fbpx

ေန ့လည္ခင္းသတင္းမ်ား ( 24/6/2019 )

Zawgyi

မန္ခ်က္စတာယူႏိုက္တတ္အသင္းဟာ ရီးရဲယ္ဘတ္တစ္ အသင္း ေနာက္ခံလူ Junior Firpo ကို လီဗာပူးလ္ ႏွင့္ အၿပိဳင္ ကမ္းလွမ္းေခၚယူမယ္လို ့သိရပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ ေနာက္ခံလူအတြက္ ယူႏိုက္တတ္ဟာ ေပါင္ ၄၅သန္းေလာက္အထိ အသံုးျပဳရဖြယ္ရွိေနၿပီး လီဗာပူးလ္ အေနျဖင့္လည္း ေနာက္ခံကစားသမား လိုဗရန္ ၊ ေမာ္ရီႏို တို ့အသင္းက ထြက္ခြာေတာ့မွာ ျဖစ္တာေၾကာင့္ ဗဟိုေနာက္ခံလူအျပင္ ဘယ္ေနာက္ခံလူ အျဖစ္ပါ ကစားႏိုင္တဲ့ Firpo ကို ေခၚယူလိုေနတာျဖစ္ပါတယ္။ ကစားသမားကေတာ့ ပရီးမီးယားလိဂ္သို႔ သြားေရာက္ကစားခ်င္တဲ့ စိတ္မရွိေသးပဲ သူ ့ဖခင္ ေနထိုင္တဲ့ မက္ဒရစ္ ၿမိဳ႕ဟာ သူ႔အတြက္ အဆင္ေျပေၾကာင္းေျပာပါတယ္။ ရီးရဲယ္ဘတ္တစ္အသင္း ကသာသူ႔ အတြက္ အဆင္ေျပတ့ဲ ကလပ္အသင္းျဖစ္ၿပီး သူ ငယ္စဥ္ကတည္းက ကစားလာခဲ့တဲ့ ကလပ္ျဖစ္တာေၾကာင့္ ကစားသမားကေတာ့ အသင္းက ေျပာင္းေရြ ့လိုျခင္း မရွိေၾကာင္းဆိုပါတယ္။ လက္တေလာမွာေတာ့ ယူႏိုက္တတ္ မန္ေနဂ်ာ ဆိုးလ္ရွား ဟာ လက္စတာ စီးတီး အသင္း ေနာက္ခံလူ မက္ကြိဳင္းယားကို ေခၚယူရန္ မန္စီးတီး အသင္းႏွင့္အၿပိဳင္ ကမ္းလွမ္းေနရတဲ့ေနာက္မွာ ယခုကဲ့သို ့အသင္းေနာက္ခံလူ ေနရာအတြက္ အဓိကထားျပင္ဆင္ေနတာပဲျဖစ္ပါတယ္။

