fbpx

ညပိုင္းသတင္းမ်ား ( 24/6/2019 )

Zawgyi

မန္ခ်က္စတာယူႏိုက္တတ္အသင္းဟာ ခရစၥတယ္ပဲေလစ့္ အသင္း ေနာက္ခံလူ Aaron Wan-Bissaka ကို ေခၚယူရန္အတြက္တိက်တဲ့ သေဘာတူညီမွဳ မရရွိေသးပဲ ေနာက္ဆံုးတစ္ၾကိမ္ ကမ္းလွမ္းထားတဲ့ ေပါင္ ၃၅သန္း အျပင္ အပို ၁၅သန္း ျဖင့္ကမ္းလွမ္းထားတဲ့ ကမ္းလွမ္းမွဳ တစ္ခုသာ ရွိေနပါေသးတယ္။ ပဲေလစ့္ အသင္းကေတာ့ သန္း၅၀ အထက္ ကို ရရွိႏိုင္ရန္ ေမွ်ာ္လင့္ေနျပီး အေျပာင္းအေရြ့ က အတည္တက် မျဖစ္ေသးတာပဲျဖစ္ပါတယ္။


ပဲေလစ့္အသင္း ႏွင့္ ယူႏိုက္တတ္ ရဲ့ သေဘာတူညီမွဳ စာခ်ဳပ္ထဲမွာေတာ့ အကယ္၍ ၀မ္ဘစ္စတာ ဟာ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲမွာ ၂၅ ပြဲ ပါ၀င္ ကစားႏုိင္ခဲ့ရင္ ပဲေလစ့္အသင္းကို ဆုေၾကးထပ္ေပါင္းေပးရပါလိမ့္မယ္။သို့ ေပမယ့္လည္း ယူႏိုက္တတ္ဟာ ခ်န္ပီယံလိဂ္၀င္ခြင့္နဲ့လြဲေခ်ာ္ခဲ့တာေၾကာင့္ ဒီ အခ်က္အလက္က အသက္မ၀င္ခဲ့ပါဘူး။ ထို ့အျပင္ ပဲေလစ့္အသင္းဟာ ဇာဟာ နဲ ့ပတ္သတ္ျပီး ယူႏိုက္တတ္ ရဲ့ ကစားသမားကို ျပန္လည္ေခၚေဆာင္ႏိုင္ခြင့္ Sell-On Clause ကို ပယ္ဖ်က္ခ်င္ေနျပီး ဇာဟာ ကို ၂၀၁၅ ခုႏွစ္က ပဲေလစ့္ အသင္းက ျပန္လည္ေခၚေဆာင္ခဲ့ရာမွာ ယူႏိုက္တတ္က အဆိုပါ အခ်က္အလက္ကို ထည့္သြင္းစာခ်ဳပ္ခဲ့တာျဖစ္ပါတယ္။

Issa Diop ဟာ ယူႏိုက္တတ္အသင္းရဲ့ ေခၚယူရန္ ပစ္မွတ္ထားေနတဲ့ လူငယ္ ေနာက္ခံလူ တစ္ဦးျဖစ္ပါတယ္။ ဟမ္းမားစ္ ေတြကေတာ့ ၄င္းတို ့ကစားသမားကို ယူရို ၈၄သန္း ေလာက္အထိ အလိုရွိေနျပီး ၀က္စ္ဟမ္းဘက္က ကမ္းလွမ္းမွဳ တစ္ခု ျဖစ္တဲ့ အန္တိုနီယိုမာရွယ္ ႏွင့္ ကစားသမားအလဲအထပ္ျပဳလုပ္ရန္ ေတာင္းဆိုမွဳ ကိုေတာ့ ယူႏိုက္တတ္အသင္းက ပယ္ခ်ပစ္လုိက္ပါတယ္။

ယူႏိုက္တတ္ အေနျဖင့္ ပဲေလစ့္ အသင္း မွ လူငယ္ကစားသမား ၀မ္ဘစ္စကာ ကို ေခၚယူႏိုင္ခဲ့ျပီဆိုပါက ညာေနာက္ခံလူ ဒါမီယန္ ကို စိတ္၀င္စားေနတဲ့ ဂ်ဴဗင္တပ္အသင္းရဲ့ကမ္းလွမ္းမွဳကို လက္ခံလိုက္ဖြယ္ရွိေနျပီး ဂ်ဴဗင္တပ္အသင္း အေနနဲ ့လည္း မန္စီးတီး သို့ေျပာင္းေရြ့ေတာ့မည္ ကမ္ဆယ္လို ရဲ့ ေနရာမွာ အစားထိုးရန္အတြက္ ဒါမီယန္ ကို ေခၚယူလိုျခင္းျဖစ္ပါတယ္။

မန္ေနဂ်ာဆိုးလ္ရွားကေတာ့ စပို့တင္း ကြင္းလယ္လူ ဘရူႏိုဖာနန္ဒက္စ္ ကို ေခၚယူရန္ ကိစၥ ကို အျမန္ဆံုး အျပီးသတ္လိုေနျပီး ကစားသမားရဲ့ ေအးဂ်င့္ျဖစ္သူ ပင္ဟို ဟာလည္း အဂၤလန္သို ့ေနာက္တစ္ေခါက္ ထပ္မံလာေရာက္ျပီး ၄င္းရဲ့ ကစားသမား ကိစၥ ကို ေဆြးေႏြးအတည္ျပဳလိမ့္မယ္လို ့ဆိုပါတယ္။ ေပၚတူဂီကလပ္ စပို့တင္း ကေတာ့ ဘရူႏို ေျပာင္းေရြ ့ေၾကးအတြက္ ေပါင္ သန္း ၇၀ ေလာက္အထိ ေမွ်ာ္လင့္ေနျပီး အဆိုပါ ေျပာင္းေရြ ့ေၾကးကိုေတာ့ ကစားသမားကို စိတ္၀င္စားေနတဲ့ ယူႏိုက္တတ္ေရာ စပါး အသင္းကပါ ေပးေခ်လိုျခင္းမရွိေၾကာင္း သိရပါတယ္။

