fbpx
ညနေခင်းသတင်းများ ( 26/6/2019 )
Zawgyi
Ref : Skysports
Unicode
ဝက်စ်ဟမ်း အသင်း နောက်ခံလူ ဒီအော့ဖ် ကို ခေါ်ယူရန် ပစ်မှတ်ထားနေတဲ့ မန်ချက်စတာယူနိုက်တတ် ကို ဝက်စ်ဟမ်းအသင်း ဘက်က စကော့တလန် ကွင်းလယ်လူ တွမ်မီနေး ကို အလဲအထပ် ပြန်လည်ပြုလုပ်ပေးရန်အတွက် ကမ်းလှမ်းထားတယ်လို့ဆိုပါတယ်။ အသက် ၂၂ နှစ်အရွယ် ဗဟိုကွင်းလယ်လူ ဟာ လန်ဒန်ကလပ် ဝက်စ်ဟမ်းအသင်းမှာပျော်ရွှင်နေတယ်လို့ဆိုပါတယ်။ ဒီအော့ဖ် နှင့်ဝက်စ်ဟမ်း ဟာ ပြီးခဲ့တဲ့ နှစ် ဘောလုံးရာသီက ပြင်သစ်ကလပ်အသင်း တူးလောစ့် က ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး အသင်းနှင့်အတူ ၅ နှစ်စာချုပ်သက်တမ်း ကျန်ရှိနေတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တတ်အသင်းကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဝက်စ်ဟမ်းအတွက် ၃၈ ပွဲ ကစားပေးထားတဲ့ အဆိုပါ နောက်ခံလူကို ပြောင်းရွေ့ကြေးပေါင် ၄၅သန်း ဖြင့်ကမ်းလှမ်းထားသော်လည်း ဝက်စ်ဟမ်းအသင်းက ပထမအကြိမ် ပယ်ချ ထားပြီး အန်တိုနီမာရှယ် ကို အလိုက်ပေး တောင်းဆိုထားခဲ့ပါတယ်။အဆိုပါ ကမ်းလှမ်းမှုကို ယူနိုက်တတ်က ပယ်ချပြီး ယခု တစ်ကြိမ်မှာတော့ တွမ်မီနေးကို ထပ်မံကမ်းလှမ်းခဲ့တယ်လို့ဆိုပါတယ်။
ယူနိုက်တက်အသင်းဟာ Aaron Wan-Bissaka ကို ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ခေါ်ယူဖို့ အပြီးသတ်သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။ မကြာမီ ကာရင်တန်မှာဆေးစစ်ခံယူပြီး ၅ နှစ်သက်တမ်းရှိစာချုပ်ကိုလက်မှတ်ရေးထိုးသွားမှာဖြစ်ပါတယ်။
(ပြောင်းရွှေ့ကြေးက ပေါင် ၄၅ သန်း + Add-ons ၅ သန်း ဖြစ်ပါတယ်။ ပေါ့ဘာ ၊ လူကာကူ ၊ ဒီမာရီယာ ၊ ဖရက်ဒ်တို့နောက် အသင်းရဲ့ပဉ္စမမြောက်ဈေးအကြီးဆုံးကစားသမားဖြစ်လာမှာဖြစ်ပါတယ်။ လစာအနေနဲ့တစ်ပတ်ပေါင် ၈၀,၀၀၀ နဲ့ ၉၀,၀၀၀ ကြားရရှိမှာဖြစ်ပြီး အသင်းဟာ Zaha ရဲ့ 25% Sell on clause ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်)
ဝမ်ဘစ်စကာကိုခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီးနောက် ယခုနွေရာသီမှာနောက်ထပ်အနည်းဆုံး ကစားသမားသစ် ၃ ဦးခန့် ထပ်မံအားဖြည့်သွားဦးမှာဖြစ်ပါတယ်။ နောက်ထပ်ပစ်မှတ်ကစားသမားအဖြစ် လက်စတာဗဟိုနောက်ခံလူ မက်ဂွိုင်းယားကိုမြို့ခံပြိုင်ဘက်မန်စီးတီးနဲ့အပြိုင် ကြိုးပမ်းသွားဖို့ရှိပါတယ်။