အင္တာမီလန္ အသင္း ရဲ႕ လူကာကူ ကို ေခၚယူရန္ ဆံုးျဖတ္ခ်က္ကို ယူႏိုက္တတ္အသင္းက ေစာင့္ဆိုင္းေနဆဲ ျဖစ္ပါတယ္။ လူကာကူ ဟာ ယခုႏွစ္ေႏြရာသီ အေျပာင္းအေရြ႕မွာ ယူႏိုက္တတ္အသင္းမွ ထြက္ခြာရန္ ျပင္ဆင္ေနၿပီး အင္တာမီလန္ အသင္း နည္းျပ ျဖစ္လာတဲ့ ကြန္တီကလည္း ၎ကို အဓိကထား ေခၚယူလိုေနပါတယ္။ GDS ရဲ႕ အဆိုအရေတာ့ အီတလီ ကလပ္အသင္းဟာ လူကာကူ အတြက္ ေျပာင္းေရြ ့ေၾကးကို ေပါင္ ၅၅ သန္း ေလာက္သာ ေပးေခ်ႏိုင္ဖြယ္ရွိေနပါတယ္။ ထို ့အျပင္ အင္တာမီလန္ တိုက္စစ္မွဴး အိုင္ကာဒီ ႏွင့္ လူကာကူ တို ့ကို ကစားသမား အလဲအထပ္ျပဳလုပ္ဖို ့ရွိေနပါတယ္။ အိုင္ကာဒီ ကေတာ့ အင္တာမီလန္ အသင္း ရဲ႕ အသင္းေခါင္းေဆာင္ေဟာင္း တစ္ေယာက္ျဖစ္ၿပီး ယခုခ်ိန္မွာေတာ့ အသင္း နဲ ့အဆင္မေျပျဖစ္ၿပီး ပြဲထြက္ခြင့္ပါ ဆံုးရွံုးေနပါတယ္။ အိုင္ကာဒီ ရဲ႕ မိန္းမ Wanda Nara ေျပာၾကားခဲ့တဲ့ စကားတခ်ိဳ ့ေၾကာင့္ အိုင္ဗန္ပါရီဆစ္ ႏွင့္ သေဘာထား မတိုက္ဆိုင္ေတာ့ပဲ ျပႆနာမ်ားျဖစ္ပြားေနခဲ့တာျဖစ္ပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ အိုင္ကာဒီ ဟာ ရာသီကုန္ထိ ပြဲထြက္ခြင့္ မရရွိေတာ့ပဲ ယခုႏွစ္ ေဘာလံုးရာသီ အေျပာင္းအေရြ ့မွာ အသင္းက ထြက္ခြာဖို ့အခြင့္အလမ္းအမ်ားဆံုး ကစားသမားျဖစ္ေနတာေၾကာင့္ အိုင္ကာဒီ ႏွင့္ လူကာကူ ကစားသမားအလဲအထပ္ ျဖစ္ေပၚလာမလားေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ဟြမ္မာတာ ဟာ ၎ရဲ႕ ယူႏိုက္တတ္ ကစားသမား အျဖစ္ ၂ ႏွစ္ သက္တမ္း ထပ္တိုးထားၿပီး ေနာက္မွာေတာ့ တစ္ပတ္လစာ ေပါင္ ၄၅၀၀၀ ေလ်ာ့ ယူဖို ့ယူႏိုက္တတ္အသင္း ႏွင့္ သေဘာတူညီမွဳ ရွိခဲ့တယ္လို ့ဆိုပါတယ္။ ဟြမ္မာတာ ရဲ႕ မူရင္းလစာကေတာ့ တစ္ပတ္ေပါင္ ၁၈၀၀၀၀ ျဖစ္ၿပီး ယခုခ်ိန္မွာေတာ့ ၂၅% ေလ်ာ့ကာ တစ္ပတ္ေပါင္ ၁၃၅၀၀၀ ျဖင့္ စာခ်ဳပ္သစ္မွာ လက္မွတ္ေရးထိုးခဲ့တယ္လို ့သိရပါတယ္။ အသက္ ၃၁ ႏွစ္အရြယ္ ဟြမ္မာတာ ဟာ ယူႏိုက္တတ္အသင္းမွာ ေပ်ာ္ရႊင္ေနၿပီး ဆိုးလ္ရွားရဲ႕ အသစ္ျပန္လည္တည္ေဆာက္မယ့္ ယူႏိုက္တတ္အသင္းမွာလည္း ပါ၀င္ကစားခြင့္ရတဲ့အတြက္ ေပ်ာ္ရႊင္ေနတယ္လို႔ဆိုပါတယ္။ မာတာကို ၂၀၁၄ ခုႏွစ္က ခ်ယ္ဆီးလ္အသင္းကေန ေျပာင္းေရြ႕ေၾကး ေပါင္ ၃၇သန္း ျဖင့္ ေဒးဗစ္မိုယက္စ္ လက္ထက္တြင္ ေခၚယူခဲ့တာျဖစ္ပါတယ္။

Unicode

မန်ချက်စတာယူနိုက်တတ်အသင်းဟာ ရီးရဲယ်ဘတ်တစ် အသင်း နောက်ခံလူ Junior Firpo ကို လီဗာပူးလ် နှင့် အပြိုင် ကမ်းလှမ်းခေါ်ယူမယ်လို့သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် နောက်ခံလူအတွက် ယူနိုက်တတ်ဟာ ပေါင် ၄၅သန်းလောက်အထိ အသုံးပြုရဖွယ်ရှိနေပြီး လီဗာပူးလ် အနေဖြင့်လည်း နောက်ခံကစားသမား လိုဗရန် ၊ မော်ရီနို တို့အသင်းက ထွက်ခွာတော့မှာ ဖြစ်တာကြောင့် ဗဟိုနောက်ခံလူအပြင် ဘယ်နောက်ခံလူ အဖြစ်ပါ ကစားနိုင်တဲ့ Firpo ကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။ ကစားသမားကတော့ ပရီးမီးယားလိဂ်သို့ သွားရောက်ကစားချင်တဲ့ စိတ်မရှိသေးပဲ သူ့ဖခင် နေထိုင်တဲ့ မက်ဒရစ် မြို့ဟာ သူ့အတွက် အဆင်ပြေကြောင်းပြောပါတယ်။ ရီးရဲယ်ဘတ်တစ်အသင်း ကသာသူ့ အတွက် အဆင်ပြေတဲ့ ကလပ်အသင်းဖြစ်ပြီး သူ ငယ်စဉ်ကတည်းက ကစားလာခဲ့တဲ့ ကလပ်ဖြစ်တာကြောင့် ကစားသမားကတော့ အသင်းက ပြောင်းရွေ့လိုခြင်း မရှိကြောင်းဆိုပါတယ်။ လက်တလောမှာတော့ ယူနိုက်တတ် မန်နေဂျာ ဆိုးလ်ရှား ဟာ လက်စတာ စီးတီး အသင်း နောက်ခံလူ မက်ကွိုင်းယားကို ခေါ်ယူရန် မန်စီးတီး အသင်းနှင့်အပြိုင် ကမ်းလှမ်းနေရတဲ့နောက်မှာ ယခုကဲ့သို့အသင်းနောက်ခံလူ နေရာအတွက် အဓိကထားပြင်ဆင်နေတာပဲဖြစ်ပါတယ်။

