fbpx

Tiger Street Football 2019 ပဲြစဥ္သို ့ဖာဒီနန္ ႏွင့္ ပက္ဂ်ီဆန္တို ့သြားေရာက္ခဲ့။

Zawgyi

ဖာဒီနန္ ၊ ပတ္ဂ်ီဆန္ အပါအ၀င္ ကမာၻေက်ာ္ေဘာလံုးသမား ၅ ဦး ဟာ ဗီယက္နမ္ ႏုိင္ငံ မွာ က်င္းပမယ့္ Tiger Street Football 2019 ပြဲမွာ ျပိဳင္ပြဲမစတင္ခင္ ပရိတ္သတ္မ်ားႏွင့္ေတြ့ဆံုျပီး အဖြင့္ပြဲစဥ္ အျဖစ္ ဗီယက္နမ္လက္ေရြးစင္ဂိုးသမား Dang Van Lam ႏွင့္အတူ ပူးေပါင္း၍ ခ်စ္ၾကည္ေရးပြဲ ကစားၾကမယ္လို့သိရပါတယ္။

ဖာဒီနန္အေနျဖင့္ ၄င္းရဲ့ ပရိတ္သတ္မ်ားႏွင့္ ေန့လည္ ၁၂နာရီမွ ၁နာရီအထိေတြ့ဆံုခဲ့ျပီး အာရွရဲ့အေကာင္းဆံုးေဘာလံုးသမားတစ္ေယာက္ျဖစ္တဲ့ ပက္ဂ်ီဆန္ ကေတာ့ ၁၀နာရီမွ ၁၁ နာရီအထိ ေတြ ့ဆံုခဲ့တာျဖစ္ပါတယ္။ ပက္ဂ်ီဆန္ဟာ အာရွတိုက္ရဲ့ ပထမဆံုး ဥေရာပခ်န္ပီယံလိဂ္ဖလား ကိုင္ေျမွာက္ဖူးတဲ့ ယူႏိုက္တတ္ ကစားသမားတစ္ဦးျဖစ္ျပီး ယေန ့တနဂၤေႏြ ေန့မွာ ၄င္းရဲ့ ပရိတ္သတ္ေတြနဲ့ေတြ့ဆံုခဲ့ပါတယ္။ ခ်စ္ၾကည္ေရး ဖူဆယ္ျပိဳင္ပြဲကေတာ့ ညေန ၆နာရီမွာ စတင္ခဲ့တာျဖစ္ျပီး Tiger Street Football Tournament ဟာ လြန္ခဲ့တ့ဲ ၂ လ ေက်ာ္ကတည္းကစတင္က်င္းပလာခဲ့တာျဖစ္ျပီး ဗီယက္နမ္ မွ အသင္းေပါင္း ၁၂၈၀ သင္း ပါ၀င္ယွဥ္ျပိဳင္ျပီး ျမိဳ ့ေပါင္း ၂၀ မွာ ပြဲစဥ္ေပါင္း ၃၂၀၀ေက်ာ္ ကစားခဲ့ၾကပါတယ္။ ပထမဆု ရရွိခဲ့တဲ့အသင္းကေတာ့ ဗီယက္နမ္ေဒါင္ ၁၀၀ မီလီယံ ( အေမရိကန္ေဒၚလာ ၄၃၀၀ ) ရရွိခဲ့ျပီး ယခုလို ဂႏၱ၀င္ေဘာလံုးသမားၾကီးေတြနဲ့ ခ်စ္ၾကည္ေရးေဘာလံုးပြဲကို ကစားခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။

Tiger Street Football 2019 ၾကည့္ရွဳရန္

ေဘာလံုးပြဲစဥ္ဟာ ၄၅ မိနစ္ တြင္ စတင္ပါလိမ့္မယ္။ အေရွံမွာ စကားေျပာတာေတြ မ်ားပါတယ္။

Unicode

ဖာဒီနန် ၊ ပတ်ဂျီဆန် အပါအဝင် ကမ္ဘာကျော်ဘောလုံးသမား ၅ ဦး ဟာ ဗီယက်နမ် နိုင်ငံ မှာ ကျင်းပမယ့် Tiger Street Football 2019 ပွဲမှာ ပြိုင်ပွဲမစတင်ခင် ပရိတ်သတ်များနှင့်တွေ့ဆုံပြီး အဖွင့်ပွဲစဉ် အဖြစ် ဗီယက်နမ်လက်ရွေးစင်ဂိုးသမား Dang Van Lam နှင့်အတူ ပူးပေါင်း၍ ချစ်ကြည်ရေးပွဲ ကစားကြမယ်လို့သိရပါတယ်။

ဖာဒီနန်အနေဖြင့် ၎င်းရဲ့ ပရိတ်သတ်များနှင့် နေ့လည် ၁၂နာရီမှ ၁နာရီအထိတွေ့ဆုံခဲ့ပြီး အာရှရဲ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ ပက်ဂျီဆန် ကတော့ ၁၀နာရီမှ ၁၁ နာရီအထိ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ပက်ဂျီဆန်ဟာ အာရှတိုက်ရဲ့ ပထမဆုံး ဥရောပချန်ပီယံလိဂ်ဖလား ကိုင်မြှောက်ဖူးတဲ့ ယူနိုက်တတ် ကစားသမားတစ်ဦးဖြစ်ပြီး ယနေ့တနင်္ဂနွေ နေ့မှာ ၎င်းရဲ့ ပရိတ်သတ်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ ချစ်ကြည်ရေး ဖူဆယ်ပြိုင်ပွဲကတော့ ညနေ ၆နာရီမှာ စတင်ခဲ့တာဖြစ်ပြီး Tiger Street Football Tournament ဟာ လွန်ခဲ့တဲ့ ၂ လ ကျော်ကတည်းကစတင်ကျင်းပလာခဲ့တာဖြစ်ပြီး ဗီယက်နမ် မှ အသင်းပေါင်း ၁၂၈၀ သင်း ပါဝင်ယှဉ်ပြိုင်ပြီး မြို့ပေါင်း ၂၀ မှာ ပွဲစဉ်ပေါင်း ၃၂၀၀ကျော် ကစားခဲ့ကြပါတယ်။ ပထမဆု ရရှိခဲ့တဲ့အသင်းကတော့ ဗီယက်နမ်ဒေါင် ၁၀၀ မီလီယံ ( အမေရိကန်ဒေါ်လာ ၄၃၀၀ ) ရရှိခဲ့ပြီး ယခုလို ဂန္တဝင်ဘောလုံးသမားကြီးတွေနဲ့ ချစ်ကြည်ရေးဘောလုံးပွဲကို ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

Tiger Street Football 2019 ကြည့်ရှုရန်

ဘောလုံးပွဲစဉ်ဟာ ၄၅ မိနစ် တွင် စတင်ပါလိမ့်မယ်။ အရှေံမှာ စကားပြောတာတွေ များပါတယ်။

Share this to Facebook

Leave a Reply

Your email address will not be published. Required fields are marked *