fbpx
ညပိုင်းသတင်းတိုများ ( 23/6/2019 )
Zawgyi
Unicode
ရီးရဲယ်ဇာရာဂိုဇာ အသင်း ရဲ့ အသက် ၁၆ နှစ်အရွယ် စပိန် လူငယ် ကစားသမား Mateo Mejia ကို ပြောင်းရွေ့ကြေး ယူရို ၆ သိန်း ဖြင့် ခေါ်ယူတော့မယ်လို့သိရပါတယ်။ တောင်ပံကစားသမား ဖြစ်သူ Mateo Mejia ကို အခြားအသင်းများထက် ဦးစွာ ယူနိုက်တတ် ဟာ အရ ခေါ်ယူခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ Mateo Mejia ဟာ လောလောဆယ်တော့ လူငယ်အသင်းတွင် စတင် ကစားရအုန်းမယ်လို့သိရပြီး ဆိုးလ်ရှား အ နေနဲ့တော့အဆိုပါ ငယ်ရွယ်ပြီး ပါရမီရှိတဲ့ ကစားသမားကို အသင်းရဲ့ရေရှည် စီမံကိန်းအတွက် ခေါ်ယူခဲ့တာဖြစ်တယ်လို့လည်း The Sunက ပြောထားပါတယ်။
မန်ချက်စတာယူနိုက်တတ် နည်းပြ ဆိုးလ်ရှားဟာ အသင်း စီအီးအို အက်ဝုဝပ် ကို ကစားသမား အသစ်များ ခေါ်ယူရန် ပြင်ဆင်နေမှုများကို အမြန်ဆုံးဆောင်ရွက်ရန် ပြောကြားလိုက်ပါတယ်။ မန်နေဂျာဆိုးလ်ရှားကတော့ ကစားသမားအသစ်များကို ဇူလိုင်၁ ရက်နေ့နောက်ဆုံးထားပြီး ခေါ်ယူပေးရန် ပြောဆိုထားပြီး ယခုချိန်မှာတော့ ဒန်နီရယ်ဂျိန်းစ် တစ်ယောက်သာ ရောက်ရှိနေတာဖြစ်တာကြောင့် ကစားသမားသစ်များ အမြန်ဆုံးခေါ်ယူရန် ပြောကြားလိုက်တာဖြစ်ပါတယ်။ဘရူနိုဖာနန်ဒက်စ် ရဲ့ အေးဂျင့် ဖြစ်သူက စပို့တင်း အသင်းကို ယူနိုက်တတ် သာမက တော့တမ်ဟမ်ဟော့စပါး အသင်းကပါ ၎င်းရဲ့ ကစားသမားကို ယူရိုသန်း၇၀ ဖြင့်ကမ်းလှမ်းထားခြင်း မရှိသေးကြောင်းပြောကြားခဲ့ပါတယ်။ စပို့တင်း နှင့် ဘရူနို ရဲ့ အေးဂျင့်ကတော့ အဆိုပါ ကစားသမားရဲ့ အပြောင်းအရွေ့ကို အမြန်ဆုံး အဆုံးသတ်ချင်နေပြီး သိပ်မကြာခင်အတောအတွင်း အင်္ဂလန်သို့တစ်ခေါက်လာအုန်းမယ်လို့ဆိုပါတယ်။
လိုင်လီအသင်း ရဲ့ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး နစ်ကိုးလပ် ပီပီ ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွေ့ မှာ အသင်းကြီးတော်တော်များများ က ခေါ်ယူရန်ပစ်မှတ်ထားနေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တတ် ၊ လီဗာပူးလ် ၊ အာဆင်နယ်၊ အင်တာမီလန် ၊ အက်သလက်တီကို နှင့် ဘိုင်ယန်မြူးနစ် အစရှိတဲ့ အင်အားကြီး ဥရောပအသင်းများအပြင် ပြင်သစ်လီဂူးဝမ်း မှာ PSG လည်း ပါဝင်တယ်လို့သိရပါတယ်။
Share this to Facebook
Leave a Reply
Your email address will not be published. Required fields are marked *