Unicode

မန်ချက်စတာယူနိုက်တတ်အသင်းဟာ ခရစ္စတယ်ပဲလေစ့် အသင်း နောက်ခံလူ Aaron Wan-Bissaka ကို ခေါ်ယူရန်အတွက်တိကျတဲ့ သဘောတူညီမှု မရရှိသေးပဲ နောက်ဆုံးတစ်ကြိမ် ကမ်းလှမ်းထားတဲ့ ပေါင် ၃၅သန်း အပြင် အပို ၁၅သန်း ဖြင့်ကမ်းလှမ်းထားတဲ့ ကမ်းလှမ်းမှု တစ်ခုသာ ရှိနေပါသေးတယ်။ ပဲလေစ့် အသင်းကတော့ သန်း၅၀ အထက် ကို ရရှိနိုင်ရန် မျှော်လင့်နေပြီး အပြောင်းအရွေ့ က အတည်တကျ မဖြစ်သေးတာပဲဖြစ်ပါတယ်။

ပဲလေစ့်အသင်း နှင့် ယူနိုက်တတ် ရဲ့ သဘောတူညီမှု စာချုပ်ထဲမှာတော့ အကယ်၍ ဝမ်ဘစ်စတာ ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၂၅ ပွဲ ပါဝင် ကစားနိုင်ခဲ့ရင် ပဲလေစ့်အသင်းကို ဆုကြေးထပ်ပေါင်းပေးရပါလိမ့်မယ်။သို့ ပေမယ့်လည်း ယူနိုက်တတ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့တာကြောင့် ဒီ အချက်အလက်က အသက်မဝင်ခဲ့ပါဘူး။ ထို့အပြင် ပဲလေစ့်အသင်းဟာ ဇာဟာ နဲ့ပတ်သတ်ပြီး ယူနိုက်တတ် ရဲ့ ကစားသမားကို ပြန်လည်ခေါ်ဆောင်နိုင်ခွင့် Sell-On Clause ကို ပယ်ဖျက်ချင်နေပြီး ဇာဟာ ကို ၂၀၁၅ ခုနှစ်က ပဲလေစ့် အသင်းက ပြန်လည်ခေါ်ဆောင်ခဲ့ရာမှာ ယူနိုက်တတ်က အဆိုပါ အချက်အလက်ကို ထည့်သွင်းစာချုပ်ခဲ့တာဖြစ်ပါတယ်။

Issa Diop ဟာ ယူနိုက်တတ်အသင်းရဲ့ ခေါ်ယူရန် ပစ်မှတ်ထားနေတဲ့ လူငယ် နောက်ခံလူ တစ်ဦးဖြစ်ပါတယ်။ ဟမ်းမားစ် တွေကတော့ ၎င်းတို့ကစားသမားကို ယူရို ၈၄သန်း လောက်အထိ အလိုရှိနေပြီး ဝက်စ်ဟမ်းဘက်က ကမ်းလှမ်းမှု တစ်ခု ဖြစ်တဲ့ အန်တိုနီယိုမာရှယ် နှင့် ကစားသမားအလဲအထပ်ပြုလုပ်ရန် တောင်းဆိုမှု ကိုတော့ ယူနိုက်တတ်အသင်းက ပယ်ချပစ်လိုက်ပါတယ်။

ယူနိုက်တတ် အနေဖြင့် ပဲလေစ့် အသင်း မှ လူငယ်ကစားသမား ဝမ်ဘစ်စကာ ကို ခေါ်ယူနိုင်ခဲ့ပြီဆိုပါက ညာနောက်ခံလူ ဒါမီယန် ကို စိတ်ဝင်စားနေတဲ့ ဂျူဗင်တပ်အသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံလိုက်ဖွယ်ရှိနေပြီး ဂျူဗင်တပ်အသင်း အနေနဲ့လည်း မန်စီးတီး သို့ပြောင်းရွေ့တော့မည် ကမ်ဆယ်လို ရဲ့ နေရာမှာ အစားထိုးရန်အတွက် ဒါမီယန် ကို ခေါ်ယူလိုခြင်းဖြစ်ပါတယ်။

မန်နေဂျာဆိုးလ်ရှားကတော့ စပို့တင်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် ကို ခေါ်ယူရန် ကိစ္စ ကို အမြန်ဆုံး အပြီးသတ်လိုနေပြီး ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ပင်ဟို ဟာလည်း အင်္ဂလန်သို့နောက်တစ်ခေါက် ထပ်မံလာရောက်ပြီး ၎င်းရဲ့ ကစားသမား ကိစ္စ ကို ဆွေးနွေးအတည်ပြုလိမ့်မယ်လို့ဆိုပါတယ်။ ပေါ်တူဂီကလပ် စပို့တင်း ကတော့ ဘရူနို ပြောင်းရွေ့ကြေးအတွက် ပေါင် သန်း ၇၀ လောက်အထိ မျှော်လင့်နေပြီး အဆိုပါ ပြောင်းရွေ့ကြေးကိုတော့ ကစားသမားကို စိတ်ဝင်စားနေတဲ့ ယူနိုက်တတ်ရော စပါး အသင်းကပါ ပေးချေလိုခြင်းမရှိကြောင်း သိရပါတယ်။

Share this to Facebook

Leave a Reply

Your email address will not be published. Required fields are marked *