မန်ချက်စတာယူနိုက်တတ်အသင်းက ခေါ်ယူရန် ပြင်ဆင်နေတဲ့ လိုင်ယွန်အသင်း ကွင်းလယ်လူ Ndombele ဟာ တော့တမ်ဟမ်ဟော့စပါး အသင်း နှင့် အတူ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပြီး ကလပ်စံချိန်တင်ပြောင်းရွေ့ကြေး ပေါင် ၆၅သန်းဖြင့် သဘောတူညီမှုရရှိသွားပြီဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် ပြင်သစ် ကွင်းလယ်လူ ဟာ စပါးအသင်းမှာ ဆေးစစ်မှုခံယူပြီး အသင်းက တရားဝင်ကြေညာတော့မယ်လို့သတင်းများအရသိရပါတယ်။ မိုက်ကယ်အက်ဆီယန် လက်သစ်ကစားသမားလို့အများကထင်ကြေးပေးနေကြတဲ့ အဆိုပါကွင်းလယ် ကစားသမားဟာ စပါးစ် နှင့် အတူ ၅နှစ်စာချုပ် ချုပ်ဆိုမှာ ဖြစ်တယ်လို့ဆိုပါတယ်။
Bruno Fernandes ရဲ့အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး ယူနိုက်တက်နဲ့စပို့တင်းတို့ကြား ဆွေးနွေးညှိုနှိုင်းမှုဟာ အလျင်အမြန်တိုးတက်နီးစပ်လာနေပါတယ်။ စပို့တင်းတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးယူရိုသန်း ၇၀ ကိုတော့ ပေးချေလိုခြင်းမရှိဖြစ်နေပါတယ်။ ကစားသမားရဲ့အေးဂျင့်ဖြစ်သူ Miguel Pinho ဟာ ယနေ့အင်္ဂလန်သို့ပြန်လည်သွားရောက်ပြီး ယူနိုက်တက် ၊ တော့တင်ဟမ်တာဝန်ရှိသူတွေနဲ့ ထပ်မံတွေ့ဆုံကြဖု့ိရှိပါတယ်။
ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးလူကာကူ အိုးထရက်ဖို့ဒ်မှထွက်ခွာခဲ့ပါက အစားထိုးဖို့ ဆီဗီလာတိုက်စစ်မှူး Wissam Ben Yedder (၂၈ နှစ်)ကိုခေါ်ယူဖို့စီစဉ်နေကြောင်း သိရပါတယ်။Ben Yedder ဟာ နည်းပြဆိုးလ်ရှားရဲ့စိတ်ကြိုက်တိုက်စစ်မှူးဖြစ်ပြီး ဆီဗီလာနဲ့ယူရိုသန်း ၄၀ တန်လျော်ကြေးစာချုပ်ချုပ်ဆိုထားပါတယ်။ အသင်းမှထွက်ခွာပြီး ကမ္ဘာ့အကြီးကျယ်ဆုံးအသင်းတစ်သင်းမှာ ကစားလိုကြောင်း ထုတ်ဖော်ပြောဆိုထားတဲ့ ဘန်ယက်ဒါဟာ ၂၀၁၆ မှာတူးလော့စ်အသင်းမှရောက်ရှိလာခဲ့တဲ့နောက်ပိုင်း ဆီဗီလာအတွက်ပြိုင်ပွဲစုံဂိုး ၇၀ သွင်းယူပေးထားပါတယ်။ဘန်ယက်ဒါဟာ ၂၀၁၇/၁၈ ရာသီချန်ပီယံလိဂ်ရှုံးထွက်အဆင့် ဒုကျော့အဖြစ် အိုးထရက်ဖို့ဒ်မှာကစားခဲ့ရာ ယူနိုက်တက်အသင်းဘက်ကို ၂ ဂိုးသွင်းယူပြီး ဆီဗီလာကို ၁၉၅၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ပို့ဆောင်ပေးခဲ့သူဖြစ်ပါတယ်။
Ref : Skysports
Share this to Facebook
Leave a Reply
Your email address will not be published. Required fields are marked *