖြင့် ခေါ်ယူပြီး စာချုပ်ကုန်ဆုံးပါက အပြီးသတ်ခေါ်ယူဖို့ ကြိုးစားမယ်လို့သိရပါတယ်။ အင်တာမီလန်ဟာ ကနဦး အငှါးစာချုပ်အတွက် မန်ချက်စတာယူနိုက်တက်အသင်းထံ ပေါင် 9 သန်းပေးချေမှာ ဖြစ်ပြီး ကျန်ရှိတဲ့ ပေါင် 54 သန်းခန့်ကို အငှါးစာချုပ်ကုန်ဆုံးမှသာ ပေးချေမှာဖြစ်ပါတယ်။ လူကာကူရဲ့ အေးဂျင့်ဖြစ်သူဟာ ပြီးခဲ့တဲ့အပတ်ကတည်းက အင်တာမီလန်အသင်းတာဝန်ရှိသူများနှင့် အပြောင်းအရွှေ့ အတွက် ဆွေးနွေးနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အနေဖြင့် အင်တာမီလန်အသင်းရဲ့ အရစ်ကျပုံစံ ငွေ ပေးချေမှုကို လက်ခံသွားမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
Wayne Rooney’s advice to Wan-Bissaka :
”ပျော်ရွှင်ပါစေ။ ကြောက်ရွံ့မှုမရှိဘဲကစားပါ။ မန်ချက်စတာယူနိုက်တက်ဆိုတာ တမူထူးခြားတဲ့ ကလပ်အသင်းတစ်ခုဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးအသင်းမဟုတ်ခဲ့ရင်တောင် အကောင်းဆုံးအသင်းတွေထဲမှာ တစ်သင်းအပါအဝင်ဖြစ်ပါတယ်”
”မင်းအနေနဲ့ဒါကိုလက်ခံရမယ်။ မန်ချက်စတာယူနိုက်တက်ရဲ့အစဉ်အလာကို မင်းနှလုံးသွင်းထားရမယ်။ အသင်းသမိုင်းကြောင်းကို လေ့လာပြီး မင်းရဲ့အကောင်းဆုံးခြေစွမ်းတွေကို သွားရောက်ထုတ်ဖော်ပြသလိုက်ပါ။ ဒီလိုလုပ်ပြရင် သူအဆင်ပြေသွားလိမ့်မယ်။ အဲ့ဒီမှာရှိတဲ့နည်းပြတွေကလည်း အသင်းနဲ့သက်ဆိုင်တဲ့အရာအားလုံး သူ့ကိုပြောပြကြလိမ့်မယ်”
Aaron Wan-Bissaka သည် ခရစ္စတယ်ပဲလေ့စ်မှ၎င်း၏ကျောနံပတ် ‘၂၉’ ကို ယူနိုက်တက်အသင်းတွင် ဆက်လက်ဝတ်ဆင်မည်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရူနိုဖာနန်ဒက်ရဲ့ အေးဂျင့် အိုရှိုဂူနဲ့ အပြောင်းအရွေ့ဖြစ်မြောက်လာဖို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှစပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ဖာနန်ဒက်ဟာ ပြီးခဲ့တဲ့ရာသီက ကလပ်အသင်းမှာသာမက နိုင်ငံအသင်းမှာပါ ခြေစွမ်းပြသမှုတွေပြုလိုက်ထားနိုင်တာကြောင့် မန်ယူနိုက်တက်အသင်းက အလိုရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် ပေါင်သန်း(၇၀) ခန့် အသုံးပြုရဖွယ်ရှိတယ်လို့ ပေါ်တူဂီသတင်းစာတွေကဆိုပါတယ်။၎င်းကို စပါးအသင်းကလည်း ခေါ်ယူရန်စိတ်ဝင်စားနေပြီး အခြားပရီးမီးယားကလပ်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်ချက်စတာစီးတီးအသင်းတို့ကလည်း ဆက်သွယ်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ဖာနန်ဒက်ဟာ ပြီးခဲ့တဲ့ရာသီက စပို့တင်းလစ်ဘရွန်းအသင်းအတွက် (၅၃) ပွဲကစားပေးခဲ့ပြီး (32)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၁၈)ကြိမ်ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ (၃၃)ပွဲကစားထားပြီး ဂိုး (၂၀) သွင်းယူကာ ဂိုဖန်တီးမှု (၁၃)ကြိမ်ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင်သူဟာ UEFA Nation Leagueဖလားရရှိခဲ့တဲ့ ပေါ်တူဂီအသင်းမှာလည်း ပါဝင်ခဲ့တယ်။
Share this to Facebook
Leave a Reply
Your email address will not be published. Required fields are marked *