အင်တာမီလန် အသင်း ရဲ့ လူကာကူ ကို ခေါ်ယူရန် ဆုံးဖြတ်ချက်ကို ယူနိုက်တတ်အသင်းက စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။ လူကာကူ ဟာ ယခုနှစ်နွေရာသီ အပြောင်းအရွေ့မှာ ယူနိုက်တတ်အသင်းမှ ထွက်ခွာရန် ပြင်ဆင်နေပြီး အင်တာမီလန် အသင်း နည်းပြ ဖြစ်လာတဲ့ ကွန်တီကလည်း ၎င်းကို အဓိကထား ခေါ်ယူလိုနေပါတယ်။ GDS ရဲ့ အဆိုအရတော့ အီတလီ ကလပ်အသင်းဟာ လူကာကူ အတွက် ပြောင်းရွေ့ကြေးကို ပေါင် ၅၅ သန်း လောက်သာ ပေးချေနိုင်ဖွယ်ရှိနေပါတယ်။ ထို့အပြင် အင်တာမီလန် တိုက်စစ်မှူး အိုင်ကာဒီ နှင့် လူကာကူ တို့ကို ကစားသမား အလဲအထပ်ပြုလုပ်ဖို့ရှိနေပါတယ်။ အိုင်ကာဒီ ကတော့ အင်တာမီလန် အသင်း ရဲ့ အသင်းခေါင်းဆောင်ဟောင်း တစ်ယောက်ဖြစ်ပြီး ယခုချိန်မှာတော့ အသင်း နဲ့အဆင်မပြေဖြစ်ပြီး ပွဲထွက်ခွင့်ပါ ဆုံးရှုံးနေပါတယ်။ အိုင်ကာဒီ ရဲ့ မိန်းမ Wanda Nara ပြောကြားခဲ့တဲ့ စကားတချို့ကြောင့် အိုင်ဗန်ပါရီဆစ် နှင့် သဘောထား မတိုက်ဆိုင်တော့ပဲ ပြဿနာများဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် အိုင်ကာဒီ ဟာ ရာသီကုန်ထိ ပွဲထွက်ခွင့် မရရှိတော့ပဲ ယခုနှစ် ဘောလုံးရာသီ အပြောင်းအရွေ့မှာ အသင်းက ထွက်ခွာဖို့အခွင့်အလမ်းအများဆုံး ကစားသမားဖြစ်နေတာကြောင့် အိုင်ကာဒီ နှင့် လူကာကူ ကစားသမားအလဲအထပ် ဖြစ်ပေါ်လာမလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဟွမ်မာတာ ဟာ ၎င်းရဲ့ ယူနိုက်တတ် ကစားသမား အဖြစ် ၂ နှစ် သက်တမ်း ထပ်တိုးထားပြီး နောက်မှာတော့ တစ်ပတ်လစာ ပေါင် ၄၅၀၀၀ လျော့ ယူဖို့ယူနိုက်တတ်အသင်း နှင့် သဘောတူညီမှု ရှိခဲ့တယ်လို့ဆိုပါတယ်။ ဟွမ်မာတာ ရဲ့ မူရင်းလစာကတော့ တစ်ပတ်ပေါင် ၁၈၀၀၀၀ ဖြစ်ပြီး ယခုချိန်မှာတော့ ၂၅% လျော့ကာ တစ်ပတ်ပေါင် ၁၃၅၀၀၀ ဖြင့် စာချုပ်သစ်မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။ အသက် ၃၁ နှစ်အရွယ် ဟွမ်မာတာ ဟာ ယူနိုက်တတ်အသင်းမှာ ပျော်ရွှင်နေပြီး ဆိုးလ်ရှားရဲ့ အသစ်ပြန်လည်တည်ဆောက်မယ့် ယူနိုက်တတ်အသင်းမှာလည်း ပါဝင်ကစားခွင့်ရတဲ့အတွက် ပျော်ရွှင်နေတယ်လို့ဆိုပါတယ်။ မာတာကို ၂၀၁၄ ခုနှစ်က ချယ်ဆီးလ်အသင်းကနေ ပြောင်းရွေ့ကြေး ပေါင် ၃၇သန်း ဖြင့် ဒေးဗစ်မိုယက်စ် လက်ထက်တွင် ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Share this to Facebook

Leave a Reply

Your email address will not be published. Required fields are marked *